က်ဳိင္းတံုၿမိဳ႕တြင္ အသက္(၇)ႏွစ္အရြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္ရန္ ႀကိဳးစားမႈျဖင့္ အသက္(၄၀)ေက်ာ္အမ်ဳိးသားကို ဖမ္းဆီးစစ္ေဆးေန

က်ဳိင္းတံုၿမိဳ႕တြင္ အသက္(၇)ႏွစ္အရြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္ရန္ ႀကိဳးစားမႈျဖင့္ အသက္(၄၀)ေက်ာ္အမ်ဳိးသားကို ဖမ္းဆီးစစ္ေဆးေန
ဇူလိုင် 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အသက္(၇)နွစ္အရြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္ရန္ ႀကိဳးစားသည့္ အသက္ (၄၁)ႏွစ္အရြယ္အမ်ိဳးသားအား ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

ကေလးမိခင္၏ တုိင္တန္းခ်က္အရ က်ိဳင္းတံုၿမိဳ႕၊ ၿမိဳ႕သစ္(၁)ရပ္ကြက္မွ စိုင္းက်န္ဆိုသူအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၈)ရက္ေန႔က (ပ)၇၇၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္(၇)ႏွစ္ႏွင့္ အသက္(၆)ႏွစ္အရြယ္ သမီး(၂)ဦး၊ အသက္(၄)ႏွစ္အရြယ္ သားျဖစ္သူတို႔အား ဇူလုိင္လ (၅)ရက္ေန႔ ေန႔လယ္ပိုင္းက ေနအိမ္တြင္ အဖြားျဖစ္သူႏွင့္အတူ ထားခဲ့ကာ ကေလးမိခင္က ေတာင္ယာအလုပ္သြားေရာက္ လုပ္ေနခဲ့ျခင္းျဖစ္ၿပီး ည (၉)နာရီအခ်ိန္ အဖြားျဖစ္သူ အလည္အပတ္သြားေနစဥ္ စိုင္းက်န္က ေနအိမ္သို႔ ေရာက္လာကာ မိန္းကေလးငယ္အား အဓမၼျပဳက်င့္ရန္ ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးမိခင္ျဖစ္သူက ဇူလိုင္လ (၈)ရက္ေန႔ နံနက္ပိုင္းတြင္ အိမ္ျပန္ေရာက္လာခ်ိန္၌ သမီးျဖစ္သူထံမွ သိရသျဖင့္ အမႈဖြင့္တုိင္ၾကားခဲ့သျဖင့္ ရဲတပ္ဖြဲ႕က လိုအပ္သည့္စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ စိုင္းက်န္အား ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးစားသည့် အသက် (၄၁)နှစ်အရွယ်အမျိုးသားအား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ကလေးမိခင်၏ တိုင်တန်းချက်အရ ကျိုင်းတုံမြို့၊ မြို့သစ်(၁)ရပ်ကွက်မှ စိုင်းကျန်ဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့က (ပ)၇၇၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

အသက်(၇)နှစ်နှင့် အသက်(၆)နှစ်အရွယ် သမီး(၂)ဦး၊ အသက်(၄)နှစ်အရွယ် သားဖြစ်သူတို့အား ဇူလိုင်လ (၅)ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်တွင် အဖွားဖြစ်သူနှင့်အတူ ထားခဲ့ကာ ကလေးမိခင်က တောင်ယာအလုပ်သွားရောက် လုပ်နေခဲ့ခြင်းဖြစ်ပြီး ည (၉)နာရီအချိန် အဖွားဖြစ်သူ အလည်အပတ်သွားနေစဉ် စိုင်းကျန်က နေအိမ်သို့ ရောက်လာကာ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမိခင်ဖြစ်သူက ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် အိမ်ပြန်ရောက်လာချိန်၌ သမီးဖြစ်သူထံမှ သိရသဖြင့် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် စိုင်းကျန်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net