တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္း၌ အမ်ုိးသားႏွစ္ဦးႏွင့္အတူ စိတ္ၾကြေဆးျပား (၈၀၀၀၀) ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္း၌ အမ်ုိးသားႏွစ္ဦးႏွင့္အတူ စိတ္ၾကြေဆးျပား (၈၀၀၀၀) ဖမ္းဆီးရမိ
ဇူလိုင် 6, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ေပၚ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္း ပုန္းညက္လမ္းမေပၚတြင္ မူးယစ္ေဆး၀ါးသတင္းအရ ပူးေပါင္းအဖြဲ႔ျဖင့္ ေစာင့္ဆိုင္းရာမွ ကားျဖင့္လာသည့္ အမ်ဳိးသားႏွစ္ဦးအား စိတ္ၾကြေဆးျပား (၈၀,၀၀၀)ႏွင့္အတူ ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၆)ရက္ ေန႔လည္(၁၂)နာရီ၀န္းက်င္အခ်ိန္က ပုန္းညက္လမ္းမေပၚတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းေနစဥ္ သတင္းရရွိထားသည့္ Harrier အမ်ဳိးအစား ေမာ္ေတာ္ယာဥ္သည္ လမ္းအတိုင္း ေမာင္းႏွင္ေရာက္ရွိလာသည့္အတြက္ ရပ္တန္႔စစ္ေဆးရွာေဖြရာက ယာဥ္၏ ေနာက္ခန္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၈၀၀၀၀)ကို ရွာေဖြ ေတြ႔ရွိ သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္ေက်ာက္ (ခ) စိုင္းေက်ာက္ ႏွင့္ ေနဇာ တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၉၂/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီး ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ပုန်းညက်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် စောင့်ဆိုင်းရာမှ ကားဖြင့်လာသည့် အမျိုးသားနှစ်ဦးအား စိတ်ကြွဆေးပြား (၈၀,ဝဝဝ)နှင့်အတူ ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် ဇူလိုင်လ(၆)ရက် နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က ပုန်းညက်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် Harrier အမျိုးအစား မော်တော်ယာဉ်သည် လမ်းအတိုင်း မောင်းနှင်ရောက်ရှိလာသည့်အတွက် ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်၏ နောက်ခန်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀၀၀)ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ကျောက် (ခ) စိုင်းကျောက် နှင့် နေဇာ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net