တာခ်ီလိတ္ၿမို႕နယ္အတြင္း စုေပါင္းစိုက္ပ်ိဳးထားသည့္အပင္မ်ားရွင္သန္ေရး သက္ဆိုင္ရာဌာနအလိုက္ တာ၀န္ယူေဆာင္ရြက္ရမည္

တာခ်ီလိတ္ၿမို႕နယ္အတြင္း စုေပါင္းစိုက္ပ်ိဳးထားသည့္အပင္မ်ားရွင္သန္ေရး သက္ဆိုင္ရာဌာနအလိုက္ တာ၀န္ယူေဆာင္ရြက္ရမည္
ဇူလိုင် 3, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕နယ္အတြင္း မိုးရာသီကာလတြင္ စုေပါင္းစိုက္ပ်ိဳးထားသည့္ အပင္မ်ား ရွင္သန္ေရးအတြက္ သက္ဆိုင္ရာဌာနမ်ားမွ တာ၀န္ယူေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလိုက္သည္။

"အပင္ေတြရွင္သန္ဖို႔အတြက္က ဝန္ႀကီးရဲ႕လမ္းညႊန္ခ်က္အတိုင္း စိုက္ပ်ိဳးတဲ့ပံုစံေျပာင္းလိုက္တာေပါ့။ ဌာနဆိုင္ရာေတြဆိုလည္း သက္ဆိုင္ရာဌာနအလိုက္ ရြာေတြကိုတာဝန္ေပးၿပီးေတာ့ အသီးသီးစိုက္ၾကတယ္။ ကၽြန္ေတာ္တို႔ဌာနဆိုရင္လည္း မိုင္းဖုန္းက ဆရာေတာ္ဘုရားႀကီးသာသနာ့နယ္ေျမမွာ တာဝန္ယူထားတယ္။ သတၱဳကုမၸဏီေတြလည္း ေက်းရြာအလိုက္တာဝန္ေပးထားပါတယ္။ အပင္ေတြရွင္သန္ဖို႔ကို သက္ဆိုင္ရာ နယ္ေျမခံအသင္းအဖြဲ႕ေတြ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ေပါင္းၿပီး ရွင္သန္မႈပိုင္းကို ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၉) ရက္ေန႔က  ပထမအႀကိမ္စုေပါင္းသစ္ပင္စိုက္ပ်ိဳးခဲ့ၿပီး က်န္ရိွသည့္အပင္မ်ားကို ဇူလိုင္လ (၆) ရက္ေန႔တြင္ စိုက္ပ်ိဳးရန္ျပင္ဆင္ေနျခင္းျဖစ္သည္။

"အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ေမြးေန႔ရယ္ ဇူလိုင္လပထမဆံုးအပတ္စေနေန႔မွာ ထပ္ၿပီးစိုက္ပ်ိဳးမွာေပါ့။ ခရိုင္၊ ၿမိဳ႕နယ္နဲ႔ ဌာနဆိုင္ရာအႀကီးအကဲေတြ၊ လူမႈေရးအသင္းအဖြဲ႕ေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပူးေပါင္းၿပီး ေဒသခံျပည္သူေတြပါ ပါမွာေပါ့။ အားလံုးပူးေပါင္းၿပီးေတာ့ မိုင္းကိုး အမွတ္ (၁၀၀၉) နယ္ျခားေစာင့္တပ္မွာ သစ္ပင္စိုက္ဖို႔လုပ္ထားပါတယ္။ အပင္အေရအတြက္ (၁,၀၀၀) ေလာက္စိုက္မွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုးရာသီကာလတြင္ အပင္ေပါင္း (၇၀,၀၀၀)ေက်ာ္ကို စိုက္ပ်ိဳးသြားရန္စီစဥ္ေနၿပီး သစ္ပင္စိုက္ပ်ိဳးလိုသူမ်ားအေနျဖင့္ တစ္ဦးခ်င္းျဖစ္ေစ၊ အသင္းအဖြဲ႕ျဖင့္ျဖစ္ေစ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပလာပါက ပ်ိဳးပင္မ်ားရရိွေအာင္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မိုးရာသီကာလတွင် စုပေါင်းစိုက်ပျိုးထားသည့် အပင်များ ရှင်သန်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

"အပင်တွေရှင်သန်ဖို့အတွက်က ဝန်ကြီးရဲ့လမ်းညွှန်ချက်အတိုင်း စိုက်ပျိုးတဲ့ပုံစံပြောင်းလိုက်တာပေါ့။ ဌာနဆိုင်ရာတွေဆိုလည်း သက်ဆိုင်ရာဌာနအလိုက် ရွာတွေကိုတာဝန်ပေးပြီးတော့ အသီးသီးစိုက်ကြတယ်။ ကျွန်တော်တို့ဌာနဆိုရင်လည်း မိုင်းဖုန်းက ဆရာတော်ဘုရားကြီးသာသနာ့နယ်မြေမှာ တာဝန်ယူထားတယ်။ သတ္တုကုမ္ပဏီတွေလည်း ကျေးရွာအလိုက်တာဝန်ပေးထားပါတယ်။ အပင်တွေရှင်သန်ဖို့ကို သက်ဆိုင်ရာ နယ်မြေခံအသင်းအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး ရှင်သန်မှုပိုင်းကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၁၉) ရက်နေ့က ပထမအကြိမ်စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပြီး ကျန်ရှိသည့်အပင်များကို ဇူလိုင်လ (၆) ရက်နေ့တွင် စိုက်ပျိုးရန်ပြင်ဆင်နခြေင်းဖြစ်သည်။

"အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့ရယ် ဇူလိုင်လပထမဆုံးအပတ်စနေနေ့မှာ ထပ်ပြီးစိုက်ပျိုးမှာပေါ့။ ခရိုင်၊ မြို့နယ်နဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဒေသခံပြည်သူတွေပါ ပါမှာပေါ့။ အားလုံးပူးပေါင်းပြီးတော့ မိုင်းကိုး အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်မှာ သစ်ပင်စိုက်ဖို့လုပ်ထားပါတယ်။ အပင်အရေအတွက် (၁,ဝဝဝ) လောက်စိုက်မှာပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း မိုးရာသီကာလတွင် အပင်ပေါင်း (၇၀,ဝဝဝ)ကျော်ကို စိုက်ပျိုးသွားရန်စီစဉ်နပြေီး သစ်ပင်စိုက်ပျိုးလိုသူများအနဖြေင့် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့ဖြင့်ဖြစ်စေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလာပါက ပျိုးပင်များရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net