တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚ ညပိုင္း ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚ ညပိုင္း ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆး
ဇူလိုင် 27, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးရွာေဖြမႈအျဖစ္ ဝိန္းေက်ာက္ရပ္ကြက္၊  ေရႊဘူးသီးဟိုတယ္အနီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၇)ရက္ေန႔ ညပိုင္းက ပိတ္ဆို႔စစ္ေဆးမႈလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါး၊ လက္နက္သယ္ေဆာင္လာသူမ်ားကို ေရွာင္တခင္ပိတ္ဆုိ႔စစ္ေဆးမႈမ်ားအတြင္း မၾကာခဏ ဖမ္းဆီးရမိေလ့ရိွသျဖင့္ ေရွာင္တခင္စစ္ေဆးမႈမ်ားကို ေန႔ပိုင္း၌  ယာဥ္ထိန္းရဲတပ္ဖြဲ႔က ေဆာင္ရြက္ၿပီး ညပိုင္းတြင္ ရဲတပ္ဖြဲ႕က ပူးေပါင္းအဖြဲ႔ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဇူလိုင္လ(၂၇)ရက္ေန႔တြင္ ေရွာင္တခင္ပိတ္ဆုိ႔ ရွာေဖြစစ္ေဆးရာ  တာခ်ီလိတ္တပ္နယ္မွ အရာရွိ ႏွင့္ ျပည္သူ႔စစ္အဖြဲ႔၀င္မ်ား၊ ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းတပ္ဖြဲ႔၀င္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ) မွ တပ္ဖြဲ႔၀င္မ်ား၊ ခရိုင္ရဲတပ္ဖြဲ႔(မႈ/ႏိွမ္)မွ တပ္ဖြဲ႔၀င္မ်ားႏွင့္  ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ည(၈)နာရီကစ၍ ည(၁ဝ)နာရီအထိ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေမှုအဖြစ် ဝိန်းကျောက်ရပ်ကွက်၊ ရွှေဘူးသီးဟိုတယ်အနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့ ညပိုင်းက ပိတ်ဆို့စစ်ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မူးယစ်ဆေးဝါး၊ လက်နက်သယ်ဆောင်လာသူများကို ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှုများအတွင်း မကြာခဏ ဖမ်းဆီးရမိလေ့ရှိသဖြင့် ရှောင်တခင်စစ်ဆေးမှုများကို နေ့ပိုင်း၌ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆောင်ရွက်ပြီး ညပိုင်းတွင် ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၂၇)ရက်နေ့တွင် ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးရာ တာချီလိတ်တပ်နယ်မှ အရာရှိ နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ) မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များနှင့် ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ည(၈)နာရီကစ၍ ည(၁ဝ)နာရီအထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net