ထိုင္းနုိင္ငံတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ ျမင့္တက္လာၿပီး (၅)ႏွစ္တာအတြင္း အမ်ားဆံုးျဖစ္ပြား

ထိုင္းနုိင္ငံတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ ျမင့္တက္လာၿပီး (၅)ႏွစ္တာအတြင္း အမ်ားဆံုးျဖစ္ပြား
ဇူလိုင် 14, 2019
By 🌸
ျမန္မာႏွင့္ အိမ္နီးခ်င္းထုိင္းႏုိင္ငံတြင္ ၂၀၁၉ ခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈမွာ (၅)ႏွစ္တာကာလအတြင္း အျမင့္ဆံုးျဖစ္ေနေၾကာင္း ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက သတင္းထုတ္ျပန္သည္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈမွာ ဇူလုိင္လ (၉)ရက္ေန႔အထိ လူနာေပါင္း (၄၄၆၇၁)ဦးထိရိွေနၿပီး ေသဆံုးသူ (၆၂)ဦးရိွေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံအတြင္း ေဒသအလုိက္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈမွာ အေရွ႕ေျမာက္ပိုင္းေဒသတြင္ (၁၉၈၅၈)ဦး၊ ေတာင္ပိုင္းတြင္ (၆၅၀၄)ဦး၊ အလယ္ပိုင္းေဒသတြင္ (၁၂၉၁၈)ဦးႏွင့္ ေျမာက္ပိုင္းတြင္ (၅၃၉၁)ဦး ရိွေၾကာင္း သိရသည္။

ေရာဂါျဖစ္ပြားသူအမ်ားစုမွာ အသက္ (၅)ႏွစ္မွ (၁၄)ႏွစ္အရြယ္ကေလးမ်ားျဖစ္ၾကၿပီး အသက္(၁၅)ႏွစ္မွ (၃၄)ႏွစ္အရြယ္ၾကားမွာ ဒုတိယအမ်ားဆံုးႏွင့္ ေမြးစမွ အသက္ (၄)ႏွစ္အရြယ္တြင္လည္း အနည္းငယ္ျဖစ္ပြားေၾကာင္း သိရသည္။

က်န္းမာေရးဌာနအေနျဖင့္ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ ပညာေပးလုပ္ငန္းမ်ားကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: Thai PBS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာပြီး (၅)နှစ်တာအတွင်း အများဆုံးဖြစ်ပွား
*********
မြန်မာနှင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ (၅)နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်နေကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်သည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ဇူလိုင်လ (၉)ရက်နေ့အထိ လူနာပေါင်း (၄၄၆၇၁)ဦးထိရှိနေပြီး သေဆုံးသူ (၆၂)ဦးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဒေသအလိုက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ အရှေ့မြောက်ပိုင်းဒေသတွင် (၁၉၈၅၈)ဦး၊ တောင်ပိုင်းတွင် (၆၅၀၄)ဦး၊ အလယ်ပိုင်းဒေသတွင် (၁၂၉၁၈)ဦးနှင့် မြောက်ပိုင်းတွင် (၅၃၉၁)ဦး ရှိကြောင်း သိရသည်။

ရောဂါဖြစ်ပွားသူအများစုမှာ အသက် (၅)နှစ်မှ (၁၄)နှစ်အရွယ်ကလေးများဖြစ်ကြပြီး အသက်(၁၅)နှစ်မှ (၃၄)နှစ်အရွယ်ကြားမှာ ဒုတိယအများဆုံးနှင့် မွေးစမှ အသက် (၄)နှစ်အရွယ်တွင်လည်း အနည်းငယ်ဖြစ်ပွားကြောင်း သိရသည်။

ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
Ref: Thai PBS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net