ထုိင္းနုိင္ငံတြင္ ဒရုန္းျဖင့္ ပိုးသတ္ေဆးျဖန္းျခင္း စမ္းသပ္ေဆာင္ရြက္သည့္ လူငယ္တစ္ဦး ေဆးျဖန္းသည့္စီးပြားေရးလုပ္ငန္း တိုးခ်ဲ႕လုပ္ကိုင္လာရ

ထုိင္းနုိင္ငံတြင္ ဒရုန္းျဖင့္ ပိုးသတ္ေဆးျဖန္းျခင္း စမ္းသပ္ေဆာင္ရြက္သည့္ လူငယ္တစ္ဦး ေဆးျဖန္းသည့္စီးပြားေရးလုပ္ငန္း တိုးခ်ဲ႕လုပ္ကိုင္လာရ
ဇူလိုင် 6, 2019
By 🌸
ထိုင္းနိုင္ငံတြင္ မိသားစုလယ္ယာေျမမ်ားအား ဒရုန္းျဖင့္ေဆးျဖန္းရာမွ လုပ္သားရွားပါးမႈႏွင့္ ႀကံဳေနရသည့္ လယ္သမားမ်ားက ငွားရမ္းၾကသျဖင့္ ဒရုန္းျဖင့္ေဆးျဖန္းေပးျခင္းလုပ္ငန္းကို စီးပြားျဖစ္လုပ္ကိုင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အစိုးရဝန္ထမ္းျဖစ္သည့္ အသက္ (၃၀)အရြယ္ မစ္တာရာဝိဒါခူးလ္က မိဘမ်ား၏လယ္ယာမ်ားတြင္ ေဆးျဖန္းရန္ အလုပ္သမားအခက္အခဲျဖစ္ေန၍ ကူညီလုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပိုးသတ္ေဆးမ်ား ပက္ျဖန္းျခင္းဆုိင္ရာသင္တန္းတက္ေရာက္ၿပီးေနာက္ တစ္ႀကိမ္လွ်င္ အရည္ (၁၀)လီတာကို သယ္ေဆာင္ျဖန္းပက္ႏုိင္သည့္ ဒရုန္းကိုအသံုးျပဳ၍ မိခင္ျဖစ္သူ၏ လယ္ယာေျမ ရိုင္ (၁၀၀)ခန္႔အား ပိုးသတ္ေဆးျဖန္းျခင္း၊ ေပါင္းသတ္ေဆးျဖန္းျခင္း၊ ေျမၾသဇာပက္ဖ်န္းျခင္းတုိ႔ကို ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

လယ္ယာလုပ္ငန္းတြင္ ဒရုန္းကို ထိေရာက္စြာအသံုးျပဳႏုိင္မႈကိုသိရိွသြားသည့္ ဖိခ်စ္မွ လယ္သမားမ်ားက ငွားရမ္းမႈမ်ား ျမင့္တက္လာသျဖင့္ မစ္တာရာဝိဒါခူးလ္သည္ ရံုးခ်ိန္ျပင္ပႏွင့္ ရံုးပိတ္ရက္မ်ားတြင္ ျပင္ပစီးပြားေရးလုပ္ငန္းတစ္ခုအျဖစ္ လုပ္ကိုင္လာရေၾကာင္း သိရသည္။

အကူလက္ေထာက္မ်ားပါခန္႔ထား၍ ဒရုန္းျဖင့္ ပိုးသတ္ေဆးပက္ျဖန္းျခင္းလုပ္ငန္းေဆာင္ရြက္ေနေသာ္လည္း ေဒသခံလယ္သမားမ်ားအေနျဖင့္ ေအာ္ဂင္းနစ္စိုက္ပ်ိဳးစနစ္ကို အသံုးျပဳၾကရန္ အႀကံေပးလမ္းညြန္ျခင္းမ်ားကိုလည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္ အသီးအႏွံ၊ အသီးအရြက္မ်ား၌ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးဓါတ္ၾကြင္းက်န္ရိွမႈ မ်ားျပားေနသျဖင့္ လယ္သမားမ်ားအား ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး အသံုးျပဳနည္းသင္တန္းေပးၿပီး သင္တန္းဆင္းမ်ားကိုသာ အသံုးျပဳခြင့္ေပးမည့္အစီအစဥ္ကို စိုက္ပ်ိဳးေရးဌာနႏွင့္ ထုိင္း FDA တို႔က ပူးေပါင္းစီစဥ္ေနၾကေၾကာင္း သိရသည္။

Tachileik News Agency

Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ဒရုန်းဖြင့် ပိုးသတ်ဆေးဖြန်းခြင်း စမ်းသပ်ဆောင်ရွက်သည့် လူငယ်တစ်ဦး ဆေးဖြန်းသည့်စီးပွားရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်လာရ
***************
ထိုင်းနိုင်ငံတွင် မိသားစုလယ်ယာမြေများအား ဒရုန်းဖြင့်ဆေးဖြန်းရာမှ လုပ်သားရှားပါးမှုနှင့် ကြုံနေရသည့် လယ်သမားများက ငှားရမ်းကြသဖြင့် ဒရုန်းဖြင့်ဆေးဖြန်းပေးခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

အစိုးရဝန်ထမ်းဖြစ်သည့် အသက် (၃၀)အရွယ် မစ်တာရာဝိဒါခူးလ်က မိဘများ၏လယ်ယာများတွင် ဆေးဖြန်းရန် အလုပ်သမားအခက်အခဲဖြစ်နေ၍ ကူညီလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိုးသတ်ဆေးများ ပက်ဖြန်းခြင်းဆိုင်ရာသင်တန်းတက်ရောက်ပြီးနောက် တစ်ကြိမ်လျှင် အရည် (၁၀)လီတာကို သယ်ဆောင်ဖြန်းပက်နိုင်သည့် ဒရုန်းကိုအသုံးပြု၍ မိခင်ဖြစ်သူ၏ လယ်ယာမြေ ရိုင် (၁၀၀)ခန့်အား ပိုးသတ်ဆေးဖြန်းခြင်း၊ ပေါင်းသတ်ဆေးဖြန်းခြင်း၊ မြေသြဇာပက်ဖျန်းခြင်းတို့ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လယ်ယာလုပ်ငန်းတွင် ဒရုန်းကို ထိရောက်စွာအသုံးပြုနိုင်မှုကိုသိရှိသွားသည့် ဖိချစ်မှ လယ်သမားများက ငှားရမ်းမှုများ မြင့်တက်လာသဖြင့် မစ်တာရာဝိဒါခူးလ်သည် ရုံးချိန်ပြင်ပနှင့် ရုံးပိတ်ရက်များတွင် ပြင်ပစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လာရကြောင်း သိရသည်။

အကူလက်ထောက်များပါခန့်ထား၍ ဒရုန်းဖြင့် ပိုးသတ်ဆေးပက်ဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေသော်လည်း ဒေသခံလယ်သမားများအနေဖြင့် အော်ဂင်းနစ်စိုက်ပျိုးစနစ်ကို အသုံးပြုကြရန် အကြံပေးလမ်းညွန်ခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အသီးအနှံ၊ အသီးအရွက်များ၌ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဓါတ်ကြွင်းကျန်ရှိမှု များပြားနေသဖြင့် လယ်သမားများအား ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အသုံးပြုနည်းသင်တန်းပေးပြီး သင်တန်းဆင်းများကိုသာ အသုံးပြုခွင့်ပေးမည့်အစီအစဉ်ကို စိုက်ပျိုးရေးဌာနနှင့် ထိုင်း FDA တို့က ပူးပေါင်းစီစဉ်နေကြကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net