
ဇူလိုငျ 22, 2019
By 🌸



Tachileik News Agency
Ref: CGTN

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အပူချိန်မြင့်မားနေသည့် တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် အများပြည်သူအတွက် အင်တာနက် တပ်ဆင်ပေးထားသည့် အပူရှောင်စခန်းများ ဖွင့်လှစ်ပေး
************
အပူလွန်ကဲနေသည့် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် အများပြည်သူအတွက် ဖွင့်လှစ်ပေးထားသည့် အပူရှောင်စခန်းများတွင် အင်တာနက်အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

ပြင်ပရာသီဥတု၏ပူပြင်းသည့်ဒဏ်ကို ရှောင်လွှဲလိုသည့် ပြည်သူလူထုအတွက် ဖွင့်လှစ်ပေးထားသည့် အပူရှောင်စခန်းများအတွင်း အပူချိန်ကို (၂၄)ဒီဂရီဆယ့်လ်စီးရပ်တွင် ထားရှိပြီး လေသန့်စင်စက်များ၊ သောက်ရေသန့်စက်များ၊ စားပွဲ၊ကုလားထိုင်များ၊ တီဗီနှင့် ဝိုင်ဖိုင်များရရှိရန် စီစဉ်ပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ နန်ကျင်းမြို့တွင် အပူချိန်မြင့်မားနေသည့်အတွက် ၂၀၁၉ ခုနှစ်အတွင်း အများပြည်သူအတွက် အပူရှောင်စခန်းပေါင်း (၇)ခုဖွင့်လှစ်ပေးထားကြောင်း သိရသည်။
Tachileik News Agency
Ref: CGTN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net