က်ိဳင္းတံုၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသားတစ္ဦးထံမွ အိုက္စ္ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသားတစ္ဦးထံမွ အိုက္စ္ဖမ္းဆီးရမိ
ဇူလိုင် 30, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၃၀)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲက ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးအား မိုင္းျဖတ္ၿမိဳ႕အဝင္ ဘီးခြန္ဂိတ္တြင္ ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးရာမွ အိုက္စ္ (၀.၈၅) ဂရမ္ခန္႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

"ေရွာင္တခင္ ပိတ္ဆို႔ရင္းနဲ႔ မိတာေပါ့။ အခုေတာ့ အမႈဖြင့္ထားပါတယ္"ဟု မိုင္းျဖတ္ၿမို႕မရဲစခန္းမွ ဒုရဲအုပ္ဟန္မိုးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ဟန္မိုးလြင္ဦးစီးအဖြဲ႕က က်ိဳင္းတံု - တာခ်ီလိတ္သြား ျပည္ေထာင္စုလမ္းမေပၚရိွ မိုင္းျဖတ္ၿမိဳ႕အဝင္ဘီးခြန္ဂိတ္တြင္ ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးရာ က်ိဳင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အိုက္တစ္အား စစ္ေဆးရွာေဖြရာ ဆိုင္ကယ္ ဖင္ထိုင္ခံုေအာက္တြင္ ပလတ္စတစ္အိတ္ျဖင့္ထည့္ထားသည့္ အုိက္စ္(၀.၈၅) ဂရမ္ခန္႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးမ်ားနွင့္အတူ ဖမ္းဆီးရမိသည့္ မိုင္းညႇင္းေက်းရြာ၊ မိုင္းခတ္ၿမိဳ႕နယ္ေနသူ အိုက္တစ္ကို မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ-၁၉(က) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ကိုသာ
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးထံမှ အိုက်စ်ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား မိုင်းဖြတ်မြို့အဝင် ဘီးခွန်ဂိတ်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးရာမှ အိုက်စ် (၀.၈၅) ဂရမ်ခန့်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

"ရှောင်တခင် ပိတ်ဆို့ရင်းနဲ့ မိတာပေါ့။ အခုတော့ အမှုဖွင့်ထားပါတယ်"ဟု မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ဟန်မိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်မိုးလွင်ဦးစီးအဖွဲ့က ကျိုင်းတုံ - တာချီလိတ်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဖြတ်မြို့အဝင်ဘီးခွန်ဂိတ်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးရာ ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အိုက်တစ်အား စစ်ဆေးရှာဖွေရာ ဆိုင်ကယ် ဖင်ထိုင်ခုံအောက်တွင် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် အိုက်စ်(၀.၈၅) ဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မိုင်းညှင်းကျေးရွာ၊ မိုင်းခတ်မြို့နယ်နေသူ အိုက်တစ်ကို မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ကိုသာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net