သက္ငယ္မုဒိမ္းမႈမ်ား ပေပ်ာက္ေရး၊တရားဥပေဒမ႑ိဳင္တည့္မတ္ေရးအတြက္ မေကြးတြင္ ဆႏၵထုတ္ေဖၚ

သက္ငယ္မုဒိမ္းမႈမ်ား ပေပ်ာက္ေရး၊တရားဥပေဒမ႑ိဳင္တည့္မတ္ေရးအတြက္ မေကြးတြင္ ဆႏၵထုတ္ေဖၚ
ဇူလိုင် 14, 2019
By 🌸
သက္ငယ္မုဒိမ္းမႈမ်ား ပေပ်ာက္ေရး၊ တရားဥပေဒမ႑ိဳင္ တည့္မတ္ေရးႏွင့္ ဗစ္တိုးရီယားျဖစ္စဥ္မ်ိဳးမ်ား ေနာက္ထပ္ေပၚေပါက္မလာေစေရးတို႔အတြက္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ(၁၄)ရက္ နံနက္ပိုင္းတြင္ မေကြးၿမိဳ႕၌ ဆႏၵထုတ္ေဖၚၾကသည္။

“ကၽြန္ေတာ္တို႔ရဲ႕ ရည္ရြယ္ခ်က္က ဗစ္တိုးရီးယားကိစၥအေပၚ အေျချပဳတယ္ဆိုေပမဲ့ တစ္ဦးတစ္ေယာက္ တည္းအတြက္ လုပ္တာမဟုတ္ပါဘူး။ အဓိက သက္ငယ္မုဒိမ္းမႈေတြပေပ်ာက္ေရး၊ တရားဥပေဒမ႑ိဳင္ တည့္မတ္ေစေရးတို႔အတြက္ ဆႏၵေဖာ္ထုတ္ၾကတာျဖစ္ပါတယ္”ဟု ဆႏၵေဖာ္ထုတ္ပဲြေခါင္းေဆာင္ ဦးဝင္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူအင္အား (၅၀၀၀)ခန္႔က နံနက္(၉)နာရီ၌ မေကြးၿမိဳ႕ ကန္သာရပ္ကြက္ ေအးေစတီဘုရားအနီး စုရပ္ျပဳလုပ္ကာ “ကေလးသူငယ္မ်ားအခြင့္အေရး အားလံုးေလးစားလိုက္နာေပး” ၊ “ေနာက္ထပ္ဗစ္တိုးရီးယားမ်ား အလုိမရိွ” ၊ “သက္ငယ္မုဒိန္းကေလးသူငယ္ မ်ားအတြက္ လြတ္လပ္လံုျခံဳေသာပတ္ဝန္းက်င္ဖန္တီးေပးေရး” ၊“ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈကိုရွာ ေဖြေပးပါ” ၊ “သက္ငယ္မုဒိန္း ပေပ်ာက္ေရး ႀကီးေလးျပစ္ဒဏ္ခ်မွတ္ေပး” စာတမ္းမ်ားပါသည့္ ဗီႏိုင္းဆိုင္းဘုတ္မ်ားကိုကိုင္ ေဆာင္ကာ မေကြးၿမိဳ႕တြင္း စီတန္းလွည့္လည္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မတို႔ ဒီေန႔ဆႏၵေဖာ္ထုတ္ၾကတာက ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္ေနတဲ့ ကိုေအာင္ႀကီး နဲ႔ ကိုကို၊ ညီ ညီတို႔ တရားခံဟုတ္ျခင္း၊ မဟုတ္ျခင္း အတြက္ ေထာက္ခံဖို႔ ဆန္႔က်င္ဖို႔ လုပ္တာမဟုတ္ပါဘူး။ ရဲြ႕ေစာင္း ေနတဲ့တရားေရးမ႑ိုဳင္ကို တည့္မတ္ေစေရးနဲ႔ တရားခံအစစ္အမွန္ေပၚေပါက္ၿပီး ထိုက္တန္တဲ့ျပစ္ဒဏ္ ရရိွေစေရးအတြက္ အဓိက လုပ္ေဆာင္ၾကတာျဖစ္ပါတယ္” ဟု ဆႏၵေဖာ္ထုတ္ပဲြ ဦးေဆာင္အဖဲြ႔တြင္ ပါဝင္ သူ ေဒၚၾကဴၾကဴခိုင္က ေျပာသည္။

အဆိုပါဆႏၵေဖာ္ထုတ္ပဲြျပဳလုပ္ႏိုင္ရန္ မေကြးၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးသို႔ ၿငိမ္းခ်မ္းစြာစီတန္းလွည့္လည္ခြင့္ ဆိုင္ ရာ ပုဒ္မ(၃)၊ ပံုစံ(၃/၄)ျဖင့္ အသိ ေပးတင္ျပလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေး၊တရားဥပဒေမဏ္ဍိုင်တည့်မတ်ရေးအတွက် မကွေးတွင် ဆန္ဒထုတ်ဖေါ်
************
သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေး၊ တရားဥပဒေမဏ္ဍိုင် တည့်မတ်ရေးနှင့် ဗစ်တိုးရီယားဖြစ်စဉ်မျိုးများ နောက်ထပ်ပေါ်ပေါက်မလာစေရေးတို့အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက် နံနက်ပိုင်းတွင် မကွေးမြို့၌ ဆန္ဒထုတ်ဖေါ်ကြသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဗစ်တိုးရီးယားကိစ္စအပေါ် အခြေပြုတယ်ဆိုပေမဲ့ တစ်ဦးတစ်ယောက် တည်းအတွက် လုပ်တာမဟုတ်ပါဘူး။ အဓိက သက်ငယ်မုဒိမ်းမှုတွေပပျောက်ရေး၊ တရားဥပဒေမဏ္ဍိုင် တည့်မတ်စေရေးတို့အတွက် ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲခေါင်းဆောင် ဦးဝင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူအင်အား (၅၀၀၀)ခန့်က နံနက်(၉)နာရီ၌ မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားအနီး စုရပ်ပြုလုပ်ကာ “ကလေးသူငယ်များအခွင့်အရေး အားလုံးလေးစားလိုက်နာပေး” ၊ “နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ” ၊ “သက်ငယ်မုဒိန်းကလေးသူငယ် များအတွက် လွတ်လပ်လုံခြုံသောပတ်ဝန်းကျင်ဖန်တီးပေးရေး” ၊“ဗစ်တိုးရီးယားအတွက် တရားမျှတမှုကိုရှာ ဖွေပေးပါ” ၊ “သက်ငယ်မုဒိန်း ပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး” စာတမ်းများပါသည့် ဗီနိုင်းဆိုင်းဘုတ်များကိုကိုင် ဆောင်ကာ မကွေးမြို့တွင်း စီတန်းလှည့်လည်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ဒီနေ့ဆန္ဒဖော်ထုတ်ကြတာက ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်နေတဲ့ ကိုအောင်ကြီး နဲ့ ကိုကို၊ ညီ ညီတို့ တရားခံဟုတ်ခြင်း၊ မဟုတ်ခြင်း အတွက် ထောက်ခံဖို့ ဆန့်ကျင်ဖို့ လုပ်တာမဟုတ်ပါဘူး။ ရွဲ့စောင်း နေတဲ့တရားရေးမဏ္ဍိုုင်ကို တည့်မတ်စေရေးနဲ့ တရားခံအစစ်အမှန်ပေါ်ပေါက်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ် ရရှိစေရေးအတွက် အဓိက လုပ်ဆောင်ကြတာဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်အဖွဲ့တွင် ပါဝင် သူ ဒေါ်ကြူကြူခိုင်က ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲပြုလုပ်နိုင်ရန် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင် ရာ ပုဒ်မ(၃)၊ ပုံစံ(၃/၄)ဖြင့် အသိ ပေးတင်ပြလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net