မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္(၃)ခုတြင္ Save The Children က ကေလးသူငယ္မ်ားအတြက္ ပညာေရး ကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ အခြင့္အေရးဆိုင္ရာမ်ားကို (၅)ႏွစ္တာစီမံကိန္းျဖင့္ ေဆာင္ရြက္မည္

မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္(၃)ခုတြင္ Save The Children က ကေလးသူငယ္မ်ားအတြက္ ပညာေရး ကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ အခြင့္အေရးဆိုင္ရာမ်ားကို (၅)ႏွစ္တာစီမံကိန္းျဖင့္ ေဆာင္ရြက္မည္
ဇူလိုင် 11, 2019
By Tachileik News Agency

ကေလးသူငယ္မ်ားအတြက္ ပညာေရး၊ ကေလးသူငယ္ကာကြယ္ ေစာင့္ေရွာက္ေရး ၊ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ စီမံအုပ္ခ်ဳပ္မႈစီမံကိန္း ကို ၂၀၁၉ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ (၅)ႏွစ္တာကာလအတြင္း မေကြးတိုင္းေဒသႀကီးအတြင္းရိွ ၿမိဳ႕နယ္(၃)ခုတြင္ Save The Children ၏ ဦးေဆာင္မႈျဖင့္ အေကာင္အထည္ ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္္း သိရသည္။

“ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးအစီအစဥ္၊ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာစီမံအုပ္ခ်ဳပ္ မႈ အစီအစဥ္၊ ပညာေရးဆိုင္ရာအစီအစဥ္ ဆိုၿပီး အပိုင္း(၃)ခုကို ၂၀၁၉ခုႏွစ္ကေန ၂၀၂၃ ခုႏွစ္အထိ (၅)ႏွစ္တာ စီမံကိန္းနဲ႔ မေကြးတိုင္းအတြင္းက မေကြး၊ ေပါက္နဲ႔ ၿမိဳင္ၿမိဳ႕နယ္ေတြမွာ ေဆာင္ရြက္ သြားမွာျဖစ္ပါတယ္”ဟု Guardian  Network စီမံကိန္းမန္ေနဂ်ာ ကိုလင္းသူေအာင္ က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

Save The Children (Myanmar)မွ Social Care Voluteer Group (Magway) , Guardian Network တို႔ႏွင့္ပူးေပါင္း၍ ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရး အစီအစဥ္အေနျဖင့္ မိဘ၊ ဆရာမ်ားက ကေလးမ်ားအား ရိုက္ႏွက္ဆံုးမျခင္းမ်ား ပေပ်ာက္ေစရန္၊ ကေလးမ်ားအေပၚ မေတာ္မတရားျပဳမူျခင္း၊ အၾကမ္းဖက္ျခင္းမ်ား ေလ်ာ့နည္းပေပ်ာက္ေစရန္၊ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာစီမံအုပ္ခ်ဳပ္ မႈ အစီအစဥ္အေနျဖင့္ ကေလးသူငယ္မ်ား၏ အခြင့္အေရးကို ျမွင့္တင္ေပးႏိုင္ရန္၊ ကေလးမ်ား ကိုယ္ရည္ ကိုယ္ေသြးျမင့္ေစရန္၊ ၎တို႔ရပိုင္ခြင့္ရိွသည့္ အခြင့္အေရးပိုင္းဆိုင္ရာမ်ားကို သိရိွေစရန္၊ ပညာေရးဆိုင္ရာ အစီအစဥ္အေနျဖင့္ မိဘဆရာအသင္းမ်ား အားေကာင္းလာေစရန္၊ ပညာေရးပိုင္းဆိုင္ရာ သင္ယူေရးအခြင့္ အလမ္းမ်ား ပိုမိုအားေကာင္းလာေစရန္ အဓိကထား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္း အသိေပးမိတ္ဆက္ပဲြအခမ္းအနားကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၁)ရက္နံနက္ပိုင္းက  မေကြးၿမိဳ႕ စုေပါင္းရံုး အစည္းအေဝးခန္းမတြင္  ျပဳလုပ္ရာ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအး က တိုင္း၊ခရိုင္၊ၿမိဳ႕နယ္မ်ားမွ အမ်ိဳးသမီးေကာ္မတီမ်ား၊ ပညာေရးဝန္ထမ္းမ်ားက ပူးေပါင္းေဆာင္ ရြက္ၾကရန္ တိုက္တြန္းေျပာၾကားခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွဆန္းက ၎တို႔ႏွင့္ပူး ေပါင္းေဆာင္ရြက္ရန္ႏွင့္ ကေလးမ်ား ေဘးကင္းသည့္ အစားအေသာက္မ်ား စားသံုးႏိုင္ေစရန္လည္း ျဖည့္ စြက္ေဆာင္ရြက္ၾကရန္ အၾကံျပဳေျပာၾကားခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကလေးသူငယ်များအတွက် ပညာရေး၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချုပ်မှုစီမံကိန်း ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅)နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)ခုတွင် Save The Children၏ ဦးဆောင်မှုဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာစီမံအုပ်ချုပ် မှု အစီအစဉ်၊ ပညာရေးဆိုင်ရာအစီအစဉ် ဆိုပြီး အပိုင်း(၃)ခုကို ၂၀၁၉ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ (၅)နှစ်တာ စီမံကိန်းနဲ့ မကွေးတိုင်းအတွင်းက မကွေး၊  ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု Guardian Network စီမံကိန်းမန်နေဂျာ ကိုလင်းသူအောင် က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

Save The Children (Myanmar)မှ Social Care Voluteer Group (Magway) , Guardian Network တို့နှင့်ပူးပေါင်း၍ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အနဖြေင့် မိဘ၊ ဆရာများက ကလေးများအား ရိုက်နှက်ဆုံးမခြင်းများ ပပျောက်စေရန်၊ ကလေးများအပေါ် မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်းများ လျော့နည်းပပျောက်စေရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာစီမံအုပ်ချုပ် မှု အစီအစဉ်အနဖြေင့် ကလေးသူငယ်များ၏ အခွင့်အရေးကို မြှင့်တင်ပေးနိုင်ရန်၊ ကလေးများ ကိုယ်ရည် ကိုယ်သွေးမြင့်စေရန်၊၎င်းတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးပိုင်းဆိုင်ရာများကို သိရှိစေရန်၊ ပညာရေးဆိုင်ရာ အစီအစဉ်အနဖြေင့် မိဘဆရာအသင်းများ အားကောင်းလာစေရန်၊ ပညာရေးပိုင်းဆိုင်ရာ သင်ယူရေးအခွင့် အလမ်းများ ပိုမိုအားကောင်းလာစေရန် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အသိပေးမိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက်နံနက်ပိုင်းက မကွေးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က တိုင်း၊ခရိုင်၊မြို့နယ်များမှ အမျိုးသမီးကော်မတီများ၊ ပညာရေးဝန်ထမ်းများက ပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက၎င်းတို့နှင့်ပူး ပေါင်းဆောင်ရွက်ရန်နှင့် ကလေးများ ဘေးကင်းသည့် အစားအသောက်များ စားသုံးနိုင်စေရန်လည်း ဖြည့် စွက်ဆောင်ရွက်ကြရန် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net