ရခုိင္ျပည္နယ္ ဂြၿမိဳ႕တြင္ ႏုိင္ငံသားမဟုတ္သည့္ ဘဂၤါလီ (၄)ဦးႏွင့္ အခေၾကးေငြယူ၍ ပို႔ေဆာင္ေပးသည့္ ျမန္မာ (၂)ဦးတုိ႔ကိုဖမ္းမိ

ရခုိင္ျပည္နယ္ ဂြၿမိဳ႕တြင္ ႏုိင္ငံသားမဟုတ္သည့္ ဘဂၤါလီ (၄)ဦးႏွင့္ အခေၾကးေငြယူ၍ ပို႔ေဆာင္ေပးသည့္ ျမန္မာ (၂)ဦးတုိ႔ကိုဖမ္းမိ
ဇူလိုင် 30, 2019
By 🌸
ရခိုင္ျပည္နယ္ရိွ ဒုကၡသည္စခန္းမ်ားမွဟုဆိုေသာ ဘဂၤါလီ (၄)ဦးႏွင့္ ၎တို႔အား အခေၾကးေငြယူၿပီး တရားမဝင္ပို႔ေဆာင္ေပးသူ(၂)ဦးတို႔ကို ဂြၿမိဳ႕စစ္ေဆးေရးဂိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၃၀)ရက္ေန႔ ညေန (၃)နာရီေက်ာ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဂြၿမိဳ႕ ၿမိဳ႕နယ္ရဲမွဴး ရဲမွဴးျမင့္ေဌးႏွင့္ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္ႀကီးၾကပ္သည့္ရဲတပ္ဖြဲ႕သည္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ သက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ဂြၿမိဳ႕အဝင္၊အထြက္ဂိတ္တြင္ စစ္ေဆးေနရာ သံတြဲၿမိဳ႕ဘက္မွ လူ(၃)ဦးစီ စီးနင္းလာသည့္ ဆုိင္ကယ္(၂)စီးအား စစ္ေဆးရာ တင္ဝင္းေမာင္းႏွင္သည့္ ဆိုင္ကယ္ေနာက္တြင္ လိုက္ပါလာသည့္ မာေမာက္ယာဆိမ္းႏွင့္ မေရာ္ဘီဇာခါတူ၊ ေဇာ္သန္းေမာင္းနွင္သည့္ ဆုိင္ကယ္ေနာက္တြင္ လုိက္ပါလာသည့္ ေဆာ္ေယာ့တူေဆာင္းႏွင့္ ႏူအာေလာင္တုိ႔မွာ သဲေခ်ာင္းေက်းရြာရိွ ဒုကၡသည္စခန္းမ်ားမွျဖစ္သည္ဟု သိရသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္လာသူ (၂)ဦးက အဆိုပါ (၄)ဦးကို တစ္ဦးလွ်င္ က်ပ္(၅)သိန္းႏႈန္းပို႔ေဆာင္ခရယူၿပီး ပို႔ေဆာင္ေပးသူမ်ားျဖစ္သည္ဟု သိရသျဖင့္ ႏုိင္ငံသားမဟုတ္သူမ်ားကို တရားမဝင္ပို႔ေဆာင္ေပးမႈျဖင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

လက္ရိွတြင္ ဘဂၤါလီ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦး၊ အခေၾကးေငြရယူပို႔ေဆာင္ေပးသည့္ ျမန္မာႏုိင္ငံသား (၂)ဦးတုိ႔ကို လူဝင္မႈႀကီးၾကပ္ေရးက စစ္ေဆးေနၿပီး အမႈဖြင့္အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရခိုင်ပြည်နယ် ဂွမြို့တွင် နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီ (၄)ဦးနှင့် အခကြေးငွေယူ၍ ပို့ဆောင်ပေးသည့် မြန်မာ (၂)ဦးတို့ကိုဖမ်းမိ
*************
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှဟုဆိုသော ဘင်္ဂါလီ (၄)ဦးနှင့် ၎င်းတို့အား အခကြေးငွေယူပြီး တရားမဝင်ပို့ဆောင်ပေးသူ(၂)ဦးတို့ကို ဂွမြို့စစ်ဆေးရေးဂိတ်တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ ညနေ (၃)နာရီကျော်က ဖမ်းဆီးရမိကြောင်း သိရသည်။

ဂွမြို့ မြို့နယ်ရဲမှူး ရဲမှူးမြင့်ဌေးနှင့် မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်ကြီးကြပ်သည့်ရဲတပ်ဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်သေများပါဝင်သည့်အဖွဲ့ဖြင့် ဂွမြို့အဝင်၊အထွက်ဂိတ်တွင် စစ်ဆေးနေရာ သံတွဲမြို့ဘက်မှ လူ(၃)ဦးစီ စီးနင်းလာသည့် ဆိုင်ကယ်(၂)စီးအား စစ်ဆေးရာ တင်ဝင်းမောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် မာမောက်ယာဆိမ်းနှင့် မရော်ဘီဇာခါတူ၊ ဇော်သန်းမောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ဆော်ယော့တူဆောင်းနှင့် နူအာလောင်တို့မှာ သဲချောင်းကျေးရွာရှိ ဒုက္ခသည်စခန်းများမှဖြစ်သည်ဟု သိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသူ (၂)ဦးက အဆိုပါ (၄)ဦးကို တစ်ဦးလျှင် ကျပ်(၅)သိန်းနှုန်းပို့ဆောင်ခရယူပြီး ပို့ဆောင်ပေးသူများဖြစ်သည်ဟု သိရသဖြင့် နိုင်ငံသားမဟုတ်သူများကို တရားမဝင်ပို့ဆောင်ပေးမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂါလီ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦး၊ အခကြေးငွေရယူပို့ဆောင်ပေးသည့် မြန်မာနိုင်ငံသား (၂)ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးနေပြီး အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net