တာခ်ီလိတ္ၿမို႕ ၀မ္ေကာင္းရပ္ကြက္အတြင္း အိမ္ခန္းငွားရမ္းေနထိုင္သည့္ သီလရွင္မ်ားကို ၀န္ခံကတိေရးထိုးေစကာ သတိေပး

တာခ်ီလိတ္ၿမို႕ ၀မ္ေကာင္းရပ္ကြက္အတြင္း အိမ္ခန္းငွားရမ္းေနထိုင္သည့္ သီလရွင္မ်ားကို ၀န္ခံကတိေရးထိုးေစကာ သတိေပး
ဇူလိုင် 4, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ မဂၤလာကုန္းေပၚတြင္ အိမ္ခန္းငွားရမ္းေနထိုင္သည့္ သီလရွင္ (၉) ပါးကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၄) ရက္ေန႔ နံနက္ပိုင္းက နဂါးႏွစ္ေကာင္ေက်ာင္းတိုက္တြင္ ၿမိဳ႕နယ္သံဃာ့နာယကဆရာေတာ္ႏွင့္ တာခ်ီလိတ္ခရိုင္သာသနာေရးဦးစီးဌာနမွ ၀န္ခံကတိေရးထိုးေစကာ သတိေပးလိုက္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ၀မ္ေကာင္းရပ္ကြက္ မဂၤလာကုန္းအပိုင္းမွာေပါ့ အိမ္ခန္းငွားေတြမွာ သီလရွင္ေတြေနတယ္ဆိုၿပီးေတာ့ ဆယ္အိမ္မွဴးေတြ၊ ေဘးအိမ္ေတြက ေျပာလာတဲ့အတြက္ သာသနာေရးအဖြဲ႕ေတြနဲ႔ပူးေပါင္းၿပီးေတာ့ အဲဒီေနရာကို သြားတယ္။ သြားေတာ့ အခန္းငွား (၄၊ ၅)ခန္းမွာ သီလရွင္ေတြေနတာေတြ႕တယ္။ ေနာက္အခန္းတစ္ခန္းမွာ သီလရွင္ (၄) ပါးေလာက္ေတြ႕တယ္။ အဲဒီ (၄) ပါးက အျခားကေနလာတယ္။ ဘာလုပ္ဖို႔လာလည္းဆိုေတာ့ တာခ်ီလိတ္မွာရိွတဲ့ သဘာ၀တရားရိပ္သာကို အလွဴလုပ္ခ်င္လို႔ ေျပာတယ္။ ဘာေတြလွဴမွာလည္းေမးေတာ့ ေလာေလာဆယ္လွဴစရာ မရိွေသးဘူး။ ဒီမွာအလွဴခံရင္းနဲ႔ သြားလွဴမယ္ဆိုေတာ့ သူတို႔ေျပာတာ သဘာ၀ မက်ဘူးေပါ့။ ဒီမနက္ေခၚေတာ့ လံုး၀မရိွေတာ့ဘူး။ ကၽြန္ေတာ္တို႔ ဘာသာကို အထင္မေသးေအာင္ သီလရွင္ေတြက အိမ္ေတြမွာ မရိွသင့္ဘူးေပါ့။ ေနာက္ေနာက္လည္း သတင္းၾကားရင္ ဆက္ေဖာ္ထုတ္သြားမွာေပါ့"ဟု ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၀မ္ေကာင္းရပ္ကြက္ မဂၤလာကုန္းေပၚရိွ အိမ္ခန္းငွားမ်ားတြင္ သီလရွင္မ်ားေနထိုင္ေနေၾကာင္း သတင္းရရိွသျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ သာသနာေရးရံုးမွ တာ၀န္ရိွသူမ်ား ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၃) ရက္ေန႔ညပိုင္းက သြားေရာက္စစ္ေဆးရာတြင္ သီလရွင္မ်ားေနထိုင္ေနေၾကာင္း စစ္ေဆးေတြ႕ရိွရသျဖင့္ ဇူလိုင္လ (၄) ရက္ေန႔ နံနက္ပိုင္းက နဂါးႏွစ္ေကာင္ေက်ာင္းတိုက္သို႔ ေခၚယူၿပီး တစ္ပတ္အတြင္း ေနအိမ္မ်ားမွထြက္ခြါကာ သင့္ေတာ္ရာေက်ာင္းမ်ားတြင္ သတင္းသံုးေနထိုင္ရန္၊ သီလရွင္မ်ား လိုက္နာရမည့္ စည္းကမ္းက်င့္၀တ္မ်ား လိုက္နာေဆာင္ရြက္ရမည္ျဖစ္ၿပီး လိုက္နာျခင္းမရိွပါက ဥပေဒအရအေရးယူေဆာင္ရြက္မႈ ခံယူမည္ျဖစ္ေၾကာင္း ကတိလက္မွတ္ ေရးထိုးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း သကၤန္းဝတ္ျဖင့္ လူျမင္ကြင္းမ်ားတြင္ သာသနာႏွင့္ မအပ္စပ္သည့္ လုပ္ငန္းမ်ားလုပ္ကိုင္ေနျခင္းနွင့္ အလွဴခံမႈမ်ားေတြ႕ရိွပါက ၿမိဳ႕နယ္သံဃာ့နာယကအဖြဲ႕၊ အက်ိဳးေတာ္ေဆာင္ဆရာေတာ္ ဖုန္း-၀၉၂၆၂၃၂၃၂၅၀၊ သာသနာထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕၊ သာ/ျပဳဗဟိုဆရာေတာ္ ဖုန္း-၀၉၂၆၃၃၅၁၄၁၃၊ ခရိုင္သာသနာေရးမွဴး ဖုန္း-၀၉၂၅၂၀၉၃၉၆၆ ႏွင့္ ၿမို႕နယ္သာသနာေရးမွဴး ဖုန္း-၀၉၇၇၃၇၂၇၉၅၉ မ်ားသို႔ ဆက္သြယ္ အေၾကာင္းၾကားႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မင်္ဂလာကုန်းပေါ်တွင် အိမ်ခန်းငှါးရမ်းနေထိုင်သည့် သီလရှင် (၉) ပါးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်တွင် မြို့နယ်သံဃာ့နာယကဆရာတော်နှင့် တာချီလိတ်ခရိုင်သာသနာရေးဦးစီးဌာနမှ ဝန်ခံကတိရေးထိုးစေကာ သတိပေးလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဝမ်ကောင်းရပ်ကွက် မင်္ဂလာကုန်းအပိုင်းမှာပေါ့ အိမ်ခန်းငှါးတွေမှာ သီလရှင်တွေနေတယ်ဆိုပြီးတော့ ဆယ်အိမ်မှူးတွေ၊ ဘေးအိမ်တွေက ပြောလာတဲ့အတွက် သာသနာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ အဲဒီနေရာကို သွားတယ်။ သွားတော့ အခန်းငှါး (၄၊ ၅)ခန်းမှာ သီလရှင်တွေနေတာတွေ့တယ်။ နောက်အခန်းတစ်ခန်းမှာ သီလရှင် (၄) ပါးလောက်တွေ့တယ်။ အဲဒီ (၄) ပါးက အခြားကနေလာတယ်။ ဘာလုပ်ဖို့လာလည်းဆိုတော့ တာချီလိတ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို အလှူလုပ်ချင်လို့ ပြောတယ်။ ဘာတွေလှူမှာလည်းမေးတော့ လောလောဆယ်လှူစရာ မရှိသေးဘူး။ ဒီမှာအလှူခံရင်းနဲ့ သွားလှူမယ်ဆိုတော့ သူတို့ပြောတာ သဘာဝ မကျဘူးပေါ့။ ဒီမနက်ခေါ်တော့ လုံးဝမရှိတော့ဘူး။ ကျွန်တော်တို့ ဘာသာကို အထင်မသေးအောင် သီလရှင်တွေက အိမ်တွေမှာ မရှိသင့်ဘူးပေါ့။ နောက်နောက်လည်း သတင်းကြားရင် ဆက်ဖော်ထုတ်သွားမှာပေါ့"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ကောင်းရပ်ကွက် မင်္ဂလာကုန်းပေါ်ရှိ အိမ်ခန်းငှါးများတွင် သီလရှင်များနေထိုင်နေကြောင်း သတင်းရရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သာသနာရေးရုံးမှ တာဝန်ရှိသူများ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ညပိုင်းက သွားရောက်စစ်ဆေးရာတွင် သီလရှင်များနေထိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇူလိုင်လ (၄) ရက်နေ့ နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ခေါ်ယူပြီး တစ်ပတ်အတွင်း နေအိမ်များမှထွက်ခွာကာ သင့်တော်ရာကျောင်းများတွင် သတင်းသုံးနေထိုင်ရန်၊ သီလရှင်များ လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်မှု ခံယူမည်ဖြစ်ကြောင်း ကတိလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း သင်္ကန်းဝတ်ဖြင့် လူမြင်ကွင်းများတွင် သာသနာနှင့် မအပ်စပ်သည့် လုပ်ငန်းများလုပ်ကိုင်နခြေင်းနှင့် အလှူခံမှုများတွေ့ရှိပါက မြို့နယ်သံဃာ့နာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် ဖုန်း-ဝ၉၂၆၂၃၂၃၂၅၀၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သာ/ပြုဗဟိုဆရာတော် ဖုန်း-ဝ၉၂၆၃၃၅၁၄၁၃၊ ခရိုင်သာသနာရေးမှူး ဖုန်း-ဝ၉၂၅၂၀၉၃၉၆၆ နှင့် မြို့နယ်သာသနာရေးမှူး ဖုန်း-ဝ၉၇၇၃၇၂၇၉၅၉ များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net