Writen by
Tachileik News Agency
5:27:00 PM
-
0
Comments
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နောင်ဖာရဲကင်းရှေ့ လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိ၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
နောင်ဖာရဲကင်းရှေ့ လမ်းမပေါ်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ဦးအိုက်လာ မောင်းနှင်ပြီ ဒေါ်နန်းအီ လိုက်ပါလာသည့် ဆိုင်ကယ်အား ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာက ဒေါ်နန်းအီထံမှ စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀၀)ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

No comments
Post a Comment
Note: Only a member of this blog may post a comment.