ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဂိုဒေါင်စောင့်(၂)ဦးအား ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းမမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဂိုဒေါင်စောင့်(၂)ဦးအား ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းမမိ
ဇူလိုငျ 21, 2019
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၃၁၅)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် မူဆယ်မြို့နယ်၊ နန့်အွန်ကျေးရွာရှိ ကျောက်တဲ့ယုံ၏ နေအိမ်နှင့်ဂိုထောင်အား ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် အသက်(၃၀)နှစ်အရွယ် ကျောက်တဲ့ယုံအား မတွေ့ရဘဲ အသက် (၄၈)နှစ်အရွယ် တင်ဆွေမြင့်နှင့် ဂိုထောင်မှူးဖြစ်သူ အသက်(၄၆)နှစ်အရွယ် စိုးနိုင်တို့အား တွေ့ရှိရပြီး ဂိုထောင်အတွင်း ရပ်ထားသည့် MDY 9F/×××× Landcruiser ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက် (၃,၁၅၇) ခွက်တွင်ထည့်ထားသည့် ဘိန်းဖြူ (၃၇.၈၈၄) ကီလို၊ ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် WY စိတ်ကြွ ဆေးပြား (၁.၈) သိန်းပြားတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တင်ဆွေမြင့်၊ စိုးနိုင်နှင့် ကျောက်တဲ့ယုံတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း နှင့် ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် အတွင်းရှိ ဂိုဒေါင်တစ်ခုအား မူးယစ်တပ်ဖွဲ့စုနှင့် တပ်မတော်ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁.၈)သိန်းနှင့် ဘိန်းဖြူတို့ကို ဂိုဒေါင်စောင့် (၂)ဦးနှင့်အတူ ဖမ်းမိပြီး ပိုင်ရှင်ကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၃၁၅)ခြမြေန်တပ်ရင်းမှ တပ်မတော်သားများပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် မူဆယ်မြို့နယ်၊ နန့်အွန်ကျေးရွာရှိ ကျောက်တဲ့ယုံ၏ နေအိမ်နှင့်ဂိုထောင်အား ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် အသက်(၃၀)နှစ်အရွယ် ကျောက်တဲ့ယုံအား မတွေ့ရဘဲ အသက် (၄၈)နှစ်အရွယ် တင်ဆွမြေင့်နှင့် ဂိုထောင်မှူးဖြစ်သူ အသက်(၄၆)နှစ်အရွယ် စိုးနိုင်တို့အား တွေ့ရှိရပြီး ဂိုထောင်အတွင်း ရပ်ထားသည့် MDY 9F/×××× Landcruiser ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက် (၃,၁၅၇) ခွက်တွင်ထည့်ထားသည့် ဘိန်းဖြူ (၃၇.၈၈၄) ကီလို၊ ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် WY စိတ်ကြွ ဆေးပြား (၁.၈) သိန်းပြားတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တင်ဆွမြေင့်၊ စိုးနိုင်နှင့် ကျောက်တဲ့ယုံတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း နှင့် ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net