မိုးရာသီကာလတြင္ ရာဘာထုတ္လုပ္ႏိုင္ရန္အတြက္ ရာဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္းႏွင့္ အေစးျခစ္ထုတ္ျခင္း ႏွင့္ ပတ္သက္၍ တာခ်ီလိတ္၌ အသိပညာေပး

မိုးရာသီကာလတြင္ ရာဘာထုတ္လုပ္ႏိုင္ရန္အတြက္ ရာဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္းႏွင့္ အေစးျခစ္ထုတ္ျခင္း ႏွင့္ ပတ္သက္၍ တာခ်ီလိတ္၌ အသိပညာေပး
ဇူလိုင် 1, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုးရာသီကာလရာဘာထုတ္လုပ္ႏိုင္ေရးအတြက္ ရာဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္းႏွင့္ အေစးျခစ္လုပ္ငန္းမ်ားကို ကြင္းဆင္းပညာေပးမႈအျဖစ္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔တြင္ ျပဳလုပ္သည္။

"ကၽြန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕ ရာဘာ အေစးထြက္ႏႈန္းက အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ယွဥ္ရင္ မ်ားစြာနိမ့္က်ေနတယ္ဆိုတာ ေတာင္သူေတြအသိပဲျဖစ္ပါတယ္။ အေစးထြက္နိမ့္က်ရတဲ့အေၾကာင္းရင္းေတြအမ်ားႀကီးရိွတယ္။ နံပတ္ (၁) က မ်ိဳးေပါ့။ မ်ိဳးေကာင္းမ်ိဳးသန္႔ကို မသံုးဘူးဆိုရင္ အေစးထြက္ႏႈန္းမေကာင္းႏိုင္ဘူး။ နံပတ္ (၂) ကအေစးလွီးတဲ့ စနစ္ေတြမွားေနတဲ့အတြက္ ထြက္ႏိုင္ဘူး။ အေစးလွီးတာမွန္ေအာင္ စနစ္တက် သင္တန္းေပးေနတာေတြရိွတယ္။ မိုးကာစနစ္ကိုသံုးၿပီး အေစးလွီးရင္လည္း အေစးထြက္ႏႈန္းျမင့္တယ္ဆိုတာ လက္ေတြ႕ျပတာေပါ့။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕အေစးထြက္ႏႈန္းက တစ္ဧကကို ေပါင္ (၇၀၀) ႏႈန္းေလာက္ပဲရိွေနေသးတယ္"ဟု စိုက္ပ်ိဳးေရးဦးစီးဌာန(ေနျပည္ေတာ္)မွ ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းေထြးက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္အတြင္းရိွ ေရာ္ဘာစိုက္ေတာင္သူမ်ားအတြက္ ေရာ္ဘာစိုက္ပ်ိဳးထိန္းသိမ္းနည္း၊ မိုးကာျဖင့္အေစးလွီးနည္း သင္တန္းႏွင့္ ကြင္းဆင္းလက္ေတြ႕ သရုပ္ျခင္းကို ေနျပည္ေတာ္မွစိုက္ပ်ိဳးေရးပညာရွင္မ်ားက စာေတြ႕၊ လက္ေတြ႕ ျပသခဲ့ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ ရာဘာအထြက္ႏႈန္းက နည္းေနတယ္။ ႏိုင္ငံတကာနဲ႔ယွဥ္တဲ့ အခါမွာ။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာအမ်ားစုက မိုးရာသီမွာ အေစးမလွီးၾကဘူး။ အိႏၵိယႏိုင္ငံမွာဆိုရင္ မိုးကာနဲ႔အေစးလွီးၾကတာ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ သူတို႔လုပ္ၾကတယ္။ ကၽြန္ေတာ္တို႔ဆီမွာ လုပ္ေနတာမရိွဘူး။ ဒါကိုလာၿပီးပညာေပးတာျဖစ္ပါတယ္။ ၿခံမွာကိုပဲ ကၽြန္ေတာ္တို႔ကိုယ္တိုင္ကိုယ္က် အဖြဲ႕ဖြဲ႕ၿပီးေတာ့ ဒီလိုမ်ိဳးသင္တန္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေအာင္ ဌာနကေနဦးေဆာင္ၿပီးေတာ့ လုပ္သြားေပးဖို႔ရိွပါတယ္"ဟု ႏွစ္ရွည္ပင္မ်ားသုေသသနႏွင့္ နည္းပညာဖြံ႕ၿဖိဳးေရးၿခံ(မုဒံု) ဦးစီးအရာရိွ ဦးစန္းယုၾကည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရာဘာစိုက္ေတာင္သူမ်ားအေနျဖင့္ ရာဘာစိုက္ပ်ိဳးနည္းနွင့္ အေစးျခစ္လုပ္ငန္းမ်ားအတြက္ နည္းပညာလိုအပ္ပါက ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ စာရင္းေပးသြင္းႏိုင္ၿပီး စိတ္ပါ၀င္စားသူ (၃၀) ဦးခန္႔ရိွပါက စိုက္ပ်ိဳးေရးဦးစီးဌာနမွ ပညာရွင္မ်ားျဖင့္ သင္တန္းမ်ားပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - #ဟန္စိုးထိုက္
ဓါတ္ပံု - #ေက်ာ္ဇင္ဟိန္း 


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိုးရာသီကာလတွင် ရာဘာထုတ်လုပ်နိုင်ရန်အတွက် ရာဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် အစေးခြစ်ထုတ်ခြင်း နှင့် ပတ်သက်၍ တာချီလိတ်၌ အသိပညာပေး

************


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း မိုးရာသီကာလရာဘာထုတ်လုပ်နိုင်ရေးအတွက် ရာဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် အစေးခြစ်လုပ်ငန်းများကို ကွင်းဆင်းပညာပေးမှုအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ပြုလုပ်သည်။

"ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရာဘာ အစေးထွက်နှုန်းက အိမ်နီးချင်းနိုင်ငံများနဲ့ယှဉ်ရင် များစွာနိမ့်ကျနေတယ်ဆိုတာ တောင်သူတွေအသိပဲဖြစ်ပါတယ်။ အစေးထွက်နိမ့်ကျရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်။ နံပတ် (၁) က မျိုးပေါ့။ မျိုးကောင်းမျိုးသန့်ကို မသုံးဘူးဆိုရင် အစေးထွက်နှုန်းမကောင်းနိုင်ဘူး။ နံပတ် (၂) ကအစေးလှီးတဲ့ စနစ်တွေမှားနေတဲ့အတွက် ထွက်နိုင်ဘူး။ အစေးလှီးတာမှန်အောင် စနစ်တကျ သင်တန်းပေးနေတာတွေရှိတယ်။ မိုးကာစနစ်ကိုသုံးပြီး အစေးလှီးရင်လည်း အစေးထွက်နှုန်းမြင့်တယ်ဆိုတာ လက်တွေ့ပြတာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့အစေးထွက်နှုန်းက တစ်ဧကကို ပေါင် (၇၀၀) နှုန်းလောက်ပဲရှိနေသေးတယ်"ဟု စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ ရော်ဘာစိုက်တောင်သူများအတွက် ရော်ဘာစိုက်ပျိုးထိန်းသိမ်းနည်း၊ မိုးကာဖြင့်အစေးလှီးနည်း သင်တန်းနှင့် ကွင်းဆင်းလက်တွေ့ သရုပ်ခြင်းကို နေပြည်တော်မှစိုက်ပျိုးရေးပညာရှင်များက စာတွေ့၊ လက်တွေ့ ပြသခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံရဲ့ ရာဘာအထွက်နှုန်းက နည်းနေတယ်။ နိုင်ငံတကာနဲ့ယှဉ်တဲ့ အခါမှာ။ ကျွန်တော်တို့နိုင်ငံမှာအများစုက မိုးရာသီမှာ အစေးမလှီးကြဘူး။ အိန္ဒိယနိုင်ငံမှာဆိုရင် မိုးကာနဲ့အစေးလှီးကြတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့လုပ်ကြတယ်။ ကျွန်တော်တို့ဆီမှာ လုပ်နေတာမရှိဘူး။ ဒါကိုလာပြီးပညာပေးတာဖြစ်ပါတယ်။ ခြံမှာကိုပဲ ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျ အဖွဲ့ဖွဲ့ပြီးတော့ ဒီလိုမျိုးသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဌာနကနေဦးဆောင်ပြီးတော့ လုပ်သွားပေးဖို့ရှိပါတယ်"ဟု နှစ်ရှည်ပင်များသုသေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) ဦးစီးအရာရှိ ဦးစန်းယုကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။ 

ရာဘာစိုက်တောင်သူများအနေဖြင့် ရာဘာစိုက်ပျိုးနည်းနှင့် အစေးခြစ်လုပ်ငန်းများအတွက် နည်းပညာလိုအပ်ပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ စာရင်းပေးသွင်းနိုင်ပြီး စိတ်ပါ၀င်စားသူ (၃၀) ဦးခန့်ရှိပါက စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များဖြင့် သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - #ဟန်စိုးထိုက်
ဓါတ်ပုံ - #ကျော်ဇင်ဟိန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net