ျမန္မာႏွင့္ ဘီနင္ႏွစ္ႏုိင္ငံၾကား သံအမတ္ႀကီးအဆင့္ သံတမန္အဆက္အသြယ္စတင္

ျမန္မာႏွင့္ ဘီနင္ႏွစ္ႏုိင္ငံၾကား သံအမတ္ႀကီးအဆင့္ သံတမန္အဆက္အသြယ္စတင္
ဇူလိုင် 4, 2019
By 🌸
ျမန္မာႏိုင္ငံႏွင့္ ဘီနင္သမၼတႏိုင္ငံတို႔ၾကား သံအမတ္ႀကီးအဆင့္ သံတမန္အဆက္အသြယ္ စတင္ထူေထာင္လုိက္ရာ ဘီနင္သမၼတႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ (၁၂၂) ႏိုင္ငံေျမာက္ သံတမန္အဆက္အသြယ္ ထူေထာင္သည့္ႏိုင္ငံျဖစ္လာသည္။

ႏွစ္ႏိုင္ငံအၾကား သံအမတ္ႀကီးအဆင့္ျဖင့္ သံတမန္အဆက္အသြယ္ထူေထာင္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂) ရက္ေန႔မွ စတင္လုိက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံႏွင့္ ဘီနင္သမၼတႏိုင္ငံတို႔အၾကား သံတမန္အဆက္အသြယ္ ထူေထာင္သည့္ ပူးတြဲေၾကညာခ်က္ကို ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းႏွင့္ ကုလသမဂၢဆိုင္ရာ ဘီနင္အၿမဲတမ္းကိုယ္စားလွယ္ H.E. Ambassador Jean-Claude Félix do Rego တို႔သည္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂)ရက္ေန႔တြင္ နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံး၌ လက္မွတ္ေရးထိုးခဲ့ၾကသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာနှင့် ဘီနင်နှစ်နိုင်ငံကြား သံအမတ်ကြီးအဆင့် သံတမန်အဆက်အသွယ်စတင်
********
မြန်မာနိုင်ငံနှင့် ဘီနင်သမ္မတနိုင်ငံတို့ကြား သံအမတ်ကြီးအဆင့် သံတမန်အဆက်အသွယ် စတင်ထူထောင်လိုက်ရာ ဘီနင်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၂) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံဖြစ်လာသည်။

နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ စတင်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဘီနင်သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် ကုလသမဂ္ဂဆိုင်ရာ ဘီနင်အမြဲတမ်းကိုယ်စားလှယ် H.E. Ambassador Jean-Claude Félix do Rego တို့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net