ေနာင္ခ်ိဳအနီး ျပည္ေထာင္စုလမ္းမႀကီးေဘး နားေနေဆာင္အမွတ္ (၃)တြင္ လူငယ္တစ္စုက Food Box စတင္ထားရိွ

ေနာင္ခ်ိဳအနီး ျပည္ေထာင္စုလမ္းမႀကီးေဘး နားေနေဆာင္အမွတ္ (၃)တြင္ လူငယ္တစ္စုက Food Box စတင္ထားရိွ
ဇူလိုင် 3, 2019
By Tachileik News Agency

အစားအေသာက္လိုအပ္သူမ်ား အခမဲ့ယူေဆာင္စားသံုးႏုိင္မည့္ Food Box ထားရိွမႈမ်ားေဆာင္ရြက္လာၾကရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲ - ေနာင္ခ်ဳိသြားလမ္း ေနာင္ခ်ိဳၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚ ဂုတ္တြင္းလမ္း အေကြ႔နံပါတ္ (၆) အနီး နားေနေဆာင္ အမွတ္ (၃) တြင္ ေနာင္ခ်ိဳၿမိဳ႕မွ လူငယ္တစ္စုက ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁)ရက္ေန႔တြင္ Food Box ထားရိွျခင္းကို စတင္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

"အဓိက ရည္ရြယ္ခ်က္ေတာ့ ေနာင္ခ်ဳိက ယာဥ္မေတာ္မဆ ပိတ္တာအျမဲျဖစ္တယ္။ အခုကၽြန္ေတာ္ Food Box ထားတဲ့ေနရာေလးက ေကြ႔ (၆) ကနည္းနည္းလွမ္းတယ္။ အေပၚတက္မယ္ဆိုရင္လည္း ေစ်းဆိုင္ေတြနဲ႔က နည္းနည္းလွမ္းတယ္။ ေအာက္ဆိုရင္လည္း ေစ်းဆိုင္ေတြနဲ႔လွမ္းတယ္။ ကားပိတ္ခ်ိန္က်ရင္ အနည္းဆုံး သုံးနာရီ၊ ေလးနာေလာက္ၾကာတယ္။ အဲဒီၾကားထဲမွာ ေမွာင္ခ်င္လည္း ေမွာင္သြားမယ္။ အဲဒီလွမ္းတဲ့ေနရာေလးမွာပိတ္မိေနရင္ အေပၚတက္ဖို႔လည္း အဆင္မေျပ။ ေအာက္ဆင္းဝယ္ရေအာင္လည္း အဆင္မေျပဘူး။ အခုလို Food Box ေလးကို ကၽြန္ေတာ္စီစဥ္ထားေပးေတာ့ ဆာေလာင္ေနတဲ့ ခရီးသြားျပည္သူမ်ားနဲ႔ ရန္ကုန္ - မန္းေလး - မူဆယ္ ကုန္ကားႀကီးေမာင္းေနတဲ့ကားဆရာေတြလည္း ခဏတာ ဆာေလာင္မႈကိုကူညီေပးႏိုင္တယ္ ေတြးမိတဲ့သူငယ္ခ်င္းေတြစုပီး အေကာင္ထည္ေဖာ္ခဲ့တာပါ" ဟု ေနာင္ခ်ိဳ Food Box အား လုပ္ေဆာင္ေပးခဲ့သည့္အဖြဲ႔မွ ကိုစိုင္းလင္းလင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳ Food Box ဟု အမည္ေပးထားၿပီး "လိုေနလွ်င္ယူသြား၊ ပိုေနလွ်င္ လွဴသြား" ၊ " အေလအလြင့္မျဖစ္ စည္းစနစ္ကို ဒို႔ေတြခတ္မွာ က်င့္သံုးစို႔" စသည့္ ေဆာင္ပုဒ္မ်ားလည္း တပ္ဆင္ထားသည္ကို ေတြ႔ရသည္။

"ေနာင္ခ်ိဳၿမိဳ႕ေပၚက လူငယ္အဖြဲ႔တစ္ဖြဲ႔က လာၿပီးထားေပးထားတာပါ။ ဂုတ္တြင္းလမ္းပိုင္းမွာ ျဖတ္သန္းသြားလာရင္း လိုအပ္ေနသူေတြအတြက္ အေထာက္အပံ့တစ္ခုျဖစ္ေစတာေၾကာင့္ အဲဒီလိုလာထားေပးတာကို ႀကိဳဆိုပါတယ္။ ေနာက္ထပ္လာထားမယ့္သူေတြရွိရင္လည္း ႀကိဳဆိုပါတယ္ " ဟု ဂုတ္တြင္းလမ္းပိုင္းအား တာဝန္ယူထားသည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက ေျပာသည္။

ဂုတ္တြင္းလမ္းပိုင္းတြင္ Food Box မ်ား ထပ္မံထားရွိလိုသူမ်ားအေနျဖင့္ ဂုတ္တြင္းလမ္း ေနာင္ခ်ိဳဘက္အျခမ္းရွိ View Point ေနရာ၊ ယာဥ္ထိန္းမ်ား နားေနေဆာင္အနီးႏွင့္ ေက်ာက္မဲဘက္အျခမ္းရွိ View Point ေနရာမ်ားအနီးတြင္ ထားရိွသင့္သည္ဟု Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြကဆိုသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - စိုင္းလင္းလင္းဦး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အစားအသောက်လိုအပ်သူများ အခမဲ့ယူဆောင်စားသုံးနိုင်မည့် Food Box ထားရှိမှုများဆောင်ရွက်လာကြရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ - နောင်ချိုသွားလမ်း နောင်ချိုမြို့ ပြည်ထောင်စုလမ်းမကြီးပေါ် ဂုတ်တွင်းလမ်း အကွေ့နံပါတ် (၆) အနီး နားနေဆောင် အမှတ် (၃) တွင် နောင်ချိုမြို့မှ လူငယ်တစ်စုက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် Food Box ထားရှိခြင်းကို စတင်ဆောင်ရွက်ထားကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်တော့ နောင်ချိုက ယာဉ်မတော်မဆ ပိတ်တာအမြဲဖြစ်တယ်။ အခုကျွန်တော် Food Box ထားတဲ့နေရာလေးက ကွေ့ (၆) ကနည်းနည်းလှမ်းတယ်။ အပေါ်တက်မယ်ဆိုရင်လည်း ဈေးဆိုင်တွေနဲ့က နည်းနည်းလှမ်းတယ်။ အောက်ဆိုရင်လည်း ဈေးဆိုင်တွေနဲ့လှမ်းတယ်။ ကားပိတ်ချိန်ကျရင် အနည်းဆုံး သုံးနာရီ၊ လေးနာလောက်ကြာတယ်။ အဲဒီကြားထဲမှာ မှောင်ချင်လည်း မှောင်သွားမယ်။ အဲဒီလှမ်းတဲ့နေရာလေးမှာပိတ်မိနေရင် အပေါ်တက်ဖို့လည်း အဆင်မပြေ။ အောက်ဆင်းဝယ်ရအောင်လည်း အဆင်မပြေဘူး။ အခုလို Food Box လေးကို ကျွန်တော်စီစဉ်ထားပေးတော့ ဆာလောင်နေတဲ့ ခရီးသွားပြည်သူများနဲ့ ရန်ကုန် - မန်းလေး - မူဆယ် ကုန်ကားကြီးမောင်းနေတဲ့ကားဆရာတွေလည်း ခဏတာ ဆာလောင်မှုကိုကူညီပေးနိုင်တယ် တွေးမိတဲ့သူငယ်ချင်းတွေစုပီး အကောင်ထည်ဖော်ခဲ့တာပါ" ဟု နောင်ချို Food Box အား လုပ်ဆောင်ပေးခဲ့သည့်အဖွဲ့မှ ကိုစိုင်းလင်းလင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချို Food Box ဟု အမည်ပေးထားပြီး "လိုနေလျှင်ယူသွား၊ ပိုနေလျှင် လှူသွား"၊ " အလေအလွင့်မဖြစ် စည်းစနစ်ကို ဒို့တွေခတ်မှာ ကျင့်သုံးစို့" စသည့် ဆောင်ပုဒ်များလည်း တပ်ဆင်ထားသည်ကို တွေ့ရသည်။

"နောင်ချိုမြို့ပေါ်က လူငယ်အဖွဲ့တစ်ဖွဲ့က လာပြီးထားပေးထားတာပါ။ ဂုတ်တွင်းလမ်းပိုင်းမှာ ဖြတ်သန်းသွားလာရင်း လိုအပ်နေသူတွေအတွက် အထောက်အပံ့တစ်ခုဖြစ်စေတာကြောင့် အဲဒီလိုလာထားပေးတာကို ကြိုဆိုပါတယ်။ နောက်ထပ်လာထားမယ့်သူတွေရှိရင်လည်း ကြိုဆိုပါတယ် " ဟု ဂုတ်တွင်းလမ်းပိုင်းအား တာဝန်ယူထားသည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းတွင် Food Box များ ထပ်မံထားရှိလိုသူများအနဖြေင့် ဂုတ်တွင်းလမ်း နောင်ချိုဘက်အခြမ်းရှိ View Point နေရာ၊ ယာဉ်ထိန်းများ နားနေဆောင်အနီးနှင့် ကျောက်မဲဘက်အခြမ်းရှိ View Point နေရာများအနီးတွင် ထားရှိသင့်သည်ဟု Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေကဆိုသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စိုင်းလင်းလင်းဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net