ထုိင္းရဲအရာရိွ၏ဝက္ၿခံမွ ဝက္ခိုးယူသူ (၂)ဦးကို ရဲတပ္ဖြဲ႕က တစ္ရက္အတြင္း ဖမ္းဆီးရမိ

ထုိင္းရဲအရာရိွ၏ဝက္ၿခံမွ ဝက္ခိုးယူသူ (၂)ဦးကို ရဲတပ္ဖြဲ႕က တစ္ရက္အတြင္း ဖမ္းဆီးရမိ
ဇူလိုင် 2, 2019
By 🌸
ထုိင္းရဲအရာရိွ၏ဝက္ၿခံမွ ဝက္တစ္ေကာင္ခိုးယူလာသည့္ အမ်ိဳးသားႏွစ္ဦးအား တစ္ရက္အတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလုိက္ေၾကာင္း သိရသည္။

ဆရာဝပ္ႏွင့္ ဆူခ်ရတ္တုိ႔ႏွစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၃၀)ရက္ေန႔က ၎တို႔၏ ေနအိမ္အသီးသီး၌ သြားေရာက္ဖမ္းဆီးခ်ိန္တြင္ ခိုးယူလာသည့္ဝက္မွာ ကားေပၚတြင္ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

ရဲအရာရိွ၏ ဝက္ၿခံမွ ဝက္ (၁၃)ေကာာင္အနက္ တစ္ေကာင္ေပ်ာက္ေနသည္ကို ဇြန္လ (၂၉)ရက္ေန႔ညပိုင္းတြင္  စစ္ေဆးသိရိွရၿပီး ပစ္ကပ္ကားတစ္စီး ဝင္လာသည္ကို ေတြ႔မိေၾကာင္း အိမ္နီးခ်င္းမ်ားထံမွ ရရိွသည့္သတင္းအခ်က္အလက္အရ စံုစမ္းရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဝက္တစ္ေကာင္တင္လာသည့္ ပစ္ကပ္ကားတစ္စီး ေမာင္းခရိုင္ကိုျဖတ္သြားေၾကာင္း သတင္းအရ လုိက္လံဖမ္းဆီးရာ ခိုးယူခံရသည့္ ဝက္ကို ကားေပၚမွ မခ်ေသးဘဲထားသျဖင့္ ခိုးယူသူႏွစ္ဦးအား သက္ေသခံပစၥည္းႏွင့္အတူ ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခိုးယူလာသည့္ ဝက္အား ေရာင္းခ်ၿပီး ႏွစ္ေယာက္ခြဲေဝယူရန္ စီစဥ္ခဲ့ၾကျခင္းျဖစ္ေသာ္လည္း ဇနီးျဖစ္သူက ကန္႔ကြက္သျဖင့္ ဝက္ကိုမေရာင္းျဖစ္ေတာ့ဘဲ မည္သို႔ဆက္လုပ္ရမည္ကို စဥ္းစားေနၾကစဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု ဆူရာခ်တ္က ထြက္ဆိုေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post
 

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းရဲအရာရှိ၏ဝက်ခြံမှ ဝက်ခိုးယူသူ (၂)ဦးကို ရဲတပ်ဖွဲ့က တစ်ရက်အတွင်း ဖမ်းဆီးရမိ
*****************
ထိုင်းရဲအရာရှိ၏ဝက်ခြံမှ ဝက်တစ်ကောင်ခိုးယူလာသည့် အမျိုးသားနှစ်ဦးအား တစ်ရက်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဆရာဝပ်နှင့် ဆူချရတ်တို့နှစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က ၎င်းတို့၏ နေအိမ်အသီးသီး၌ သွားရောက်ဖမ်းဆီးချိန်တွင် ခိုးယူလာသည့်ဝက်မှာ ကားပေါ်တွင်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ရဲအရာရှိ၏ ဝက်ခြံမှ ဝက် (၁၃)ကောာင်အနက် တစ်ကောင်ပျောက်နေသည်ကို ဇွန်လ (၂၉)ရက်နေ့ညပိုင်းတွင်  စစ်ဆေးသိရှိရပြီး ပစ်ကပ်ကားတစ်စီး ဝင်လာသည်ကို တွေ့မိကြောင်း အိမ်နီးချင်းများထံမှ ရရှိသည့်သတင်းအချက်အလက်အရ စုံစမ်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်တစ်ကောင်တင်လာသည့် ပစ်ကပ်ကားတစ်စီး မောင်းခရိုင်ကိုဖြတ်သွားကြောင်း သတင်းအရ လိုက်လံဖမ်းဆီးရာ ခိုးယူခံရသည့် ဝက်ကို ကားပေါ်မှ မချသေးဘဲထားသဖြင့် ခိုးယူသူနှစ်ဦးအား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုးယူလာသည့် ဝက်အား ရောင်းချပြီး နှစ်ယောက်ခွဲဝေယူရန် စီစဉ်ခဲ့ကြခြင်းဖြစ်သော်လည်း ဇနီးဖြစ်သူက ကန့်ကွက်သဖြင့် ဝက်ကိုမရောင်းဖြစ်တော့ဘဲ မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားနေကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆူရာချတ်က ထွက်ဆိုကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net