ထုိင္းနိုုင္ငံတြင္ ျမစ္အတြင္းေရဆိုးစြန္႔ထုတ္သည့္ အီသေနာစက္ရံုကို သဘာဝပတ္ဝန္းက်င္ ျပန္လည္ထိန္းသိမ္းေရးအတြက္ ေလ်ာ္ေၾကးေငြ ဘတ္ (၅.၇၈)သန္း ေတာင္းခံထား

ထုိင္းနိုုင္ငံတြင္ ျမစ္အတြင္းေရဆိုးစြန္႔ထုတ္သည့္ အီသေနာစက္ရံုကို သဘာဝပတ္ဝန္းက်င္ ျပန္လည္ထိန္းသိမ္းေရးအတြက္ ေလ်ာ္ေၾကးေငြ ဘတ္ (၅.၇၈)သန္း ေတာင္းခံထား
ဇူလိုင် 11, 2019
By 🌸
ထုိင္းႏိုင္ငံတြင္ ရတ္ခ်ဘူရီအီသေနာကုမၸဏီစက္ရံုက မယ့္ခေလာင္းျမစ္အတြင္း တရားမဝင္ ေရဆိုးစြန္႔ထုတ္မႈေၾကာင့္ ျမစ္အတြင္း ေရသတၱဝါမ်ားေသဆံုးခဲ့ရသျဖင့္ ေလ်ာ္ေၾကးေငြဘတ္ (၅.၇၈)သန္းေပးေဆာင္ရန္ ငါးလုပ္ငန္းႏွင့္ ေရထုညစ္ညမ္းမႈထိန္းခ်ဳပ္ေရးဌာနက ေတာင္းဆိုလုိက္သည္။

ဘူရီေဒသႏွင့္ စမြတ္စခြန္ေဒသမ်ားရိွ မယ့္ခေလာင္းျမစ္အတြင္း ေရသတၱဝါမ်ားေသဆံုးမႈ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္ေန႔မွ (၇)ရက္ေန႔အထိ ျဖစ္ပြားခဲ့ၿပီးောနက္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ အီသေနာစက္ရံုမွ ေရဆိုးစြန္႔ထုတ္မႈမ်ားေၾကာင့္ျဖစ္သည္ကို စစ္ေဆးေတြ႔ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

စက္ရံုအေနျဖင့္ ပတ္ဝန္းက်င္ထိခိုက္ေစမႈကို ေလ်ာ္ေၾကးေပးရန္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၆)ရက္ေန႔က ေတြ႔ဆံုၾကမည္ျဖစ္ၿပီး ညိႇႏိႈင္းေျပလည္ျခင္းမရိွပါက တရားရံုးသို႔ ဆက္လက္တင္ျပမည္ျဖစ္ေၾကာင္း သိရသည္။

ဌာနအေနျဖင့္ ေတာင္းဆိုထားသည့္ ေလ်ာ္ေၾကးမွာ စံုစမ္းစစ္ေဆးမႈအတြက္ သံုးစြဲထားရသည့္ ကုန္က်ေငြႏွင့္ စက္ရံုေၾကာင့္ ပ်က္စီးသြားရသည့္ သဘာဝပတ္ဝန္းက်င္ကို မူလအေျခအေနေရာက္ေစရန္ ျပန္လည္ျပဳျပင္ရမည့္စရိတ္မ်ားျဖစ္သည္ဟု ဆိုထားသည္။

Tachileik News Agency

Ref: The Nation

 

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုုင်ငံတွင် မြစ်အတွင်းရေဆိုးစွန့်ထုတ်သည့် အီသနောစက်ရုံကို သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးအတွက် လျော်ကြေးငွေ ဘတ် (၅.၇၈)သန်း တောင်းခံထား
***************
ထိုင်းနိုင်ငံတွင် ရတ်ချဘူရီအီသနောကုမ္ပဏီစက်ရုံက မယ့်ခလောင်းမြစ်အတွင်း တရားမဝင် ရေဆိုးစွန့်ထုတ်မှုကြောင့် မြစ်အတွင်း ရေသတ္တဝါများသေဆုံးခဲ့ရသဖြင့် လျော်ကြေးငွေဘတ် (၅.၇၈)သန်းပေးဆောင်ရန် ငါးလုပ်ငန်းနှင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက တောင်းဆိုလိုက်သည်။

ဘူရီဒေသနှင့် စမွတ်စခွန်ဒေသများရှိ မယ့်ခလောင်းမြစ်အတွင်း ရေသတ္တဝါများသေဆုံးမှု ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ဖြစ်ပွားခဲ့ပြီးောနက် စစ်ဆေးမှုများလုပ်ဆောင်ရာ အီသနောစက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများကြောင့်ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စက်ရုံအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်စေမှုကို လျော်ကြေးပေးရန် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့က တွေ့ဆုံကြမည်ဖြစ်ပြီး ညှိနှိုင်းပြေလည်ခြင်းမရှိပါက တရားရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ဌာနအနေဖြင့် တောင်းဆိုထားသည့် လျော်ကြေးမှာ စုံစမ်းစစ်ဆေးမှုအတွက် သုံးစွဲထားရသည့် ကုန်ကျငွေနှင့် စက်ရုံကြောင့် ပျက်စီးသွားရသည့် သဘာဝပတ်ဝန်းကျင်ကို မူလအခြေအနေရောက်စေရန် ပြန်လည်ပြုပြင်ရမည့်စရိတ်များဖြစ်သည်ဟု ဆိုထားသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net