ျမန္မာ - ထိုင္းနယ္စပ္အၾကား ထိုင္းကင္းလွည့္အဖြဲ႔ ႏွင့္ မူးယစ္ေဆး၀ါးသယ္ေဆာင္သူတို႔ (၅)မိနစ္အၾကာ ထိေတြ႔မႈျဖစ္ပြားၿပီးေနာက္ စိတ္ၾကြေဆးျပား (၅)သန္း ႏွင့္အတူ မူးယစ္ေဆး၀ါးမ်ား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

ျမန္မာ - ထိုင္းနယ္စပ္အၾကား ထိုင္းကင္းလွည့္အဖြဲ႔ ႏွင့္ မူးယစ္ေဆး၀ါးသယ္ေဆာင္သူတို႔ (၅)မိနစ္အၾကာ ထိေတြ႔မႈျဖစ္ပြားၿပီးေနာက္ စိတ္ၾကြေဆးျပား (၅)သန္း ႏွင့္အတူ မူးယစ္ေဆး၀ါးမ်ား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ
ဇူလိုင် 11, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံ(ေျမာက္ပိုင္း)၊ ခ်င္းမိုင္ေဒသအတြင္း ျမန္မာ - ထိုင္းနယ္စပ္ျဖစ္သည့္ မယ္အိုင္ၿမိဳ႕နယ္ ႏွင့္ မိုင္တံုၿမိဳ႕နယ္အၾကားရွိ နယ္စပ္တစ္ေနရာ ေတာအတြင္း၌ ထိုင္းနယ္ျခားကင္းလွည့္အဖြဲ႔ ႏွင့္ မူးယစ္ေဆး၀ါး သယ္ေဆာင္သူတို႔ ထိေတြ႔မႈျဖစ္ပြားၿပီးေနာက္ စိတ္ၾကြေဆးျပား (၅)သန္း ႏွင့္  မူးယစ္ေဆး၀ါးမ်ားကို ဇူလိုင္လ(၁၀)ရက္ေန႔ ညပိုင္းက ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိခဲ့ေၾကာင္း  ထိုင္းသတင္းမီဒီယာမ်ားက ေဖာ္ျပထားရွိသည္။

အဆိုပါ နယ္စပ္အတြင္း လူ(၅)ဦးမွ (၁၀)ဦး၀န္းက်င္အထိရွိသည့္ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူမ်ားအား ထိုင္းတပ္ႏွင့္ရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ နယ္စပ္ကင္းလွည့္အဖြဲ႔မွ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၀)ရက္ေန႔ ည(၁၁)နာရီ၀န္းက်င္က ထိပ္တိုက္ေတြ႔ရာမွ  စစ္ေဆးရန္တားျမစ္စဥ္ (၅)မိနစ္အၾကာအထိ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူမ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္းႏွင့္ ၎တို႔ က်န္ခဲ့သည့္ ေက်ာပိုးအိတ္ (၄၂)အိတ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၅)သန္း၊ အုိက္စ္ (၁၀)ကီလိုဂရမ္ႏွင့္ ကတ္တမင္း (၁၀)ကီလိုဂရမ္တို႔ကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈေၾကာင့္ ထိုင္းဘက္ ကင္းလွည့္အဖြဲ႔ဘက္မွ ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္းႏွင့္ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူမ်ားမွာ ထိခိုက္ဒဏ္ရာရရွိသြားႏုိင္ေၾကာင္းႏွင့္ ထြက္ေျပးသြားရာလမ္းတြင္္ ေသြးစြန္းေနသည္မ်ားကိုလည္း ေတြ႔ရွိရေၾကာင္း သိရသည္။

Tachileik News Agency
Photo: ThairathChiangrai


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းမိုင်ဒေသအတွင်း မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် မယ်အိုင်မြို့နယ် နှင့် မိုင်တုံမြို့နယ်အကြားရှိ နယ်စပ်တစ်နေရာ တောအတွင်း၌ ထိုင်းနယ်ခြားကင်းလှည့်အဖွဲ့ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်သူတို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် စိတ်ကြွဆေးပြား (၅)သန်း နှင့် မူးယစ်ဆေးဝါးများကို ဇူလိုင်လ(၁၀)ရက်နေ့ ညပိုင်းက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားရှိသည်။

အဆိုပါ နယ်စပ်အတွင်း လူ(၅)ဦးမှ (၁၀)ဦးဝန်းကျင်အထိရှိသည့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများအား ထိုင်းတပ်နှင့်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် နယ်စပ်ကင်းလှည့်အဖွဲ့မှ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က ထိပ်တိုက်တွေ့ရာမှ စစ်ဆေးရန်တားမြစ်စဉ် (၅)မိနစ်အကြာအထိ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့်၎င်းတို့ ကျန်ခဲ့သည့် ကျောပိုးအိတ် (၄၂)အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅)သန်း၊ အိုက်စ် (၁၀)ကီလိုဂရမ်နှင့် ကတ်တမင်း (၁၀)ကီလိုဂရမ်တို့ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ထိုင်းဘက် ကင်းလှည့်အဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများမှာ ထိခိုက်ဒဏ်ရာရရှိသွားနိုင်ကြောင်းနှင့် ထွက်ပြေးသွားရာလမ်းတွင် သွေးစွန်းနေသည်များကိုလည်း တွေ့ရှိရကြောင်း သိရသည်။

Tachileik News Agency

Photo: ThairathChiangrai

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net