နည္းဥပေဒအတည္မျပဳႏုိင္ေသး၍ မူးယစ္ေဆးသံုးစြဲသူမ်ားကို လူမႈေရးျပစ္ဒဏ္ခ်မွတ္ႏိုင္မည့္ဥပေဒ မက်င့္သံုးႏုိင္ေသး

နည္းဥပေဒအတည္မျပဳႏုိင္ေသး၍ မူးယစ္ေဆးသံုးစြဲသူမ်ားကို လူမႈေရးျပစ္ဒဏ္ခ်မွတ္ႏိုင္မည့္ဥပေဒ မက်င့္သံုးႏုိင္ေသး
ဇူလိုင် 30, 2019
By 🌸
မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားကို လူမႈေရးျပစ္ဒဏ္ခ်မွတ္ႏိုင္မည့္ဥပေဒ က်င့္သံုးႏုိင္ေရးအတြက္ ေရးဆြဲထားသည့္ နည္းဥပေဒမူၾကမ္းကို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးထံမွ သေဘာထားမွတ္ခ်က္ေတာင္းခံထားဆဲျဖစ္ေၾကာင္း သိရသည္။

ရပ္ေစာက္မဲဆႏၵနယ္မွ ျပည့္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က မူးယစ္ေဆးဝါးသုံးစြဲသူမ်ား အတြက္ လူမွုေရးျပစ္ဒဏ္ခ်မွတ္သည့္ ျပစ္ဒဏ္ေပးျခင္းကို နိုင္ငံေတာ္အစိုးရအေနျဖင့္ လက္ရွိအခ်ိန္တြင္ လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ျခင္း ရွိ၊ မရွိကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပဥၥမေန႔တြင္ ေမးျမန္းခဲ့ရာ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေျဖၾကားခဲ့ျခင္းျဖစ္သည္။

 ၁၉၉၃ ခုႏွစ္၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒကို ၂၀၁၈ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၄)ရက္ေန႔က ျပင္ဆင္ခဲ့သည့္ဥပေဒအရ ယခင္မူလဥပေဒ ပုဒ္မ ၁၅ တြင္ ျပ႒ာန္းထားသည့္ မူးယစ္ေဆးဝါးသုံးစြဲမွုကို ျပစ္မွုအျဖစ္ သတ္မွတ္ထားျခင္းမွပယ္ဖ်က္၍ မူးယစ္ေဆးဝါးသုံးစြဲမွုကို လူမွုေရးျပစ္ဒဏ္အျဖစ္သာ ခ်မွတ္နိုင္ရန္ ပုဒ္မ ၁၅ အခန္း(၇)(က)တြင္ ျဖည့္စြက္ျပ႒ာန္းခဲ့ျခင္းျဖစ္သည္။

ျပင္ဆင္သည့္ ဥပေဒအရ မူးယစ္ေဆးဝါးသုံးစြဲသူအား လူမွုေရးျပစ္ဒဏ္ခ်မွတ္ရန္ အဆိုပါျပစ္ဒဏ္ ေရးဆြဲေနသည့္ နည္းဥပေဒပုဒ္မ ၉ ပုဒ္မခြဲ(က) မွ (စ)အထိ ျပ႒ာန္းထားျပင္ဆင္ေရးဆြဲခ်က္အရ ေဆးဝါး သုံးစြဲသူတိုင္းကို လူမွုေရးျပစ္ဒဏ္ခ်မွတ္ရန္မဟုတ္ဘဲ ေဆးစစ္ေဆးခံယူရန္ႏွင့္ ေဆးဝါးကုသမွုခံယူရန္ ရဲတပ္ဖြဲ႕ကပို႔ေဆာင္ေပးရမည္ျဖစ္ၿပီး ေဆးဝါးကုသမွုခံယူျခင္းကို ျငင္းဆန္ပ်က္ကြက္ပါက ရဲတပ္ဖြဲ႕က တရားစြဲဆိုၿပီး တရား႐ုံးက ခံဝန္ခ်ဳပ္ခ်ဳပ္ဆိုရန္ခ်မွတ္ရမည္ျဖစ္သည္။

 အဆိုပါ ခံဝန္ခ်ဳပ္ပါစည္းကမ္းခ်က္ေဖာက္ဖ်က္သူကို သက္ဆိုင္ရာျပန္လည္ျပဳစုေရးစခန္း သို႔မဟုတ္ ျပန္လည္ထူေထာင္ေရးစခန္းသို႔ (၆)လ ပို႔အပ္ျခင္း ခံယူရန္၊ ထိုသို႔ပို႔အပ္စဥ္ကာလအတြင္း စခန္းမွထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္မွသာလၽွင္ ၎အား သက္ဆိုင္ရာတရား႐ုံးသို႔ ေလွ်ာက္ထားၿပီး တရား႐ုံးက ပုဒ္မ ၁၅ ပါျပ႒ာန္းခ်က္အတိုင္း လူမွုေရးအက်ိဳးျပဳလုပ္ငန္းမ်ား ႀကီးၾကပ္သူေရွ႕ေမွာက္တြင္ အမိန္႔ခ်ျခင္း၊ ခြဲျခားဆက္ဆံျခင္း သေဘာမသက္ေရာက္သည့္ သတ္မွတ္ထားသည့္ ဝတ္စုံကိုဝတ္ဆင္လ်က္ တစ္ရက္လွ်င္ႏွစ္နာရီျဖင့္ အနည္းဆုံး နာရီ (၂၄၀) မွ အမ်ားဆုံးနာရီ (၃၆၀) အထိ ကိုယ္တိုင္လုပ္အားျဖင့္ အခမဲ့လုပ္ကိုင္ေဆာင္ရြက္ရန္အမိန္႔ခ်မွတ္ရမည္ ျဖစ္သည္။

အဆိုပါဥပေဒကိုက်င့္သံုးႏုိင္ရန္အတြက္ နည္းဥပေဒသစ္ ေရးဆြဲျပ႒ာန္းေရးအတြက္ ၁၉၉၅ ခုႏွစ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ နည္းဥပေဒမ်ားအား ျပင္ဆင္ေရးဆြဲနိုင္ေရးေကာ္မတီကို ဒုတိယရဲခ်ဳပ္ႏွင့္ ရဲဗိုလ္ခ်ဳပ္ေအာင္နိုင္ကို ဥကၠ႒အျဖစ္ (၂၈) ဦးပါ အဖြဲ႕ဖြဲ႕၍ အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္ရန္ ျပည္ထဲေရးဝန္ႀကီးဌာနဝန္ႀကီး႐ုံးက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပင္ဆင္သည့္ဥပေဒကို အေကာင္အထည္ေဖၚႏုိင္မည့္ နည္းဥပေဒအတည္ျပဳျပ႒ာန္းေရး ေဆာင္ရြက္ေနဆဲျဖစ္သျဖင့္ ဥပေဒအရလိုအပ္လာသည့္ အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္းမ်ားကို လုပ္ေဆာင္ျခင္းမရိွေသးေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နည်းဥပဒေအတည်မပြုနိုင်သေး၍ မူးယစ်ဆေးသုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်ချမှတ်နိုင်မည့်ဥပဒေ မကျင့်သုံးနိုင်သေး
**************
မူးယစ်ဆေးဝါးသုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်ချမှတ်နိုင်မည့်ဥပဒေ ကျင့်သုံးနိုင်ရေးအတွက် ရေးဆွဲထားသည့် နည်းဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ သဘောထားမှတ်ချက်တောင်းခံထားဆဲဖြစ်ကြောင်း သိရသည်။

ရပ်စောက်မဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မူးယစ်ဆေးဝါးသုံးစွဲသူများ အတွက် လူမှုရေးပြစ်ဒဏ်ချမှတ်သည့် ပြစ်ဒဏ်ပေးခြင်းကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

 ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့က ပြင်ဆင်ခဲ့သည့်ဥပဒေအရ ယခင်မူလဥပဒေ ပုဒ်မ ၁၅ တွင် ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးသုံးစွဲမှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားခြင်းမှပယ်ဖျက်၍ မူးယစ်ဆေးဝါးသုံးစွဲမှုကို လူမှုရေးပြစ်ဒဏ်အဖြစ်သာ ချမှတ်နိုင်ရန် ပုဒ်မ ၁၅ အခန်း(၇)(က)တွင် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်သည့် ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူအား လူမှုရေးပြစ်ဒဏ်ချမှတ်ရန် အဆိုပါပြစ်ဒဏ် ရေးဆွဲနေသည့် နည်းဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(က) မှ (စ)အထိ ပြဋ္ဌာန်းထားပြင်ဆင်ရေးဆွဲချက်အရ ဆေးဝါး သုံးစွဲသူတိုင်းကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန်မဟုတ်ဘဲ ဆေးစစ်ဆေးခံယူရန်နှင့် ဆေးဝါးကုသမှုခံယူရန် ရဲတပ်ဖွဲ့ကပို့ဆောင်ပေးရမည်ဖြစ်ပြီး ဆေးဝါးကုသမှုခံယူခြင်းကို ငြင်းဆန်ပျက်ကွက်ပါက ရဲတပ်ဖွဲ့က တရားစွဲဆိုပြီး တရားရုံးက ခံဝန်ချုပ်ချုပ်ဆိုရန်ချမှတ်ရမည်ဖြစ်သည်။

 အဆိုပါ ခံဝန်ချုပ်ပါစည်းကမ်းချက်ဖောက်ဖျက်သူကို သက်ဆိုင်ရာပြန်လည်ပြုစုရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ (၆)လ ပို့အပ်ခြင်း ခံယူရန်၊ ထိုသို့ပို့အပ်စဉ်ကာလအတွင်း စခန်းမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်မှသာလျှင် ၎င်းအား သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားပြီး တရားရုံးက ပုဒ်မ ၁၅ ပါပြဋ္ဌာန်းချက်အတိုင်း လူမှုရေးအကျိုးပြုလုပ်ငန်းများ ကြီးကြပ်သူရှေ့မှောက်တွင် အမိန့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက်သည့် သတ်မှတ်ထားသည့် ဝတ်စုံကိုဝတ်ဆင်လျက် တစ်ရက်လျှင်နှစ်နာရီဖြင့် အနည်းဆုံး နာရီ (၂၄၀) မှ အများဆုံးနာရီ (၃၆၀) အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင်ဆောင်ရွက်ရန်အမိန့်ချမှတ်ရမည် ဖြစ်သည်။

အဆိုပါဥပဒေကိုကျင့်သုံးနိုင်ရန်အတွက် နည်းဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရေးအတွက် ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများအား ပြင်ဆင်ရေးဆွဲနိုင်ရေးကော်မတီကို ဒုတိယရဲချုပ်နှင့် ရဲဗိုလ်ချုပ်အောင်နိုင်ကို ဥက္ကဋ္ဌအဖြစ် (၂၈) ဦးပါ အဖွဲ့ဖွဲ့၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဆင်သည့်ဥပဒေကို အကောင်အထည်ဖေါ်နိုင်မည့် နည်းဥပဒေအတည်ပြုပြဋ္ဌာန်းရေး ဆောင်ရွက်နေဆဲဖြစ်သဖြင့် ဥပဒေအရလိုအပ်လာသည့် အဆောက်အဦများ ဆောက်လုပ်ခြင်းများကို လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net