တာခ်ီလိတ္ၿမိဳ႕တြင္းရွိ ေရႊဆိုင္မ်ားတြင္ အခ်က္ေပးစနစ္တပ္ဆင္ေရးႏွင့္ လံုၿခံဳေရး၀န္ထမ္းမ်ား ထားရွိေရးအတြက္ ရဲတပ္ဖြဲ႔က ေရႊဆိုင္ပိုင္ရွင္ႏွင့္တာ၀န္ရွိသူမ်ားအား ေခၚယူေတြ႔ဆံုေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕တြင္းရွိ ေရႊဆိုင္မ်ားတြင္ အခ်က္ေပးစနစ္တပ္ဆင္ေရးႏွင့္ လံုၿခံဳေရး၀န္ထမ္းမ်ား ထားရွိေရးအတြက္ ရဲတပ္ဖြဲ႔က ေရႊဆိုင္ပိုင္ရွင္ႏွင့္တာ၀န္ရွိသူမ်ားအား ေခၚယူေတြ႔ဆံုေဆြးေႏြး
ဇူလိုင် 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊   တာခ်ီလိတ္ၿမိဳ႕တြင္းရိွ ေရႊဆိုင္မ်ားတြင္ အႏုၾကမ္းစီးမႈမ်ားႏွင့္ လုယက္မႈမ်ား ကာကြယ္ႏိုင္ရန္အတြက္ အခ်က္ေပးစနစ္မ်ားႏွင့္ လံုၿခံဳေရး၀န္ထမ္းမ်ားထားရိွႏိုင္ေရးအတြက္ ေရႊဆိုင္ပိုင္ရွင္မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁၀) ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴးရံုးရွိ ခန္းမတြင္ ေတြ႕ဆံုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

"ခလုတ္ႏွိပ္ရင္ ဆိုင္မွာလည္း အသံျမည္သလို စခန္းမွာလည္း အသံျမည္တဲ့စနစ္ေပါ့။ ကိုယ့္ဆိုင္မွာျမည္တဲ့စနစ္က ကိုယ္အရင္ဆံုးလုပ္ထားဖို႔ အဆင္ေျပပါတယ္။ အသံစနစ္ေတာ့ေရြးရမွာေပါ့။ မီးသတ္ကား ဥၾသသံလိုမ်ိဳး၊ လူတာတင္ယာဥ္အသံမ်ိဴးေတာ့ ေရွာင္ရမွာေပါ့။ ေရႊဆိုင္ေတြမွာ လံုၿခံဳေရး၀န္ထမ္းေတြကို ယူနီေဖာင္း၀တ္ဆင္ဖို႔နဲ႔ က်င္စက္တပ္ဆင္ေပးမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ တရား၀င္ျဖစ္ေအာင္ အထက္ကို တင္ျပေပးပါမယ္။ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ လံုၿခံဳေရး၀န္ထမ္းေတြကို သင္တန္းေပးမယ္"ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔မွဴးရုံး(က်ိဳင္းတုံ)မွ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး မင္းေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမို႕တြင္ ဖြင့္လွစ္ထားသည့္ ေရႊဆိုင္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ေရႊဆိုင္မ်ားတြင္ လုယက္မႈမ်ားမက်ဴးလြန္ႏိုင္ေရးအတြက္ အခ်က္ေပးကိရိယာမ်ားတပ္ဆင္ရန္ႏွင့္ လံုၿခံဳေရး၀န္ထမ္းမ်ားကို လက္နက္အျပည့္အစံုျဖင့္ ထားရိွႏိုင္ေရးတင္ျပ ေဆြးေႏြးခဲ့ရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ကူညီေဆာင္ရြက္ေပးႏိုင္မည့္အခ်က္မ်ားကို ေဆြးေနြးခဲ့သည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔မွဴးရုံး(က်ိဳင္းတုံ)မွ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး မင္းေအာင္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး အပါအ၀င္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ေရႊဆိုင္လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးစိုင္းဆိုင္ေက်ာက္ အပါအ၀င္ ေရႊဆိုင္ပိုင္ရွင္မ်ားႏွင့္တာ၀န္ခံမ်ားအား ေခၚယူေတြ႔ဆံုကာ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

"ေရႊဆိုင္ေတြ လုယက္ခံရမႈမွာ အလစ္အငိုက္အခ်ိန္ေတြေပါ့။ ကၽြန္ေတာ္တို႔ဘက္က ညပိုင္းလွည့္ကင္းေတြ ပိတ္ဆို႔ေတြနဲ႔ ေဆာင္ရြက္ေပမယ့္လည္း ဆိုင္စဖြင့္တဲ့အခ်ိန္ေတြမွာ အျဖစ္မ်ားတာေပါ့။ သူတို႔ဘက္က ဘာေတြလိုအပ္တယ္။ ကၽြန္ေတာ္တို႔ဘက္က လံုၿခံဳေရးနဲ႔ပတ္သက္လို႔ရိွရင္ ဘာေတြေဆာင္ရြက္ေပးရမလဲ။ မိန္းကေလးေတြပဲရိွတဲ့ဆိုင္ဆိုရင္ အဟန္႔အတားျဖစ္ဖို႔ လံုၿခံဳေရးေတြထားရိွဖို႔ ေဆြးေႏြးခဲ့ပါတယ္။ အဓိက ကေတာ့ ျဖစ္ပြားသြားရင္ အျမန္ဆံုးသတင္းေပးဖို႔ေပါ့။ (၅) မိနစ္ (၁၀) မိနစ္အတြင္းသတင္းရရင္ ကၽြန္ေတာ္တို႔ဘက္က ကြန္ရက္ေတြျဖန္႔ၿပီးေတာ့ ဂိတ္ေတြပိတ္မယ္။ ေရႊဆိုင္ပိုင္ရွင္ေတြရဲ႕ဆႏၵက အလန္းျမည္တဲ့ဟာေတြတပ္ၿပီးေတာ့ ဆက္သြယ္တဲ့ကြန္ယက္ကိုလုပ္ခ်င္တဲ့အတြက္ ကၽြန္ေတာ္တို႔အထက္အႀကီးအကဲကလည္း ဒါေတြကို ခြင့္ျပဳႏိုင္ဖို႔ ဆက္လက္တင္ျပၿပီးေတာ့ ေဆာင္ရြက္ေပးဖို႔ စီစဥ္ထားတယ္။ ေရႊဆိုင္ပိုင္ရွင္ေတြက လံုၿခံဳေရးေတြခန္႔ခ်င္တယ္လို႔ တင္ျပလာတယ္။ သူတို႔လံုၿခံဳေရးအင္အား (၁၀) ေယာက္ေလာက္ရၿပီဆိုရင္ ကိုင္တြယ္မယ့္ နံပတ္တုတ္တို႔ လာမယ့္ဧည့္သည္ကို ထားရမယ့္အေနအထားတို႔ သူတို႔ကို လံုၿခံဳေရးအသိပညာေပးမွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ မတ္လ (၂၉) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးရိွ နန္းနန္းဘြန္းေက်ာက္ေရႊဆုိင္တြင္ အႏုၾကမ္းစီးမႈျဖစ္ပြားခဲ့ၿပီး၊ ၂၀၁၉ ခုႏွစ္ ဇြန္လ (၃) ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ မယ္ေခါင္ရပ္ကြက္၊ မဲေခါင္ျမစ္ဟိုတယ္ေဘးရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္ အႏုၾကမ္းစီးမႈ အပါအ၀င္ ဇူလိုင္လ(၈)ရက္ေန႔က ၀မ္ေကာင္းရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္ အႏုၾကမ္း၀င္စီးခံရရာ ၂၀၁၉ခုနွစ္အတြင္း ေရႊဆိုင္(၃)ဆိုင္ေျမာက္ အႏုၾကမ္း၀င္စီးခံရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင်းရှိ ရွှေဆိုင်များတွင် အနုကြမ်းစီးမှုများနှင့် လုယက်မှုများ ကာကွယ်နိုင်ရန်အတွက် အချက်ပေးစနစ်များနှင့် လုံခြုံရေးဝန်ထမ်းများထားရှိနိုင်ရေးအတွက် ရွှေဆိုင်ပိုင်ရှင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့တွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

"ခလုတ်နှိပ်ရင် ဆိုင်မှာလည်း အသံမြည်သလို စခန်းမှာလည်း အသံမြည်တဲ့စနစ်ပေါ့။ ကိုယ့်ဆိုင်မှာမြည်တဲ့စနစ်က ကိုယ်အရင်ဆုံးလုပ်ထားဖို့ အဆင်ပြေပါတယ်။ အသံစနစ်တော့ရွေးရမှာပေါ့။ မီးသတ်ကား ဥသြသံလိုမျိုး၊ လူတာတင်ယာဉ်အသံမျိူးတော့ ရှောင်ရမှာပေါ့။ ရွှေဆိုင်တွေမှာ လုံခြုံရေးဝန်ထမ်းတွေကို ယူနီဖောင်းဝတ်ဆင်ဖို့နဲ့ ကျင်စက်တပ်ဆင်ပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ တရားဝင်ဖြစ်အောင် အထက်ကို တင်ပြပေးပါမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို သင်တန်းပေးမယ်"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က ပြောသည်။

တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင် လုပ်ငန်းရှင်များအနဖြေင့် ရွှေဆိုင်များတွင် လုယက်မှုများမကျူးလွန်နိုင်ရေးအတွက် အချက်ပေးကိရိယာများတပ်ဆင်ရန်နှင့် လုံခြုံရေးဝန်ထမ်းများကို လက်နက်အပြည့်အစုံဖြင့် ထားရှိနိုင်ရေးတင်ပြ ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးနိုင်မည့်အချက်များကို ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင် နှင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး အပါအဝင် တာဝန်ရှိသူများက တာချီလိတ်ရွှေဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းဆိုင်ကျောက် အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့်တာဝန်ခံများအား ခေါ်ယူတွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"ရွှေဆိုင်တွေ လုယက်ခံရမှုမှာ အလစ်အငိုက်အချိန်တွေပေါ့။ ကျွန်တော်တို့ဘက်က ညပိုင်းလှည့်ကင်းတွေ ပိတ်ဆို့တွေနဲ့ ဆောင်ရွက်ပေမယ့်လည်း ဆိုင်စဖွင့်တဲ့အချိန်တွေမှာ အဖြစ်များတာပေါ့။ သူတို့ဘက်က ဘာတွေလိုအပ်တယ်။ ကျွန်တော်တို့ဘက်က လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် ဘာတွေဆောင်ရွက်ပေးရမလဲ။ မိန်းကလေးတွေပဲရှိတဲ့ဆိုင်ဆိုရင် အဟန့်အတားဖြစ်ဖို့ လုံခြုံရေးတွေထားရှိဖို့ ဆွေးနွေးခဲ့ပါတယ်။ အဓိက ကတော့ ဖြစ်ပွားသွားရင် အမြန်ဆုံးသတင်းပေးဖို့ပေါ့။ (၅) မိနစ် (၁၀) မိနစ်အတွင်းသတင်းရရင် ကျွန်တော်တို့ဘက်က ကွန်ရက်တွဖြေန့်ပြီးတော့ ဂိတ်တွေပိတ်မယ်။ ရွှေဆိုင်ပိုင်ရှင်တွေရဲ့ဆန္ဒက အလန်းမြည်တဲ့ဟာတွေတပ်ပြီးတော့ ဆက်သွယ်တဲ့ကွန်ယက်ကိုလုပ်ချင်တဲ့အတွက် ကျွန်တော်တို့အထက်အကြီးအကဲကလည်း ဒါတွေကို ခွင့်ပြုနိုင်ဖို့ ဆက်လက်တင်ပြပြီးတော့ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်။ ရွှေဆိုင်ပိုင်ရှင်တွေက လုံခြုံရေးတွေခန့်ချင်တယ်လို့ တင်ပြလာတယ်။ သူတို့လုံခြုံရေးအင်အား (၁၀) ယောက်လောက်ရပြီဆိုရင် ကိုင်တွယ်မယ့် နံပတ်တုတ်တို့ လာမယ့်ဧည့်သည်ကို ထားရမယ့်အနေအထားတို့ သူတို့ကို လုံခြုံရေးအသိပညာပေးမှာပေါ့"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မတ်လ (၂၉) ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ မယ်ခေါင်ရပ်ကွက်၊ မဲခေါင်မြစ်ဟိုတယ်ဘေးရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင် အနုကြမ်းစီးမှု အပါအဝင့် ဇူလိုင်လ(၈)ရက်နေ့က ဝမ်ကောင်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင် အနုကြမ်းဝင်စီးခံရရာ ၂၀၁၉ခုနှစ်အတွင်း ရွှေဆိုင်(၃)ဆိုင်မြောက် အနုကြမ်းဝင်စီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net