က်ပ္သိန္း(၅၀)အထိ အေသးစားေခ်းေငြထုတ္ေပးေနသည့္ Vision Fund Myanmar က တာခ်ီလိတ္ၿမိဳ႕တြင္ ရံုးခြဲဖြင့္လွစ္ လုပ္ငန္းေဆာင္ရြက္မည္

က်ပ္သိန္း(၅၀)အထိ အေသးစားေခ်းေငြထုတ္ေပးေနသည့္ Vision Fund Myanmar က တာခ်ီလိတ္ၿမိဳ႕တြင္ ရံုးခြဲဖြင့္လွစ္ လုပ္ငန္းေဆာင္ရြက္မည္
ဇူလိုင် 13, 2019
By Tachileik News Agency

အေသးစားေခ်းေငြထုတ္ေပးေနသည့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ Vision Fund Myanmar က ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြင္း ရံုးခြဲဖြင့္လွစ္ၿပီး အေသးစားေခ်းေငြလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မတို႔ တာခ်ီလိတ္မွာေတာ့ ေခ်းေငြေတြ ခ်ေပးေနပါၿပီ။ ကၽြန္မတို႔ဆီမွာ ေခ်းေငြယူထားတာက အေယာက္ေပါင္း (၁၅၀၀) ေလာက္ရိွၿပီ။ ကၽြန္မတို႔ရံုးခြဲကို ၾသဂုတ္လမွာ ေျပာင္းေရႊ႕ဖြင့္လွစ္ဖို႔ စီစဥ္ထားပါတယ္။ လက္ရိွ ရံုးခြဲကိုေတာ့ တာေလမွာ ဖြင့္လွစ္ထားေပမဲ့ မိုင္းျဖတ္၊ တာေလ၊ တာခ်ီလိတ္ (၃) ၿမိဳ႕စလံုးမွာ လုပ္ေဆာင္ေနပါတယ္။ တာခ်ီလိတ္မွာေတာ့ အဓိကအမ်ားဆံုးကေတာ့ အေရာင္းအဝယ္ေခ်းေငြေပါ့။ အနည္းဆံုး က်ပ္ (၅) သိန္းကေန အမ်ားဆံုး က်ပ္သိန္း (၅၀) အထိ ခ်ေပးထားပါၿပီ"ဟု Vision Fund Myanmar  တာေလ ရံုးခြဲမန္ေနဂ်ာ ေဒၚလီစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

Vision Fund Myanmar သည္ ခရစ္ယာန္ဖြံ႕ၿဖိဳးေရးႏွင့္ကူညီေရးအဖြဲ႕ျဖစ္သည့္ World Vision ၏ အေသးစားေငြေခ်းလုပ္ငန္းတစ္ခုျဖစ္သည့္ Vision Fund International ၏ ျမန္မာႏုိင္ငံအတြက္ လုပ္ငန္းေဆာင္ရြက္ေနသည့္အဖြဲ႕ ျဖစ္သည္။

အဆိုပါ အဖြဲ႕က အေရာင္းအဝယ္ႏွင့္ စီးပြားေရးေခ်းေငြမ်ားကို အဖြဲ႕လိုက္ (သို႔မဟုတ္) တစ္ဦးခ်င္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းေခ်းေငြမ်ားကို အဖြဲ႕လိုက္ (သို႔မဟုတ္) တစ္ဦးခ်င္း၊ အေသးစား တႏိုင္တပိုင္စိုက္ပ်ိဳးေရးအေထာက္အကူျပဳေခ်းေငြ တစ္ဦးခ်င္း၊ ေၾကြးသစ္လဲျခင္းေခ်းေငြ တစ္ဦးခ်င္း၊ အဆင့္လိုက္သတ္မွတ္ေခ်းေငြ တစ္ဦးခ်င္း၊ ကေလးသူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးေခ်းေငြ၊ အေထာက္အကူျပဳေခ်းေငြ အဖြဲ႕လိုက္၊ အေသးစားအျမန္ေခ်းေငြ တစ္ဦးခ်င္း၊ ေန႔စားအလုပ္သမားေခ်းေငြ အဖြဲ႕လိုက္၊ ပညာေရးေခ်းေငြ အဖြဲ႕လိုက္တို႔ကို ထုတ္ေခ်းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မ တာခ်ီလိတ္မွာ ဝန္ထမ္း (၆) ေယာက္ တာဝန္ခ်ထားတယ္။ လက္ကမ္းေၾကာ္ျငာေတြလည္း ေပးထားတယ္။ သက္ဆိုင္တဲ့သူနဲ႔ ဆက္သြယ္မရဘဲ ရံုးကိုဖုန္းဆက္လာရင္ အဲဒီရပ္ကြက္မွာ တာဝန္က်တဲ့ဆရာမ ဖုန္းနံပါတ္ျပန္ေပးတယ္။ ဆရာမကစုၿပီးေတာ့ အိမ္တိုင္ရာေရာက္သြားတယ္။ လိုအပ္တဲ့စာရြက္စာတမ္းေတြျဖည့္တယ္။ ေခ်းေငြျပန္ခ်ေပးရင္ေတာ့ တာခ်ီလိတ္ၿမိဳ႕မွာ (၂) ေနရာခြဲထားတယ္။ သန္ထမ္းကုန္းဘုန္းႀကီးေက်ာင္းမွာ တစ္ေနရာရယ္၊ ပါလ်ံကဘုန္းႀကီးေက်ာင္းမွာ တစ္ေနရာေပါ့။ အဲဒီ (၂) ေနရာမွာ ေခ်းေငြထုတ္ေပးတယ္။ ေခ်းေငြျပန္ေကာက္ရင္လည္း အဲဒီေက်ာင္း (၂) ေက်ာင္းမွာ ျပန္ေကာက္ပါတယ္"ဟု ေဒၚလီစိုးက ေျပာသည္။

Vision Fund Myanmar တြင္ ေခ်းေငြထုတ္ယူထားသူ ရုတ္တရက္ကြယ္လြန္သြားပါက လက္က်န္ အေၾကြးအားလံုးကို စာရင္းမွပယ္ဖ်က္ေပးၿပီး ေခ်းေငြထုတ္ယူထားသူကိုယ္တိုင္ ကြယ္လြန္ခဲ့ပါက လူမႈေရးကူညီေငြ (၅၀၀၀၀) က်ပ္၊ ေခ်းေငြထုတ္ယူထားသူ၏ ဇနီး၊ ခင္ပြန္း ကြယ္လြန္ပါက လူမႈေရးကူညီေငြ (၅၀၀၀၀) က်ပ္ႏွင့္ ေခ်းေငြထုတ္ယူထားသူ၏ သား၊ သမီး ကြယ္လြန္ပါက လူမႈေရးကူညီေငြ (၄၀၀၀၀) က်ပ္တို႔ကို ကူညီေထာက္ပံ့ေပးေၾကာင္း သိရသည္။

ေခ်းေငြရယူလိုသူမ်ားအေနျဖင့္ Vision Fund Myanmar ၏ဖုန္းနံပါတ္မ်ားျဖစ္သည့္ ၀၉-၄၅၀၈၀၀၂၈၀၊  ၀၉-၅၄၀၃၄၆၁ တို႔ကို ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အသေးစားချေးငွေထုတ်ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Vision Fund Myanmar က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ရုံးခွဲဖွင့်လှစ်ပြီး အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ တာချီလိတ်မှာတော့ ချေးငွေတွေ ချပေးနေပါပြီ။ ကျွန်မတို့ဆီမှာ ချေးငွေယူထားတာက အယောက်ပေါင်း (၁၅၀၀) လောက်ရှိပြီ။ ကျွန်မတို့ရုံးခွဲကို သြဂုတ်လမှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိ ရုံးခွဲကိုတော့ တာလေမှာ ဖွင့်လှစ်ထားပေမဲ့ မိုင်းဖြတ်၊ တာလေ၊ တာချီလိတ် (၃) မြို့စလုံးမှာ လုပ်ဆောင်နေပါတယ်။ တာချီလိတ်မှာတော့ အဓိကအများဆုံးကတော့ အရောင်းအဝယ်ချေးငွေပေါ့။ အနည်းဆုံး ကျပ် (၅) သိန်းကနေ အများဆုံး ကျပ်သိန်း (၅၀) အထိ ချပေးထားပါပြီ"ဟု Vision Fund Myanmar တာလေ ရုံးခွဲမန်နေဂျာ ဒေါ်လီစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Vision Fund Myanmar သည် ခရစ်ယာန်ဖွံ့ဖြိုးရေးနှင့်ကူညီရေးအဖွဲ့ဖြစ်သည့် World Vision၏ အသေးစားငွေချေးလုပ်ငန်းတစ်ခုဖြစ်သည့် Vision Fund International၏ မြန်မာနိုင်ငံအတွက် လုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့ ဖြစ်သည်။

အဆိုပါ အဖွဲ့က အရောင်းအဝယ်နှင့် စီးပွားရေးချေးငွေများကို အဖွဲ့လိုက် (သို့မဟုတ်) တစ်ဦးချင်း၊ စိုက်ပျိုးရေးလုပ်ငန်းချေးငွေများကို အဖွဲ့လိုက် (သို့မဟုတ်) တစ်ဦးချင်း၊ အသေးစား တနိုင်တပိုင်စိုက်ပျိုးရေးအထောက်အကူပြုချေးငွေ တစ်ဦးချင်း၊ ကြွေးသစ်လဲခြင်းချေးငွေ တစ်ဦးချင်း၊ အဆင့်လိုက်သတ်မှတ်ချေးငွေ တစ်ဦးချင်း၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးချေးငွေ၊ အထောက်အကူပြုချေးငွေ အဖွဲ့လိုက်၊ အသေးစားအမြန်ချေးငွေ တစ်ဦးချင်း၊ နေ့စားအလုပ်သမားချေးငွေ အဖွဲ့လိုက်၊ ပညာရေးချေးငွေ အဖွဲ့လိုက်တို့ကို ထုတ်ချေးပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မ တာချီလိတ်မှာ ဝန်ထမ်း (၆) ယောက် တာဝန်ချထားတယ်။ လက်ကမ်းကြော်ငြာတွေလည်း ပေးထားတယ်။ သက်ဆိုင်တဲ့သူနဲ့ ဆက်သွယ်မရဘဲ ရုံးကိုဖုန်းဆက်လာရင် အဲဒီရပ်ကွက်မှာ တာဝန်ကျတဲ့ဆရာမ ဖုန်းနံပါတ်ပြန်ပေးတယ်။ ဆရာမကစုပြီးတော့ အိမ်တိုင်ရာရောက်သွားတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွဖြေည့်တယ်။ ချေးငွပြေန်ချပေးရင်တော့ တာချီလိတ်မြို့မှာ (၂) နေရာခွဲထားတယ်။ သန်ထမ်းကုန်းဘုန်းကြီးကျောင်းမှာ တစ်နေရာရယ်၊ ပါလျံကဘုန်းကြီးကျောင်းမှာ တစ်နေရာပေါ့။ အဲဒီ (၂) နေရာမှာ ချေးငွေထုတ်ပေးတယ်။ ချေးငွပြေန်ကောက်ရင်လည်း အဲဒီကျောင်း (၂) ကျောင်းမှာ ပြန်ကောက်ပါတယ်"ဟု ဒေါ်လီစိုးက ပြောသည်။

Vision Fund Myanmar တွင် ချေးငွေထုတ်ယူထားသူ ရုတ်တရက်ကွယ်လွန်သွားပါက လက်ကျန် အကြွေးအားလုံးကို စာရင်းမှပယ်ဖျက်ပေးပြီး ချေးငွေထုတ်ယူထားသူကိုယ်တိုင် ကွယ်လွန်ခဲ့ပါက လူမှုရေးကူညီငွေ (၅၀၀၀၀) ကျပ်၊ ချေးငွေထုတ်ယူထားသူ၏ ဇနီး၊ ခင်ပွန်း ကွယ်လွန်ပါက လူမှုရေးကူညီငွေ (၅၀၀၀၀) ကျပ်နှင့် ချေးငွေထုတ်ယူထားသူ၏ သား၊ သမီး ကွယ်လွန်ပါက လူမှုရေးကူညီငွေ (၄၀၀၀၀) ကျပ်တို့ကို ကူညီထောက်ပံ့ပေးကြောင်း သိရသည်။

ချေးငွေရယူလိုသူများအနဖြေင့် Vision Fund Myanmar၏ဖုန်းနံပါတ်များဖြစ်သည့် ဝ၉-၄၅၀၈၀၀၂၈၀၊ ဝ၉-၅၄၀၃၄၆၁ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net