လူငယ္ႏွင့္အားကစား ေခါင္းစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕ရွိ အထက(ေဟာင္လိတ္)တြင္ ျပည္သူ႔စကား၀ိုင္း ျပဳလုပ္

လူငယ္ႏွင့္အားကစား ေခါင္းစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕ရွိ အထက(ေဟာင္လိတ္)တြင္ ျပည္သူ႔စကား၀ိုင္း ျပဳလုပ္
ဇူလိုင် 27, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)တြင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက စီစဥ္သည့္ လူငယ္ႏွင့္အားကစား စကား၀ိုင္းအား ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၂၇)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

လူငယ္ႏွင့္အားကစား ေခါင္းစဥ္ျဖင့္ စကား၀ိုင္းျပဳလုပ္ရာတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ခရိုင္ဦးစီးအရာရွိ ဦးေက်ာ္သူ၀င္း၊ ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္း၊ ခရိုင္အား/ကာမွဴး ဦးေအးမင္းထြဋ္ ႏွင့္ အထက(ေဟာင္လိတ္)ေက်ာင္းအုပ္ဆရာမႀကီး ေဒၚစန္းစန္းေအးတို႔မွ ဦးေဆာင္ေဆြးေႏြးရာ တက္ေရာက္လာသည့္ ေက်ာင္းသား ေက်ာင္းသူမ်ားက ျပန္လည္ေမးျမန္းေဆြးေႏြးေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ျပည္သူ႔စကား၀ိုင္းမ်ားအား ၂၀၁၈ခုႏွစ္ ေမလ(၄)ရက္ေန႔ကစ၍ ခရိုင္အတြင္း ေခါင္းစဥ္အမ်ဳိးမ်ဳိးျဖင့္ က်င္းပျပဳလုပ္ေနလ်က္ရွိၿပီး ပထမဆံုးအႀကိမ္အျဖစ္  တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ လူငယ္ႏွင့္အနာဂတ္ ေခါင္းစဥ္ျဖင့္ စတင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

တာခ်ီလိတ္ခရိုင္အတြင္း၌ ျပည္သူ႔စကား၀ိုင္းမ်ားအျဖစ္ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ လူငယ္ေရးရာ၊ မူးယစ္ေဆး၀ါးအေၾကာင္းအရာမ်ားျဖင့္ စကား၀ိုင္း ျပဳလုပ္ေလ့ရွိၿပီး၊ ေက်းရြာမ်ားတြင္ စိုက္ပ်ဳိးေရး ႏွင့္ လူကုန္ကူးမႈအေၾကာင္းအရာ စကား၀ိုင္းမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပန္/ဆက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်သည့် လူငယ်နှင့်အားကစား စကားဝိုင်းအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် စကားဝိုင်းပြုလုပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးကျော်သူဝင်း၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ခရိုင်အား/ကာမှူး ဦးအေးမင်းထွဋ် နှင့် အထက(ဟောင်လိတ်)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးတို့မှ ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စကားဝိုင်းများအား ၂၀၁၈ခုနှစ် မေလ(၄)ရက်နေ့ကစ၍ ခရိုင်အတွင်း ခေါင်းစဉ်အမျိုးမျိုးဖြင့် ကျင်းပပြုလုပ်နေလျက်ရှိပြီး ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း၌ ပြည်သူ့စကားဝိုင်းများအဖြစ် မြို့ပေါ်ရပ်ကွက်များတွင် လူငယ်ရေးရာ၊ မူးယစ်ဆေးဝါးအကြောင်းအရာများဖြင့် စကားဝိုင်း ပြုလုပ်လေ့ရှိပြီး၊ ကျေးရွာများတွင် စိုက်ပျိုးရေး နှင့် လူကုန်ကူးမှုအကြောင်းအရာ စကားဝိုင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြန်/ဆက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net