တာခ်ီလိတ္ၿမိဳ႕ေပၚ ေခ်ာင္းအနီးေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားမွ ေခ်ာင္းအတြင္း စည္းကမ္းမဲ့အမႈိက္မ်ား မစြန္႔ပစ္ေရးအတြက္ ေခၚယူသတိေပးမည္

တာခ်ီလိတ္ၿမိဳ႕ေပၚ ေခ်ာင္းအနီးေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားမွ ေခ်ာင္းအတြင္း စည္းကမ္းမဲ့အမႈိက္မ်ား မစြန္႔ပစ္ေရးအတြက္ ေခၚယူသတိေပးမည္
ဇူလိုင် 5, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္း သန္႔ရွင္းသာယာလွပေရးအတြက္ အပတ္စဥ္စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္ျခင္း အစီအစဥ္ကို စဥ္ဆက္မျပတ္ ေဆာင္ရြက္ေနေသာ္လည္း ၿမိဳ႕ေပၚေခ်ာင္းမ်ားအတြင္း အမိႈက္မ်ားစြန္႔ပစ္မႈရိွေနသည့္အတြက္  ေခ်ာင္းအနီးေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားကို ေခ်ာင္းအတြင္းစည္းကမ္းမဲ့အမိႈက္မစြန္႔ပစ္ေရးအတြက္ ေခၚယူေတြ႕ဆံုၿပီး သတိေပးမႈမ်ားႏွင့္ အသိပညာေပးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလိုက္သည္။

"တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ေရေခ်ာင္းနားမွာေနတဲ့သူေတြေခၚယူၿပီးေတာ့ အသိပညာေပးမွာေပါ့။ ေခ်ာင္းေတြကို ကၽြန္ေတာ္တို႔က ရွင္းတယ္။ ေနာက္ရက္ေတြမွာ အမိႈက္ပစ္တာေတြရိွတယ္။ ကၽြန္ေတာ္တို႔က စံျပ နမႈနာအျဖစ္ အမိႈက္ေကာက္တာကိုရက္သက္မွတ္ၿပီးေဆာင္ရြက္တယ္။ ဒီအေပၚမွာ လိုက္နာေဆာင္ရြက္ေစခ်င္တာေပါ့"ဟု တာခ်ီလိတ္ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း အမိႈက္ကင္းစင္ေရးအတြက္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္မႈကို ေဆာင္ရြက္ေနၿပီး ရပ္ကြက္မ်ားအတြင္း လူစည္ကားရာေနရာမ်ားတြင္ အမိႈက္ပံုးမ်ားခ်ထားေပးရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

"အမ်ားသူငါ သြားလာေနတဲ့ေနရာေတြမွာ အမိႈက္စြန္႔ပစ္ဖို႔ အမိႈက္ပံုးေတြ မရိွေသးဘူး၊ အဓိကက စည္းကမ္းမဲ့အမိႈက္မစြန္႔ပစ္ေစခ်င္ဘူးေပါ့။ အမိႈက္ပံုးေတြခ်ထားတဲ့ေနရာမွာ မိမိတို႔အိမ္ေတြက သံုးစြဲတဲ့အမိႈက္ေတြ မပစ္ဖို႔လည္းေမတၱာရပ္ခံခ်င္ပါတယ္။ ခ်ထားတဲ့အမိႈက္ပံုးေတြက သြားရင္းလာရင္းနဲ႔ အမိႈက္ပစ္ႏိုင္ေအာင္ ထားသြားမွာပါ"ဟု တာခ်ီလိတ္ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမို႕တြင္း စုေပါင္းအမိႈက္ေကာက္မႈကို ၂၀၁၉ ခုႏွစ္ မတ္လက စတင္ၿပီး အပတ္စဥ္စေနေန႔တိုင္း ေဆာင္ရြက္ခဲ့ၿပီး ဒုတိယ (၃) လပတ္အျဖစ္ ရပ္ကြက္မ်ားအတြင္း အမိႈက္ပံုးမ်ားခ်ထားေပးမႈမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ၿပီး မၾကာမီကာလတြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္သူမ်ားကို ဒဏ္ေငြေပးေဆာင္ခိုင္းမည့္အစီအစဥ္ကို စတင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်ခြင်း အစီအစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသော်လည်း မြို့ပေါ်ချောင်းများအတွင်း အမှိုက်များစွန့်ပစ်မှုရှိနေသည့်အတွက် ချောင်းအနီးနေအိမ်များတွင် နေထိုင်သူများကို ချောင်းအတွင်းစည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရေးအတွက် ခေါ်ယူတွေ့ဆုံပြီး သတိပေးမှုများနှင့် အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

"တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရေချောင်းနားမှာနေတဲ့သူတွေခေါ်ယူပြီးတော့ အသိပညာပေးမှာပေါ့။ ချောင်းတွေကို ကျွန်တော်တို့က ရှင်းတယ်။ နောက်ရက်တွေမှာ အမှိုက်ပစ်တာတွေရှိတယ်။ ကျွန်တော်တို့က စံပြ နမှုနာအဖြစ် အမှိုက်ကောက်တာကိုရက်သက်မှတ်ပြီးဆောင်ရွက်တယ်။ ဒီအပေါ်မှာ လိုက်နာဆောင်ရွက်စေချင်တာပေါ့"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင်း အမှိုက်ကင်းစင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မှုကို ဆောင်ရွက်နပြေီး ရပ်ကွက်များအတွင်း လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများချထားပေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"အများသူငါ သွားလာနေတဲ့နေရာတွေမှာ အမှိုက်စွန့်ပစ်ဖို့ အမှိုက်ပုံးတွေ မရှိသေးဘူး၊ အဓိကက စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်စေချင်ဘူးပေါ့။ အမှိုက်ပုံးတွေချထားတဲ့နေရာမှာ မိမိတို့အိမ်တွေက သုံးစွဲတဲ့အမှိုက်တွေ မပစ်ဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်။ ချထားတဲ့အမှိုက်ပုံးတွေက သွားရင်းလာရင်းနဲ့ အမှိုက်ပစ်နိုင်အောင် ထားသွားမှာပါ"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြောသည်။

တာချီလိတ်မြို့တွင်း စုပေါင်းအမှိုက်ကောက်မှုကို ၂၀၁၉ ခုနှစ် မတ်လက စတင်ပြီး အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်ခဲ့ပြီး ဒုတိယ (၃) လပတ်အဖြစ် ရပ်ကွက်များအတွင်း အမှိုက်ပုံးများချထားပေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မကြာမီကာလတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများကို ဒဏ်ငွေပေးဆောင်ခိုင်းမည့်အစီအစဉ်ကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net