ဖိလစ်ပိုင်ဈေးကွက်အတွင်း AUGMENTIN 457 (Co-Amoxiclav) ဆေးဝါးအတု ရောက်ရှိနေကြောင်း မြန်မာ FDA သတင်းထုတ်ပြန်ထား

ဖိလစ်ပိုင်ဈေးကွက်အတွင်း AUGMENTIN 457 (Co-Amoxiclav) ဆေးဝါးအတု ရောက်ရှိနေကြောင်း မြန်မာ FDA သတင်းထုတ်ပြန်ထား
ဇူလိုင် 1, 2019
By Tachileik News Agency

အဆိုပါ ဆေးဝါးအတုတွင် ထုတ်လုပ်သူနေရာ၌  SmithKline Beecham Phamaceuticals, UK ဟု ဖေါ်ပြထားပြီး ဆေးဝါးသက်တမ်းကုန်ဆုံးရက်ကို -, Dec, 2020 ၊ Batch no – 217883A ဟုဖေါ်ပြထားသည်ကိုတွေ့ရပြီး ဆေးဝါးကုမ္ပဏီအနေဖြင့် အဆိုပါ Batch no ကို ထုတ်လုပ်ထားခြင်းမရှိကြောင်း အတည်ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ အများပြည်သူများနှင့် ဆေးဝါးနှင့်သက်ဆိုင်သူများအနေဖြင့် ဆေးဝါးအတုအား သတိထားရှောင်ရှားကြရန် မြန်မာ FDA က ထုတ်ပြန်ကြေညာထားသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖိလစ်ပိုင်နိုင်ငံ FDA က AUGMENTIN 457 (Co-Amoxiclav) Suspension အမည်ဖြင့် ဆေးဝါးတုကို ဈေးကွက်အတွင်းတွေ့ရှိရသဖြင့် ဖမ်းဆီးမှုများပြုလုပ်နေရကြောင်း နှင့် ASEAN Post-marketing Alert System အသုံးပြု၍ အသိပေးထားကြောင်း မြန်မာ FDA က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆေးဝါးအတုတွင် ထုတ်လုပ်သူနေရာ၌ SmithKline Beecham Phamaceuticals, UK ဟု ဖော်ပြထားပြီး ဆေးဝါးသက်တမ်းကုန်ဆုံးရက်ကို -, Dec, 2020၊ Batch no – 217883A ဟုဖော်ပြထားသည်ကိုတွေ့ရပြီး ဆေးဝါးကုမ္ပဏီအနဖြေင့် အဆိုပါ Batch no ကို ထုတ်လုပ်ထားခြင်းမရှိကြောင်း အတည်ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ အများပြည်သူများနှင့် ဆေးဝါးနှင့်သက်ဆိုင်သူများအနဖြေင့် ဆေးဝါးအတုအား သတိထားရှောင်ရှားကြရန် မြန်မာ FDA က ထုတ်ပြန်ကြေညာထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net