လားရႈိးၿမိဳ႕တြင္ ရပ္ကြက္အတြင္း ဓါးကိုင္ေသာင္းက်န္းေနသူကို ၀ိုင္း၀န္းဖမ္းဆီးရာက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဓါးဒဏ္ရာရ

လားရႈိးၿမိဳ႕တြင္ ရပ္ကြက္အတြင္း ဓါးကိုင္ေသာင္းက်န္းေနသူကို ၀ိုင္း၀န္းဖမ္းဆီးရာက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဓါးဒဏ္ရာရ
ဇူလိုင် 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမဳိ႕တြင္ လမ္းေပၚ၌ ဓါးကိုင္ရမ္းကားေနသူအား တားျမစ္ရန္ႀကိဳးစားသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး  မ်က္ႏွာတြင္  ဓါးဒဏ္ရာရသြားေၾကာင္း သိရသည္။

ရပ္ကြက္ (၆) တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၈) ရက္ေန႔ ညေနပိုင္းက အမ်ိဳးသားတစ္ဦး ဓါးရွည္တစ္ေခ်ာင္းကိုင္ေဆာင္၍ လမ္းသြားလမ္းလာမ်ားကို ရမ္းကားေနသည္ဟု သတင္းရသည့္အတြက္ အဆိုပါရပ္ကြက္၏ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဖိုးၾကြယ္က အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ သြားေရာက္တားျမစ္ရာမွ ဓါးျဖင့္ခုတ္မိ၍ ဝဲဘက္မ်က္ခံုးေပၚ၌ ျပတ္ရွဒဏ္ရာ( ၁ ) ခ်က္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လမ္းသြားလမ္းလာမ်ားအေပၚ ဓါးကိုင္ရမ္းကားေနသည့္ ေစာေရႊဆိုသူသည္ ၎အား ဖမ္းဆီးမည့္အဖြဲ႔အား ေတြ႔ရသည့္အတြက္ နဂါးတြင္းလမ္းဘက္သို႔ ထြက္ေျပးသြားရာ ပူးေပါင္းအဖြဲ႔မွ လိုက္လံဖမ္းဆီးစဥ္ ေစာေရႊသည္ ဓါးအား ေ၀ွ႔ရမ္းကာ အနားမကပ္နဲ႔ ဟု ေျပာၿပီး ဆက္လက္ေ၀ွ႔ရမ္းရာမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ာ ဓါးဒဏ္ရာရရွိသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါးကိုင္ေသာင္းက်န္းေနသူ အသက္ (၃၇)ႏွစ္အရြယ္ ေစာေရႊအား ဝိုင္းဝန္းဖမ္းဆီးၿပီး  လားရိႈးၿမိဳ႕မရဲစခန္းတြင္ ( ပ )၂၅၅/ ၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ-၃၃၃ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း  သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လမ်းပေါ်၌ ဓားကိုင်ရမ်းကားနေသူအား တားမြစ်ရန်ကြိုးစားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး မျက်နှာတွင် ဓားဒဏ်ရာရသွားကြောင်း သိရသည်။

ရပ်ကွက် (၆) တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ဓားရှည်တစ်ချောင်းကိုင်ဆောင်၍ လမ်းသွားလမ်းလာများကို ရမ်းကားနေသည်ဟု သတင်းရသည့်အတွက် အဆိုပါရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖိုးကြွယ်က အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်တားမြစ်ရာမှ ဓားဖြင့်ခုတ်မိ၍ ဝဲဘက်မျက်ခုံးပေါ်၌ ပြတ်ရှဒဏ်ရာ( ၁ ) ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းသွားလမ်းလာများအပေါ် ဓားကိုင်ရမ်းကားနေသည့် စောရွှေဆိုသူသည်၎င်းအား ဖမ်းဆီးမည့်အဖွဲ့အား တွေ့ရသည့်အတွက် နဂါးတွင်းလမ်းဘက်သို့ ထွက်ပြေးသွားရာ ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် စောရွှေသည် ဓားအား ဝှေ့ရမ်းကာ အနားမကပ်နဲ့ ဟု ပြောပြီး ဆက်လက်ဝှေ့ရမ်းရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဓားဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓားကိုင်သောင်းကျန်းနေသူ အသက် (၃၇)နှစ်အရွယ် စောရွှေအား ဝိုင်းဝန်းဖမ်းဆီးပြီး လားရှိုးမြို့မရဲစခန်းတွင် ( ပ )၂၅၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net