တာခ်ီလိတ္တြင္ (၁)လေက်ာ္အၾကာက ခိုးယူခံရသည့္ ေရႊထည္ပစၥည္းႏွင့္ ပတ္သက္၍ တရားခံမ်ားအား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ (၁)လေက်ာ္အၾကာက ခိုးယူခံရသည့္ ေရႊထည္ပစၥည္းႏွင့္ ပတ္သက္၍ တရားခံမ်ားအား ဖမ္းဆီးရမိ
ဇူလိုင် 2, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမို႕ ဆန္ဆိုင္း(က) ရပ္ကြက္အတြင္းရိွ အမ်ိဳးသမီး (၁) ဦးမွ ေရႊထည္ပစၥည္းေပ်ာက္ဆံုးမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၉၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ(၃၈၀)ျဖင့္ လြန္ခဲ့ေသာ (၁) လေက်ာ္က အမႈဖြင့္လွစ္အၿပီး သက္ေသခံပစၥည္းေရႊထည္အခ်ိဳ႕ကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၂) ရက္ေန႔တြင္ ရွာေဖြသိမ္းဆည္းႏိုင္ခဲ့ေၾကာင္း ႏွင့္ တရားခံမ်ားအား ဖမ္းဆီးရမိသိရသည္။

တရားခံမ်ားအား ဖမ္းဆီးရရွိမႈႏွင့္ သက္ေသခံပစၥည္းမ်ား ျပန္လည္ရွာေဖြေတြ႔ရွိမႈမွာ ခိုးယူခံရစဥ္က ပါသြားသည့္ ဖုန္းမ်ား၏ ID အား ေျခရာခံျခင္းကစ၍ ေဖာ္ထုတ္ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

"ပန္စလိေက်းရြာမွာေတြ႕တာ။ (၃၀) ရက္ (၅) လပိုင္းက ဆန္ဆိုင္း(က)ထဲက ခြါညိဳလမ္းထဲမွာ ေပ်ာက္တဲ့အမႈ။ ဖုန္း (၃) လံုးပါသြားတယ္။ ဖုန္း (၁) လံုးက ID နဲ႔ခ်ိတ္ထားတာရိွတယ္။ ID နံပတ္ယူၿပီးအၿမဲတမ္းရွာေနတာေပါ့။ Location ေပၚတယ္။ လိုက္ၾကည့္လိုက္ေတာ့ ပါလွ်ံက အလွျပင္ဆိုင္ကေကာင္မေလးဆီမွာေရာက္ေနတယ္။ အဲဒီဖုန္း ID နံပတ္နဲ႔ေခၚၾကည့္ေတာ့လည္း ID နံပတ္ကေပၚတယ္။ ေပၚေတာ့ ေကာင္မေလးကိုေမးတာေပါ့။ ဒီဖုန္းက ဘယ္ကရတာလည္း သူ႕အေဖေပးထားတာလို႔ေျပာတယ္။ သူ႕အေဖကိုေခၚစစ္ေတာ့ အျခားတစ္ေယာက္ဆီက ၀ယ္ထားတာလို႔သိရတယ္။ အဲဒီတစ္ေယာက္ ပန္စလိမွာပဲေနတာ။ သူ႕ကိုေမးေတာ့ ေနာက္တစ္ေယာက္ကိုထပ္ေျပာတယ္။ မိုင္းကိုးမွာေနတဲ့တစ္ေယာက္ကို ထပ္ရွာၿပီး (၂) ေယာက္ေပါင္းစစ္တာေပါ့။ သူတို႔ကိုခြဲစစ္လိုက္ေတာ့ ဒီေန႔မွာ ၀န္ခံတာေပါ့။ ေရႊထည္ေတြကို ပန္စလိမွာေရာင္းထားတယ္ဆိုလို႔ ရာဘာၿခံ လ်ိဳထဲက တစ္ေယာက္ဆီကသြားသိမ္းလာတာ"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမို႕ မိုင္းဟဲေက်းရြာအုပ္စု ပန္စလိရြာ ေရာ္ဘာၿခံအတြင္းမွ ပန္းပြင့္ပံုဆြဲသီးပါေရႊဆြဲႀကိဳး (၁) ကံုး (အေလးခ်ိန္(၇၃.၇၀)ဂရမ္ခန္႔)၊ ေက်ာက္ျဖဴကြပ္ေရႊျဖဴလက္စြပ္ (၁) ကြင္း(အေလးခ်ိန္(၁)မတ္သားခန္႔)၊ ေရႊျဖဴဆြဲႀကိဳး (၁) ကံုး(အေလးခ်ိန္(၆)ဂရမ္ခန္႔)တို႔ကို ရွာေဖြသိမ္းဆည္းႏိုင္ခဲ့ၿပီး ပစၥည္းလက္ခံ၀ယ္ယူသူ ဦးေက်ာ္ျမင့္ အပါအ၀င္ တရားခံ ေက်ာ္ထြန္းလင္း(ခ)သားငယ္ႏွင့္ ရဲမင္းထက္တို႔ကို ဖမ္းဆီးထားရွိၿပီး ဥပေဒအရအေရးယူႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းရှိ အမျိုးသမီး (၁) ဦးမှ ရွှေထည်ပစ္စည်းပျောက်ဆုံးမှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၉၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ(၃၈၀)ဖြင့် လွန်ခဲ့သော (၁) လကျော်က အမှုဖွင့်လှစ်အပြီး သက်သေခံပစ္စည်းရွှေထည်အချို့ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တွင် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း နှင့် တရားခံများအား ဖမ်းဆီးရမိသိရသည်။

တရားခံများအား ဖမ်းဆီးရရှိမှုနှင့် သက်သေခံပစ္စည်းများ ပြန်လည်ရှာဖွေတွေ့ရှိမှုမှာ ခိုးယူခံရစဉ်က ပါသွားသည့် ဖုန်းများ၏ ID အား ခြေရာခံခြင်းကစ၍ ဖော်ထုတ်ရမိခြင်းဖြစ်ကြောင်း သိရသည်။

"ပန်စလိကျေးရွာမှာတွေ့တာ။ (၃၀) ရက် (၅) လပိုင်းက ဆန်ဆိုင်း(က)ထဲက ခွာညိုလမ်းထဲမှာ ပျောက်တဲ့အမှု။ ဖုန်း (၃) လုံးပါသွားတယ်။ ဖုန်း (၁) လုံးက ID နဲ့ချိတ်ထားတာရှိတယ်။ ID နံပတ်ယူပြီးအမြဲတမ်းရှာနေတာပေါ့။ Location ပေါ်တယ်။ လိုက်ကြည့်လိုက်တော့ ပါလျှံက အလှပြင်ဆိုင်ကကောင်မလေးဆီမှာရောက်နေတယ်။ အဲဒီဖုန်း ID နံပတ်နဲ့ခေါ်ကြည့်တော့လည်း ID နံပတ်ကပေါ်တယ်။ ပေါ်တော့ ကောင်မလေးကိုမေးတာပေါ့။ ဒီဖုန်းက ဘယ်ကရတာလည်း သူ့အဖေပေးထားတာလို့ပြောတယ်။ သူ့အဖေကိုခေါ်စစ်တော့ အခြားတစ်ယောက်ဆီက ဝယ်ထားတာလို့သိရတယ်။ အဲဒီတစ်ယောက် ပန်စလိမှာပဲနေတာ။ သူ့ကိုမေးတော့ နောက်တစ်ယောက်ကိုထပ်ပြောတယ်။ မိုင်းကိုးမှာနေတဲ့တစ်ယောက်ကို ထပ်ရှာပြီး (၂) ယောက်ပေါင်းစစ်တာပေါ့။ သူတို့ကိုခွဲစစ်လိုက်တော့ ဒီနေ့မှာ ဝန်ခံတာပေါ့။ ရွှေထည်တွေကို ပန်စလိမှာရောင်းထားတယ်ဆိုလို့ ရာဘာခြံ လျိုထဲက တစ်ယောက်ဆီကသွားသိမ်းလာတာ"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု ပန်စလိရွာ ရော်ဘာခြံအတွင်းမှ ပန်းပွင့်ပုံဆွဲသီးပါရွှေဆွဲကြိုး (၁) ကုံး (အလေးချိန်(၇၃.၇၀)ဂရမ်ခန့်)၊ ကျောက်ဖြူကွပ်ရွှဖြေူလက်စွပ် (၁) ကွင်း(အလေးချိန်(၁)မတ်သားခန့်)၊ ရွှဖြေူဆွဲကြိုး (၁) ကုံး(အလေးချိန်(၆)ဂရမ်ခန့်)တို့ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပြီး ပစ္စည်းလက်ခံဝယ်ယူသူ ဦးကျော်မြင့် အပါအဝင် တရားခံ ကျော်ထွန်းလင်း(ခ)သားငယ်နှင့် ရဲမင်းထက်တို့ကို ဖမ်းဆီးထားရှိပြီး ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net