ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြဌာန်းလိုက်ခြင်းအပေါ် မြန်မာအစိုးရအား ယူနီဆက် ချီးကျူးထောက်ခံ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပြဌာန်းလိုက်ခြင်းအပေါ် မြန်မာအစိုးရအား ယူနီဆက် ချီးကျူးထောက်ခံ
ဇူလိုငျ 26, 2019
By Tachileik News Agency





“ယူနီဆက်အနေဖြင့် ဥပဒေကို အကောင်အထည်ဖော်ခြင်းနှင့် နောင်လာမည့် နည်းဥပဒေများ ဖော်ဆောင်ရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ၊ ဥပဒေများဖြင့် လိုက်လျောညီထွေမှု ရှိစေဖို့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် လူမှု အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေပါသည်” ဟု ယူနီဆက်မြန်မာ၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi မှ ပြောကြားထားသည်။


အသစ်ပြဌာန်းလိုက်သည့် ဥပဒေတွင် ကလေးသူငယ်ကို အသက် (၁၈) နှစ် မပြည့်သေးသူဟု ပြဌာန်းပေးထားခြင်း၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် ကလေးများအားလုံးအတွက် အခြေခံကျပြီး ချွင်းချက်မရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည့် မွေးဖွားခြင်း မှတ်ပုံတင်ခွင့်ကို ရရှိစေခြင်း၊ လက်ထပ်ထိမ်းမြားခြင်း အသက် သတ်မှတ်ချက်ကို  (၁၈) နှစ်ပြည့်ပြီးဟု သတ်မှတ်ခြင်း၊ အလုပ်လုပ်နိုင်ခွင့်ရှိသည့် ကလေး အသက်ကို (၁၄) နှစ်အောက် မငယ်စေရဟု သတ်မှတ်ခြင်း၊  သင့်လျော်သည့် စည်းမျဉ်းများ ပါသည့် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အခန်းအသစ် တစ်ခုကို ထည့်သွင်း ပြဋ္ဌါန်းထားခြင်း၊ ကလေးသူငယ်များ အပေါ်မည်သည့် အကြမ်းဖက်မှု ပုံစံမျိုးမဆို တားမြစ်ထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းအခန်းကို ထည့်သွင်းထားခြင်းနှင့် ပြစ်မှုကျူးလွန်သည့် ကလေးများအတွက် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ပြစ်မှု ကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်း အခန်းကိုလည်း ထည့်သွင်းထားခြင်းတို့ကြောင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်လာနိုင်မည်ဟု ယူနီဆက်က ထောက်ပြထားသည်။

Tachileik News Agency
Photo: UNICEF -Myanmar



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြဌာန်းခြင်းသည် မြန်မာအစိုးရ၏ ထင်ရှားသည့် ခြေလှမ်း တစ်ခုဖြစ်သည်ဟု ယူနီဆက် မြန်မာက ထုတ်ဖော်ပြောကြားလိုက်သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့က ပြဌာန်းလိုက်ခြင်းဖြစ်သည်။

 “ယနေ့ကဲ့သို့ ထင်ရှားသည့် ခြေလှမ်းတစ်ခုသည် ယခုနှစ်တွင် ကျရောက်မည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ညီလာခံသဘောတူစာချုပ် နှစ် (၃၀) ပြည့် အထိမ်းအမှတ်ကို ပိုမို ပြည့်စုံသွားစေပါသည်” ဟု ယူနီဆက်မြန်မာ၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi မှ ပြောသည်။

ယင်းကဲ့သို့ ပြဌာန်းလိုက်ခြင်းမှာ မြန်မာနိုင်ငံမှ ၁၉၉၁ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်တို့နှင့် ကိုက်ညီစေရန် မြန်မာအစိုးရ၏ ချီးကျူးထိုက်သည့် ကြိုးပမ်းအားထုတ်မှုဖြစ်သည်ဟု ယူနီဆက်က ထုတ်ပြန်ထားသည်။

“ယူနီဆက်အနဖြေင့် ဥပဒေကို အကောင်အထည်ဖော်ခြင်းနှင့် နောင်လာမည့် နည်းဥပဒေများ ဖော်ဆောင်ရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ၊ ဥပဒေများဖြင့် လိုက်လျောညီထွေမှု ရှိစေဖို့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် လူမှု အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေပါသည်” ဟု ယူနီဆက်မြန်မာ၏ ဌာနေကိုယ်စားလှယ် Ms. June Kunugi မှ ပြောကြားထားသည်။

ပြဌာန်းလိုက်သည့်ဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်နစ်နာသော ကလေးသူငယ်များသည် အထူးအလေးပေး ကာကွယ်စောင့်ရှောက်မှုလိုအပ်သည့် ကလေးများအဖြစ် အသိအမှတ်ပြုထားရာ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများအတွက် ပြစ်မှုမြောက်ခြင်း အဖြစ်သတ်မှတ်ပြီး လက်နက်ကိုင် ပဋိပက္ခအခြေအနေတွင် ကလေးများအတွက် ဥပဒေအရ ကာကွယ်ပေးနိုင်လာမည်ဖြစ်သည်။

အသစ်ပြဌာန်းလိုက်သည့် ဥပဒေတွင် ကလေးသူငယ်ကို အသက် (၁၈) နှစ် မပြည့်သေးသူဟု ပြဌာန်းပေးထားခြင်း၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် ကလေးများအားလုံးအတွက် အခြေခံကျပြီး ချွင်းချက်မရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည့် မွေးဖွားခြင်း မှတ်ပုံတင်ခွင့်ကို ရရှိစခြေင်း၊ လက်ထပ်ထိမ်းမြားခြင်း အသက် သတ်မှတ်ချက်ကို (၁၈) နှစ်ပြည့်ပြီးဟု သတ်မှတ်ခြင်း၊ အလုပ်လုပ်နိုင်ခွင့်ရှိသည့် ကလေး အသက်ကို (၁၄) နှစ်အောက် မငယ်စေရဟု သတ်မှတ်ခြင်း၊ သင့်လျော်သည့် စည်းမျဉ်းများ ပါသည့် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အခန်းအသစ် တစ်ခုကို ထည့်သွင်း ပြဋ္ဌာန်းထားခြင်း၊ ကလေးသူငယ်များ အပေါ်မည်သည့် အကြမ်းဖက်မှု ပုံစံမျိုးမဆို တားမြစ်ထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းအခန်းကို ထည့်သွင်းထားခြင်းနှင့် ပြစ်မှုကျူးလွန်သည့် ကလေးများအတွက် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ပြစ်မှု ကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်း အခန်းကိုလည်း ထည့်သွင်းထားခြင်းတို့ကြောင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်လာနိုင်မည်ဟု ယူနီဆက်က ထောက်ပြထားသည်။

Tachileik News Agency
Photo: UNICEF -Myanmar

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net