တာခ်ီလိတ္ဘက္မွ နယ္စပ္တံတားျဖတ္သန္းၿပီး မူးယစ္ေဆးဝါးမ်ား သယ္လာသည့္လူငယ္ႏွစ္ဦး မယ္ဆိုင္ဘက္တြင္ အဖမ္းခံရ

တာခ်ီလိတ္ဘက္မွ နယ္စပ္တံတားျဖတ္သန္းၿပီး မူးယစ္ေဆးဝါးမ်ား သယ္လာသည့္လူငယ္ႏွစ္ဦး မယ္ဆိုင္ဘက္တြင္ အဖမ္းခံရ
ဇူလိုင် 17, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္နယ္စပ္ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ဘက္ျခမ္းတြင္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၁)မွ ျဖတ္သန္းသယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၁၁၀၀၀)၊ အုိက္စ္ (၄၀၀)ဂရမ္တို႔ကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၇)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မယ္ဆုိင္ဘက္ျခမး္ရိွ လူဝင္မႈႀကီးၾကပ္ေရးဂိတ္တြင္ တာခ်ီလိတ္ဘက္မွ ဝင္လာသည့္  အသက္(၁၉)ႏွစ္အရြယ္ႏွင့္ အသက္ (၃၀)ဝန္းက်င္အရြယ္ ထုိင္းႏုိင္ငံသား (၂)ဦးအား ဖိနပ္တြင္းထည့္၍ သယ္လာသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ နံနက္ (၉)နာရီ (၁၅)မိနစ္ဝန္းက်င္က စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာဘက္မွ လမ္းေလွ်ာက္ဝင္လာသည့္ လူငယ္(၂)ဦးကို သံသယရိွသျဖင့္ တာဝန္ရိွသူမ်ားက စစ္ေဆးရာ ကနဦးတြင္ တရားမဝင္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရျခင္းမရိွဘဲ ဆက္လက္ရွာေဖြရာမွ ဖိနပ္ႏွစ္ဖက္အတြင္း ဝွက္၍သယ္လာသည့္ မူးယစ္ေဆးမ်ားကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားတြင္ ျမန္မာဘက္ျခမ္းမွ မူးယစ္ေဆးသယ္လာသူမ်ားကို ထုိင္းႏုိင္ငံဘက္ျခမ္းတြင္ ဖမ္းဆီးရမိေလ့ရိွေၾကာင္း သိရသည္။

Source: Chiangrai Report

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ဘက်မှ နယ်စပ်တံတားဖြတ်သန်းပြီး မူးယစ်ဆေးဝါးများ သယ်လာသည့်လူငယ်နှစ်ဦး မယ်ဆိုင်ဘက်တွင် အဖမ်းခံရ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းတွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)မှ ဖြတ်သန်းသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား (၁၁၀၀၀)၊ အိုက်စ် (၄၀၀)ဂရမ်တို့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ဆိုင်ဘက်ခြမး်ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် တာချီလိတ်ဘက်မှ ဝင်လာသည့်  အသက်(၁၉)နှစ်အရွယ်နှင့် အသက် (၃၀)ဝန်းကျင်အရွယ် ထိုင်းနိုင်ငံသား (၂)ဦးအား ဖိနပ်တွင်းထည့်၍ သယ်လာသည့် မူးယစ်ဆေးဝါးများနှင့်အတူ နံနက် (၉)နာရီ (၁၅)မိနစ်ဝန်းကျင်က စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ လမ်းလျှောက်ဝင်လာသည့် လူငယ်(၂)ဦးကို သံသယရှိသဖြင့် တာဝန်ရှိသူများက စစ်ဆေးရာ ကနဦးတွင် တရားမဝင်ပစ္စည်းများကို ရှာဖွေတွေ့ရခြင်းမရှိဘဲ ဆက်လက်ရှာဖွေရာမှ ဖိနပ်နှစ်ဖက်အတွင်း ဝှက်၍သယ်လာသည့် မူးယစ်ဆေးများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားတွင် မြန်မာဘက်ခြမ်းမှ မူးယစ်ဆေးသယ်လာသူများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။
Source: Chiangrai Report

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net