၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး လူထုဆႏၵေထာက္ခံပြဲ လိြဳင္ေကာ္ၿမိဳ႕တြင္ျပဳလုပ္

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး လူထုဆႏၵေထာက္ခံပြဲ လိြဳင္ေကာ္ၿမိဳ႕တြင္ျပဳလုပ္
ဇူလိုင် 17, 2019
By 🌸
NLD ပါတီမွဦးေဆာင္၍ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရး လူထုဆႏၵေထာက္ခံပြဲအား ၂၀၁၉ ခုနွစ္၊ ဇူလိုင္လ (၁၇) ရက္ေန႔ ညေနပိုင္းတြင္ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ရိွ IC ကြင္းတြင္ ျပဳလုပ္ၾကသည္။

ဆႏၵထုတ္ေဖၚသူမ်ားက ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ႏိုင္ေရး အားေထာက္ခံေၾကာင္း၊ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး (၄၅)ဦးေကာ္မတီအား ေထာက္ခံေၾကာင္းႏွင့္ ၎ေကာ္မတီမွ ဇူလိုင္လ (၁၇) ရက္ေန႔တြင္ တင္သြင္းခဲ့ေသာ အစီရင္ခံစာအား ေထာက္ခံေၾကာင္း ေၾကြးေၾကာ္ခဲ့ၾကသည္။

အဆိုပါ လူထုေထာက္ခံပြဲတြင္ စာေရးဆရာ မုံရြာေအာင္႐ွင္၊ အဏၰဝါစိုးမိုး၊ ကာတြန္းဝင္းေအာင္တို႔က ေဟာေျပာခဲ့ၾကၿပီး NLD ပါတီဝင္မ်ား၊ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရး ေထာက္ခံသည့္လူထုတို႔ တက္ေရာက္ၾကသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒထောက်ခံပွဲ လွိုင်ကော်မြို့တွင်ပြုလုပ်
************
NLD ပါတီမှဦးဆောင်၍ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒထောက်ခံပွဲအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ ညနေပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ IC ကွင်းတွင် ပြုလုပ်ကြသည်။

ဆန္ဒထုတ်ဖေါ်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အားထောက်ခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (၄၅)ဦးကော်မတီအား ထောက်ခံကြောင်းနှင့် ၎င်းကော်မတီမှ ဇူလိုင်လ (၁၇) ရက်နေ့တွင် တင်သွင်းခဲ့သော အစီရင်ခံစာအား ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြသည်။

အဆိုပါ လူထုထောက်ခံပွဲတွင် စာရေးဆရာ မုံရွာအောင်ရှင်၊ အဏ္ဏဝါစိုးမိုး၊ ကာတွန်းဝင်းအောင်တို့က ဟောပြောခဲ့ကြပြီး NLD ပါတီဝင်များ၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံသည့်လူထုတို့ တက်ရောက်ကြသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net