တာခ်ီလိတ္ၿမိဳ႕တြင္း CCTV တပ္ဆင္ေရးအတြက္ လုပ္ငန္းေဆာင္ရြက္ႏုိင္မည့္ ကုမၸဏီရွာေဖြေနဆဲ

တာခ်ီလိတ္ၿမိဳ႕တြင္း CCTV တပ္ဆင္ေရးအတြက္ လုပ္ငန္းေဆာင္ရြက္ႏုိင္မည့္ ကုမၸဏီရွာေဖြေနဆဲ
ဇူလိုင် 29, 2019
By 🌸
ထုိင္းႏိုင္ငံနယ္စပ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း အဓိကအခ်က္အခ်ာက်သည့္ေနရာမ်ားတြင္ CCTV မ်ားတပ္ဆင္ေရးအတြက္ ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီက လုပ္ငန္းေဆာင္ရြက္ႏုိင္မည့္ကုမၸဏီကို ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ ေငြေရးေၾကးေရးေပါ့။ လက္ရိွရိွေနတဲ့ ရန္ပံုေငြနဲ႔ တစ္ႏုိင္တစ္ပိုင္လုပ္ႏုိင္မယ့္ အေနအထားနဲ႔ ေစ်းနႈန္းနဲ႔ ပစၥည္းအရည္အေသြးနဲ႔ကို ခ်ိန္ေနတာေပါ့။ တေလာက လာျပတဲ့ကုမၸဏီဆို ေစ်းကေတာ့ သက္သာတယ္။ အရည္အေသြးက သိပ္မႀကိဳက္ဘူး။ ပထမျပထားတဲ့ကုမၸဏီရဲ႕ ေစ်းႏႈန္းကိုလည္း မလုိက္ႏုိင္ဘူး။ အရင္ကေတာ့ CCTV အားလံုးတပ္ဆင္ၿပီး Control Room နဲ႔ ၾကည့္ခ်င္တာေပါ့။ ဒါေပမဲ့ အခုေတာ့ ေငြေၾကးကမလုိက္ႏိုင္ေသးတဲ့အခ်ိန္က်ေတာ့ တစ္ဆင့္ေလွ်ာ့ၿပီး ကင္မရာေတြပဲအရင္တပ္မယ္ေပါ့။ ေနာက္တစ္ဆင့္က်မွ ေကဘယ္နဲ႔သြယ္တာကို ဒုတိယအဆင့္လုပ္မယ္လို႔ ဆံုးျဖတ္ထားပါတယ္။ အဲဒီေတာ့ ၿမိဳ႕ CCTV တပ္ဆင္ေရးနဲ႔ပတ္သက္လုိ႔ လုပ္ႏုိင္တဲ့ကုမၸဏီေတြ ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီကို ခ်ိတ္ဆက္ၿပီး လာျပၾကဖို႔ ဖိတ္ေခၚပါတယ္”ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီဥကၠဌ ဦးျမင့္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ယခင္က တပ္ဆင္ထားသည့္ CCTV မ်ားမွာ ကာလၾကာရွည္ၿပီျဖစ္၍ အသစ္လဲလွယ္တပ္ဆင္ရန္ လိုအပ္ေနရာ ကိုယ္ထူကိုယ္ထစနစ္ျဖင့္ တပ္ဆင္သြားမည္ျဖစ္ၿပီး ျပည္နယ္အစိုးရထံမွလည္း ဘတ္ဂ်က္တင္ျပေတာင္းခံရန္ စီစဥ္ထားျခင္းျဖစ္သည္။

ကိုယ္ထူကိုယ္ထ CCTV တပ္ဆင္ႏုိင္ေရးအတြက္ အလွဴရွင္မ်ား၏ လွဴဒါန္းေငြ က်ပ္သိန္း (၂၀၀)ေက်ာ္ရိွေနၿပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလအတြင္းက အေရးႀကီးေနရာ (၅) ခုတြင္ ပုဂၢလိကအလွဴရွင္မ်ား လွဴဒါန္းမႈျဖင့္ CCTV ကင္မရာမ်ားတပ္ဆင္ထားၿပီးျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင်း CCTV တပ်ဆင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်မည့် ကုမ္ပဏီရှာဖွေနေဆဲ
**********
ထိုင်းနိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း အဓိကအချက်အချာကျသည့်နေရာများတွင် CCTV များတပ်ဆင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးကော်မတီက လုပ်ငန်းဆောင်ရွက်နိုင်မည့်ကုမ္ပဏီကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ငွေရေးကြေးရေးပေါ့။ လက်ရှိရှိနေတဲ့ ရန်ပုံငွေနဲ့ တစ်နိုင်တစ်ပိုင်လုပ်နိုင်မယ့် အနေအထားနဲ့ စျေးနှုန်းနဲ့ ပစ္စည်းအရည်အသွေးနဲ့ကို ချိန်နေတာပေါ့။ တလောက လာပြတဲ့ကုမ္ပဏီဆို စျေးကတော့ သက်သာတယ်။ အရည်အသွေးက သိပ်မကြိုက်ဘူး။ ပထမပြထားတဲ့ကုမ္ပဏီရဲ့ စျေးနှုန်းကိုလည်း မလိုက်နိုင်ဘူး။ အရင်ကတော့ CCTV အားလုံးတပ်ဆင်ပြီး Control Room နဲ့ ကြည့်ချင်တာပေါ့။ ဒါပေမဲ့ အခုတော့ ငွေကြေးကမလိုက်နိုင်သေးတဲ့အချိန်ကျတော့ တစ်ဆင့်လျှော့ပြီး ကင်မရာတွေပဲအရင်တပ်မယ်ပေါ့။ နောက်တစ်ဆင့်ကျမှ ကေဘယ်နဲ့သွယ်တာကို ဒုတိယအဆင့်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီတော့ မြို့ CCTV တပ်ဆင်ရေးနဲ့ပတ်သက်လို့ လုပ်နိုင်တဲ့ကုမ္ပဏီတွေ ခရိုင်စီမံခန့်ခွဲရေးကော်မတီကို ချိတ်ဆက်ပြီး လာပြကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း ယခင်က တပ်ဆင်ထားသည့် CCTV များမှာ ကာလကြာရှည်ပြီဖြစ်၍ အသစ်လဲလှယ်တပ်ဆင်ရန် လိုအပ်နေရာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တပ်ဆင်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရထံမှလည်း ဘတ်ဂျက်တင်ပြတောင်းခံရန် စီစဉ်ထားခြင်းဖြစ်သည်။

ကိုယ်ထူကိုယ်ထ CCTV တပ်ဆင်နိုင်ရေးအတွက် အလှူရှင်များ၏ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀)ကျော်ရှိနေပြီး ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းက အရေးကြီးနေရာ (၅) ခုတွင် ပုဂ္ဂလိကအလှူရှင်များ လှူဒါန်းမှုဖြင့် CCTV ကင်မရာများတပ်ဆင်ထားပြီးဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net