လားရှိုးမြို့ Gold Luck Water Park မှ လုပ်အားခအပြည့်မရသည့် လုပ်သားများက အလုပ်ရှင်အား ဆန္ဒပြတောင်းဆို

လားရှိုးမြို့ Gold Luck Water Park မှ လုပ်အားခအပြည့်မရသည့် လုပ်သားများက အလုပ်ရှင်အား ဆန္ဒပြတောင်းဆို
ဇူလိုင် 30, 2019
By 🌸
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၁) ရပ်ကွက်ရှိ Gold Luck Water Park အားကစားကွင်းမှ ဆေးသုတ်လုပ်သားများက (၁၀)လဝန်းကျင်ကြာသည်အထိ လုပ်ခလစာအပြည့်မရသဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် လုပ်ငန်းရှင်အား ဆန္ဒပြတောင်းဆိုနေကြသည်။

" ကျွန်တော်တို့ လုပ်အားခတွေ အမှန်တကယ်မရရှိလို့ ဆန္ဒဖေါ်ထုတ်ရခြင်းဖြစ်ပါတယ်။ တစ်ချို့ဟာတွေက စာချုပ်တွေနဲ့ အလုပ်လုပ်တယ်။ တစ်ချို့အလုပ်တွေက စာချုပ်မပါဘဲ လုပ်ရတာတွေရှိတယ်။ အခု လုပ်အားခ မရရှိသေးတာက စာချုပ်မချုပ်ဘဲခိုင်းတဲ့အလုပ်တွေက လုပ်အားခတွေ မရသေးတာဖြစ်ပါတယ် " ဟု ဆေးသုတ်လုပ်သားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုယောဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးသုတ်လုပ်သား (၁၅)ဦးက အဆိုပါကစားကွင်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့မှ စတင်အလုပ်လုပ်ခဲ့သည့် လုပ်အားခ ကျပ် (၁၃၄)သိန်းအား ရှင်းပေးရန် လုပ်ငန်းရှင်ဖြစ်သူ ဦးရဲနိုင်အား ဆန္ဒထုတ်ဖေါ်ကြသည်ကို တွေ့ရသည်။

ဆန္ဒထုတ်ဖေါ်သည့်လုပ်သားများက လားရှိုးမြို့ ဘူတာလမ်းနှင့်​ ဘူတာလမ်းဆုံမှ မြို့​တော်​ခန်းမထိ နံနက်​ (၁၀) နာရီမှ (၁၀) နာရီ (၄၅) အထိ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။

အဆိုပါလုပ်သားများက လုပ်အားခများမရရှိခြင်းနှင့်ပတ်သက်၍ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(ခရိုင်ရုံး)လားရှိုးသို့ ဇူလိုင်လ (၂၂)ရက်နေ့က သွားရောက်တိုင်ကြားခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနသို့ သွားရောက် တိုင်ကြားရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရှိ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးကော်မတီက အလုပ်သမားများ၏တိုင်ကြားမှုကို လက်ခံထားပြီး နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနှိုင်းပေးမည်ဟု ပြောကြားထားကြောင်း သိရသည်။

အလုပ်ရှင်ဖြစ်သူက အလုပ်သမားများကို ၄င်း၏ရုံးခန်းတွင်လာရောက်ဖြေရှင်းရန် သတင်းစာမှတစ်ဆင့် ကြေညာထားသော်လည်း DVB  သတင်းထောက်ခွန်ဇော်ဦးအား ဦးရဲနိုင်က အင်တာဗျူးပေးမည်ဟုဆိုကာ ရုံးခန်းခေါ်ပြီး လိုင်စင်မဲ့ကားစီးနင်းမှုဖြင့် ရဲထံတိုင်ကြားအမှုဖွင့်ထားသဖြင့် အလုပ်သမားများက အလုပ်ရှင်ရုံးခန်းသို့ သွားရန်စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအလုပ်သမားများ လုပ်အားခအပြည့်မရသည့်ကိစ္စနှင့်ပတ်သက်၍ သတင်းရယူသည့် DVB သတင်းထောက်ခွန်ဇော်ဦးနှင့် လုပ်ငန်းရှင် ဦးရဲနိုင်တို့ ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားသည့်အပြင် မြန်မာသတင်းမီဒီယာကောင်စီတွင်လည်း အပြန်အလှန်တိုင်ကြားထားကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့ Gold Luck Water Park မွ လုပ်အားခအျပည့်မရသည့် လုပ်သားမ်ားက အလုပ်ရွင်အား ဆန္ဒျပေတာင်းဆို
***********
ရွမ်ျးပည္နယ် (ျေမာက္ပိုင်း) လားရှိုးမြို့ အမွတ်(၁၁) ရပ္ကြက်ရွိ Gold Luck Water Park အားကစားကြင်းမွ ဆေးသုတ္လုပ်သားမ်ားက (၁၀)လဝန်းက်င်ကြာသည်အထိ လုပ္ခလစာအျပည့်မရသျဖင့် ၂၀၁၉ ခုနွစ်၊ ဇူလိုင္လ (၃၀)ရက်နေ့ နံနက္ပိုင်းတြင် လုပ်ငန်းရွင်အား ဆန္ဒျပေတာင်းဆိုနေကြသည်။

" က်န်ြတ္တောို့ လုပ်အားခေတြ အမွန္တကယ္မရရွိလို့ ဆန္ဒဖေါ်ထုတ်ရျခင်ျးဖစ္ပါတယ်။ တစ္ခို့ဟာတြေက စာခ်ုပ်တြေနဲ့ အလုပ္လုပ္တယ်။ တစ္ခို့အလုပ်တြေက စာခ်ုပ္မပါဘဲ လုပ်ရတာတြေရွိတယ်။ အခု လုပ်အားခ မရရွိသေးတာက စာခ်ုပ္မခ်ုပ္ဘဲခိုင်းတဲ့အလုပ်တြေက လုပ်အားခေတြ မရေသးတျာဖစ္ပါတယ် " ဟု ဆေးသုတ္လုပ်သားအဖြဲ့မွ အဖြဲ့ခေါင်းဆောင် ကိုယောဟန္က တာခ်ီလိတ်သတင်းအေဂ်င္စီသို့ျေပာသည်။

ဆေးသုတ္လုပ်သား (၁၅)ဦးက အဆိုပါကစားကြင်းတြင် ၂၀၁၈ ခုနွစ်၊ အောက္တိုဘာလ (၂၀)ရက်နေ့မွ စတင်အလုပ္လုပ္ခဲ့သည့် လုပ်အားခ က်ပ် (၁၃၄)သိန်းအား ရွင်းပေးရန် လုပ်ငန်းရွင်ျဖစ်သူ ဦးရဲနိုင်အား ဆန္ဒထုတ်ဖေါ်ကြသည္ကို တြေ့ရသည်။

ဆန္ဒထုတ်ဖေါ်သည့်လုပ်သားမ်ားက လားရှိုးမြို့ ဘူတာလမ်းနွင့် ဘူတာလမ်းဆုံမွ မြို့တ္ခောန်းမထိ နံနက် (၁၀) နာရီမွ (၁၀) နာရီ (၄၅) အထိ ဆန္ဒထုတ်ဖေါ်ကျြခင်ျးဖစ်သည်။

အဆိုပါလုပ်သားမ်ားက လုပ်အားခမ်ားမရရျွိခင်းနွင့်ပတ်သက်၍ အလုပ်သမားလူဝင္မှုကြီးကြပ်ရေးနွင့်ျပည်သူ့ အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနွင့် အလုပ်သမားဥပေဒစစ်ဆေးရေးဦးစီးဌာန(ခရိုင်ရုံး)လားရှိုးသို့ ဇူလိုင္လ (၂၂)ရက်နေ့က သြားရောက္တိုင်ကြားခဲ့ရာတြင် မြို့နယ်ေအထြေထြအုပ္ခ်ုပ်ရေးဌာနသို့ သြားရောက် တိုင်ကြားရန် လမ်းညွှန္ခဲ့ကြောင်း သိရသည်။

မြို့နယ်ေအထြေထြအုပ္ခ်ုပ်ရေးဌာနရွိ အလုပ်သမားအျငင်းပြားမှျုေဖရွင်းရေးက္မောတီက အလုပ်သမားမ်ား၏တိုင်ကြားမှုကို လက္ခံထားပြီး နွစ်ဦးနွစ္ဖက်တြေ့ဆုံညွိနှိုင်းပေးမည်ဟုျေပာကြားထားကြောင်း သိရသည်။

အလုပ်ရွင်ျဖစ်သူက အလုပ်သမားမ်ားကို ၄င်း၏ရုံးခန်းတြင္လာရောက်ျေဖရွင်းရန် သတင်းစာမွတစ္ဆင့် ကြေညာထားသ္လောည်း DVB သည့် သတင်းထောက္ခြန်ဇော်ဦးအား ဦးရဲနိုင္က အင္တာဗ်ူးပေးမည်ဟုဆိုကာ ရုံးခန်းခေါ်ပြီး လိုင္စင္မဲ့ကားစီးနင်းမျှုဖင့် ရဲထံတိုင်ကြားအမှုဖြင့်ထားသျဖင့် အလုပ်သမားမ်ားက အလုပ်ရွင်ရုံးခန်းသို့ သြားရန္စိုးရိမ်နေကျြခင်ျးဖစ်ကြောင်း သိရသည်။

အဆိုပါအလုပ်သမားမ်ား လုပ်အားခအျပည့်မရသည့်ကိစ္စနွင့်ပတ်သက်၍ သတင်းရယူသည့် DVB သတင်းထောက္ခြန်ဇော်ဦးနွင့် လုပ်ငန်းရွင် ဦးရဲနိုင္တို့ ရဲစခန်းတြင် အျပန်အလွန် အမှုဖြင့်ထားသည့်အျပင်ျမန္မာသတင်းမီဒီယာကောင္စီတြင္လည်း အျပန်အလွန္တိုင်ကြားထားကျြခင်ျးဖစ်သည်။

သတင်း၊ဓါတ္ပုံ #နေဖြိုျးမင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net