ေက်ာင္းသား(၅)ဦး စီးနင္းလာသည့္ ဆိုင္ကယ္အား (၁၂)ဘီးယာဥ္မွ ၀င္တိုက္မိ၍ ေက်ာင္းသား(၅)ဦး ေသဆံုး

ေက်ာင္းသား(၅)ဦး စီးနင္းလာသည့္ ဆိုင္ကယ္အား (၁၂)ဘီးယာဥ္မွ ၀င္တိုက္မိ၍ ေက်ာင္းသား(၅)ဦး ေသဆံုး
ဇူလိုင် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) သိန္းနီၿမိဳ႕နယ္ နားတီးေက်းရြာအနီး လမ္းမႀကီးတြင္ ေက်ာင္းသား (၅)ဦးစီးနင္းလာသည့္ ဆုိင္ကယ္ႏွင့္ (၁၂)ဘီးယာဥ္တို႔ တုိက္မိ၍ ဆုိင္ကယ္ေပၚမွ ေက်ာင္းသား (၅)ဦးလံုး ေသဆံုးသြားေၾကာင္း သိရသည္။

ခ်င္းေရႊေဟာ္-သိန္းနီ လမ္းပိုင္းရွိ မိုင္တိုင္အမွတ္ (၃၀) အနီး၊ နားတီးေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၆) ရက္ေန႔ ညေနပိုင္းက ေျမဆီအိတ္မ်ား တင္ေဆာင္လာေသာ (၁၂) ဘီးယာဥ္ႏွင့္ ေက်ာင္းသား (၄)ဦးကိုတင္ေဆာင္လာသည့္ ဆိုင္ကယ္တစ္စီးတိုက္မိခဲ့ရာ ဆိုင္ကယ္ေမာင္းႏွင္သူအပါအဝင္ ဆုိင္ကယ္ေပၚလုိ္က္ပါလာသူ (၅)ဦးလံုး ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္ (၁၇)ႏွစ္အရြယ္ ေမာင္ရႈကိုင္၊ ဆုိင္ကယ္ေနာက္တြင္ စီးနင္းလုိက္ပါလာသူမ်ားျဖစ္ၾကသည့္ အသက္(၇)ႏွစ္အရြယ္ ေမာင္ထိုင္ရံႈ႕ႏွင့္ေမာင္လင္စိန္၊ အသက္(၅)ႏွစ္အရြယ္ ေမာင္ရင္ဟိုင္တို႔မွာ ေနရာတြင္ ေသဆံုးသြားၿပီး အသက္ (၇)ႏွစ္အရြယ္ ေမာင္ယံုရံႈ႕မွာ နမ့္စလပ္ေဆးရံုသို႔ တင္ပို႔စဥ္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ဖက္ယာဥ္ေၾကာသို႔ေရာက္ရိွကာ ဆိုင္ကယ္အား ဝင္တုိက္မိခဲ့သည့္ (၁၂)ဘီးယာဥ္အား ေမာင္းႏွင္သူ ေအာင္ျမင့္ကို သိန္းနီၿမိဳ႕နယ္ နမ့္စလပ္နယ္ေျမရဲစခန္းတြင္ ယာဥ္( ပ ) ၈/ ၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉/ ၃၀၄ ( က )  ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု - ယာဥ္ထိန္းတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သိန်းနီမြို့နယ် နားတီးကျေးရွာအနီး လမ်းမကြီးတွင် ကျောင်းသား (၅)ဦးစီးနင်းလာသည့် ဆိုင်ကယ်နှင့် (၁၂)ဘီးယာဉ်တို့ တိုက်မိ၍ ဆိုင်ကယ်ပေါ်မှ ကျောင်းသား (၅)ဦးလုံး သေဆုံးသွားကြောင်း သိရသည်။

ချင်းရွှေဟော်-သိန်းနီ လမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၃၀) အနီး၊ နားတီးကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ညနေပိုင်းက မြေဆီအိတ်များ တင်ဆောင်လာသော (၁၂) ဘီးယာဉ်နှင့် ကျောင်းသား (၄)ဦးကိုတင်ဆောင်လာသည့် ဆိုင်ကယ်တစ်စီးတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူအပါအဝင် ဆိုင်ကယ်ပေါ်လို်က်ပါလာသူ (၅)ဦးလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၁၇)နှစ်အရွယ် မောင်ရှုကိုင်၊ ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူများဖြစ်ကြသည့် အသက်(၇)နှစ်အရွယ် မောင်ထိုင်ရှုံ့နှင့်မောင်လင်စိန်၊ အသက်(၅)နှစ်အရွယ် မောင်ရင်ဟိုင်တို့မှာ နေရာတွင် သေဆုံးသွားပြီး အသက် (၇)နှစ်အရွယ် မောင်ယုံရှုံ့မှာ နမ့်စလပ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့သည့် (၁၂)ဘီးယာဉ်အား မောင်းနှင်သူ အောင်မြင့်ကို သိန်းနီမြို့နယ် နမ့်စလပ်နယ်မြေရဲစခန်းတွင် ယာဉ်( ပ ) ၈/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/ ၃၀၄ ( က ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ယာဉ်ထိန်းတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net