ထုိင္းႏုိင္ငံတြင္ အေျခခံပညာေက်ာင္းသားမ်ားအတြက္ ေန႔လယ္စာအသံုးစရိတ္မ်ားကို အလြဲသံုးစားျပဳသည့္ ေက်ာင္းမ်ားစစ္ေဆးေတြ႔ရိွ

ထုိင္းႏုိင္ငံတြင္ အေျခခံပညာေက်ာင္းသားမ်ားအတြက္ ေန႔လယ္စာအသံုးစရိတ္မ်ားကို အလြဲသံုးစားျပဳသည့္ ေက်ာင္းမ်ားစစ္ေဆးေတြ႔ရိွ
ဇူလိုင် 11, 2019
By 🌸
ထုိင္းႏုိင္ငံအတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ ေန႔လယ္စာအသံုးစရိတ္မ်ားကို အလြဲသံုးစားျပဳသည္ကို စစ္ေဆးေတြ႔ရိွရၿပီးေနာက္ ေက်ာင္းေန႔လယ္စာမ်ားအတြက္ အစားအေသာက္ကန္ထရိုက္ရယူသူမ်ားအား ပိုမိုတင္းၾကပ္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားျဖင့္ စာခ်ဳပ္မ်ားျပန္လည္ခ်ဳပ္ဆိုရန္ ျပည္ထဲေရးဝန္ႀကီးဌာနက တုိက္တြန္းလုိက္သည္။

ေက်ာင္းတာဝန္ရိွသူမ်ားအေနျဖင့္ ေက်ာင္းသားမ်ား၏ ေန႔လယ္စာ ပမာဏကိုသာမက အရည္အေသြးကိုပါ တာဝန္ယူမည့္ အစားအေသာက္ကန္ထရိုက္မ်ားကိုသာ ခြင့္ျပဳရန္ အႀကံျပဳထားျခင္းျဖစ္သည္။

ယင္းအျပင္ ေက်ာင္းေန႔လယ္စာမ်ားကို အလ်ဥ္းသင့္သလို စစ္ေဆးျခင္းမ်ားျပဳလုပ္ႏုိင္သည့္ ေဒသဆုိင္ရာအဆင့္ ေကာ္မတီတစ္ရပ္ဖြဲ႕စည္းၿပီး ႀကီးၾကပ္ရန္ႏွင့္ အစားအေသာက္တင္သြင္းသူမ်ားအေနျဖင့္လည္း ေက်ာင္းသားမ်ားအတြက္ ေန႔စဥ္အစားအေသာက္စာရင္းကို ႀကိဳတင္အသိေပးထားျခင္းမ်ား ျပဳလုပ္ၾကရန္လိုအပ္သည္ဟု ဆိုသည္။

ေက်ာငး္ေန႔လယ္စာအသံုးစရိတ္မ်ားကို အလြဲသံုးစားျပဳသူမ်ားအေနျဖင့္ ျပင္းထန္သည့္အေရးယူမႈမ်ားႏွင့္ ရင္ဆုိင္ရမည္ျဖစ္ကာ ထိုင္းႏုိင္ငံတြင္းမွ အေျခခံပညာေက်ာင္းသားမ်ားအတြက္ အခမဲ့ေန႔လယ္စာအစီအစဥ္၏ အေျခအေနႏွင့္ပတ္သက္၍ အစီရင္ခံစာမ်ားကို သက္ဆုိင္ရာေက်ာင္းမ်ားအလုိက္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔ ေနာက္ဆံုးထား၍ သက္ဆုိင္ရာသို႔ တင္ျပၾကရမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ အက်င့္ပ်က္ျခစားမႈတုိက္ဖ်က္ေရးေကာ္မရွင္၏ စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ အခ်ိဳ႕ေက်ာင္းမ်ားက ေက်ာင္းသားမ်ားအတြက္ ေန႔လယ္စာအစီအစဥ္မွ ဘတ္ဂ်က္တစ္ဝက္ကိုသာ သံုးစြဲၿပီး က်န္ဘတ္ဂ်က္မ်ားကို အျခားေနရာတြင္ သံုးစြဲျခင္း၊ အခ်ိဳ႕မွာ မည္သည့္ေနရာတြင္ သံုးစြဲသည္ကို ျပသႏုိင္မႈမရိွျခင္း၊ အခ်ိဳ႕ေက်ာင္းမ်ားက ေန႔လယ္စာအစီအစဥ္အတြက္ မပါဝင္သည့္ အတန္းမ်ားႏွင့္ ဆရာ၊ဆရာမမ်ားအတြက္ပါ ခြဲေဝသံုးစြဲျခင္းမ်ားကို ေတြ႔ရိွထားရေၾကာင္း သိရသည္။

Tachileik News Agency

Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းသားများအတွက် နေ့လယ်စာအသုံးစရိတ်များကို အလွဲသုံးစားပြုသည့် ကျောင်းများစစ်ဆေးတွေ့ရှိ
********************
ထိုင်းနိုင်ငံအတွင်း အခြေခံပညာကျောင်းများတွင် နေ့လယ်စာအသုံးစရိတ်များကို အလွဲသုံးစားပြုသည်ကို စစ်ဆေးတွေ့ရှိရပြီးနောက် ကျောင်းနေ့လယ်စာများအတွက် အစားအသောက်ကန်ထရိုက်ရယူသူများအား ပိုမိုတင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် စာချုပ်များပြန်လည်ချုပ်ဆိုရန် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။

ကျောင်းတာဝန်ရှိသူများအနေဖြင့် ကျောင်းသားများ၏ နေ့လယ်စာ ပမာဏကိုသာမက အရည်အသွေးကိုပါ တာဝန်ယူမည့် အစားအသောက်ကန်ထရိုက်များကိုသာ ခွင့်ပြုရန် အကြံပြုထားခြင်းဖြစ်သည်။

ယင်းအပြင် ကျောင်းနေ့လယ်စာများကို အလျဉ်းသင့်သလို စစ်ဆေးခြင်းများပြုလုပ်နိုင်သည့် ဒေသဆိုင်ရာအဆင့် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ကြီးကြပ်ရန်နှင့် အစားအသောက်တင်သွင်းသူများအနေဖြင့်လည်း ကျောင်းသားများအတွက် နေ့စဉ်အစားအသောက်စာရင်းကို ကြိုတင်အသိပေးထားခြင်းများ ပြုလုပ်ကြရန်လိုအပ်သည်ဟု ဆိုသည်။

ကျောငး်နေ့လယ်စာအသုံးစရိတ်များကို အလွဲသုံးစားပြုသူများအနေဖြင့် ပြင်းထန်သည့်အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်းမှ အခြေခံပညာကျောင်းသားများအတွက် အခမဲ့နေ့လယ်စာအစီအစဉ်၏ အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာများကို သက်ဆိုင်ရာကျောင်းများအလိုက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာသို့ တင်ပြကြရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အချို့ကျောင်းများက ကျောင်းသားများအတွက် နေ့လယ်စာအစီအစဉ်မှ ဘတ်ဂျက်တစ်ဝက်ကိုသာ သုံးစွဲပြီး ကျန်ဘတ်ဂျက်များကို အခြားနေရာတွင် သုံးစွဲခြင်း၊ အချို့မှာ မည်သည့်နေရာတွင် သုံးစွဲသည်ကို ပြသနိုင်မှုမရှိခြင်း၊ အချို့ကျောင်းများက နေ့လယ်စာအစီအစဉ်အတွက် မပါဝင်သည့် အတန်းများနှင့် ဆရာ၊ဆရာမများအတွက်ပါ ခွဲဝေသုံးစွဲခြင်းများကို တွေ့ရှိထားရကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net