တာခ်ီလိတ္ခရိုင္အတြင္း ရာဘာစိုက္ပ်ိဳးထုတ္လုပ္သည့္ လုပ္ငန္းရွင္ (၃၀)ဦးကို ရန္ကုန္ႏွင့္မြန္ျပည္နယ္ရွိ ရာဘာစိုက္ပ်ဳိးေရးၿခံမ်ားသို႔ ေလ့လာေရးပို႔ေဆာင္ရန္ စီစဥ္ထား

တာခ်ီလိတ္ခရိုင္အတြင္း ရာဘာစိုက္ပ်ိဳးထုတ္လုပ္သည့္ လုပ္ငန္းရွင္ (၃၀)ဦးကို ရန္ကုန္ႏွင့္မြန္ျပည္နယ္ရွိ ရာဘာစိုက္ပ်ဳိးေရးၿခံမ်ားသို႔ ေလ့လာေရးပို႔ေဆာင္ရန္ စီစဥ္ထား
ဇူလိုင် 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္အတြင္းရိွ ၿမိဳ႕ေပါင္း (၆) ၿမိဳ႕မွ ရာဘာစိုက္ပ်ိဳးထုတ္လုပ္သည့္ လုပ္ငန္းရွင္ (၃၀)ဦးကို စိုက္ပ်ိဳးေရးဦးစီးဌာန အစီအစဥ္ျဖင့္ ရန္ကုန္ၿမိဳ႕ရိွ ရာဘာကုန္ေခ်ာထုတ္လုပ္သည့္ စက္ရံုမ်ားႏွင့္ မြန္ျပည္နယ္အတြင္း ၿမို႕မ်ားရိွ ရာဘာစိုက္ပ်ိဳးေရးၿခံမ်ားသို႔ ေလ့လာေရးခရီးပို႔ေဆာင္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ဒီခရိုင္က လူေတြအားလံုးပါႏိုင္ဖို႔ ကၽြန္ေတာ္ကစာရင္းေကာက္ရမွာေပါ့။ ဒီတနလၤာေန႔(ဇူလိုင္လ (၈) ရက္)မွစာထြက္ၿပီး ေတာင္းရမွာေပါ့။ တစ္ၿမိဳ႕နယ္တည္း မျဖစ္ေအာင္လိုေပါ့။ မိုင္းျဖတ္၊ မိုင္းေယာင္းကလူေတြလည္းပါေအာင္လို႔ေပါ့။ လုပ္ငန္းရွင္ေတြေရာ၊ ေတာင္သူေတြေရာပါေအာင္ အခ်ိဳးက်နဲ႔ ျပန္တြက္ရမွာ။ ရန္ကုန္တာယာစက္ရံုကို (၁) ရက္၀င္မယ္။ အဲဒီကေနမွ မြန္ျပည္နယ္သြားမွာေပါ့။ ေလာေလာဆယ္စာရင္းမေကာက္ရေသးဘူး"ဟု စိုက္ပ်ဳိးေရးဦးစီးဌာနမွ  တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးလွ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္အတြင္းရိွ တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနရံုးတြင္ ရာဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအတြက္ ရာဘာစိုက္ပ်ိဳးထိမ္းသိမ္းျခင္းနွင့္ မိုးရာသီကာလအတြင္း ရာဘာအေစးျခစ္လုပ္ငန္းမ်ားအတြက္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔တြင္ လက္ေတြ႕ကြင္းဆင္းသင္တန္းေပးခဲ့ရာတြင္ တာခ်ီလိတ္ၿမိဳ႕ရိွ ရာဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားက ေတာင္းဆိုခဲ့သျဖင့္ သင္တန္းမ်ားႏွင့္ ေလ့လာေရးခရီးမ်ား စီစဥ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း စိုက္ပ်ိဳးေရးသြင္းအားစုမ်ားႏွင့္ပတ္သက္၍ အရည္အေသြးစစ္ေဆးလိုျခင္း၊ ေျမအရည္အေသြးစစ္ေဆးလိုျခင္းႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းဆိုင္ရာ အခက္အခဲမ်ားေျဖရွင္းရန္ အကူအညီလိုအပ္ျခင္းမ်ားအတြက္ ဖုန္း ၀၈၄-၅၁၄၈၈ ႏွင့္ ၀၉ ၅၂၅၃၁၀၅ အျပင္ တာခ်ီလိတ္ခရိုင္အတြင္းရွိ စိုက္ပ်ဳိးေရးဦးစီးဌာနရံုးမ်ားသို႔ ဆက္သြယ္ႏိုင္ေၾကာင္းလည္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ မြို့ပေါင်း (၆) မြို့မှ ရာဘာစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင် (၃၀)ဦးကို စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ရန်ကုန်မြို့ရှိ ရာဘာကုန်ချောထုတ်လုပ်သည့် စက်ရုံများနှင့် မွန်ပြည်နယ်အတွင်း မြို့များရှိ ရာဘာစိုက်ပျိုးရေးခြံများသို့ လေ့လာရေးခရီးပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"ဒီခရိုင်က လူတွေအားလုံးပါနိုင်ဖို့ ကျွန်တော်ကစာရင်းကောက်ရမှာပေါ့။ ဒီတနင်္လာနေ့(ဇူလိုင်လ (၈) ရက်)မှစာထွက်ပြီး တောင်းရမှာပေါ့။ တစ်မြို့နယ်တည်း မဖြစ်အောင်လိုပေါ့။ မိုင်းဖြတ်၊ မိုင်းယောင်းကလူတွေလည်းပါအောင်လို့ပေါ့။ လုပ်ငန်းရှင်တွေရော၊ တောင်သူတွေရောပါအောင် အချိုးကျနဲ့ ပြန်တွက်ရမှာ။ ရန်ကုန်တာယာစက်ရုံကို (၁) ရက်ဝင်မယ်။ အဲဒီကနေမှ မွန်ပြည်နယ်သွားမှာပေါ့။ လောလောဆယ်စာရင်းမကောက်ရသေးဘူး"ဟု စိုက်ပျိုးရေးဦးစီးဌာနမှတာချီလိတ်ခရိုင်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအတွက် ရာဘာစိုက်ပျိုးထိမ်းသိမ်းခြင်းနှင့် မိုးရာသီကာလအတွင်း ရာဘာအစေးခြစ်လုပ်ငန်းများအတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် လက်တွေ့ကွင်းဆင်းသင်တန်းပေးခဲ့ရာတွင် တာချီလိတ်မြို့ရှိ ရာဘာစိုက်ပျိုးထုတ်လုပ်သူများက တောင်းဆိုခဲ့သဖြင့် သင်တန်းများနှင့် လေ့လာရေးခရီးများ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးရေးသွင်းအားစုများနှင့်ပတ်သက်၍ အရည်အသွေးစစ်ဆေးလိုခြင်း၊ မြေအရည်အသွေးစစ်ဆေးလိုခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အခက်အခဲများဖြေရှင်းရန် အကူအညီလိုအပ်ခြင်းများအတွက် ဖုန်း ဝ၈၄-၅၁၄၈၈ နှင့် ဝ၉ ၅၂၅၃၁၀၅ အပြင် တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net