ကရင်ပြည်နယ်တွင် အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုး စစ်ဆေးတွေ့ရှိ

ကရင်ပြည်နယ်တွင် အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုး စစ်ဆေးတွေ့ရှိ
ဇူလိုငျ 1, 2019
By Tachileik News Agency



အဆိုပါ ဓါတ်ခွဲခန်းအတည်ပြုချက်အရ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Unicef တို့မှ တာဝန်ရှိသူများ ပါဝင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံ့မြို့၊ ဖာပွန်မြို့နယ် နှင့် ကတိုင်တိတိုက်နယ်ဆေးရုံသို့  ဇွန်လ (၂၄)ရက်နေ့ (၂၆)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ထားကြောင်း သိရသည်။

လတ်တလောတွင် ပြည်နယ်အတွင်း လတ်တလောပျော့ခွေအကြောသေဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းနှင့် ပိုလီကာကွယ်ဆေး အမြန်ဆုံးတုံ့ပြန်တိုက်ကျွေးနိုင်ရေးလုပ်ငန်းများ နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ထားပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရောဂါဖြစ်ပွား စောင့်ကြပ်ကြည့်ရှုရေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဆင်စွယ်ကျေးရွာမှ အသက် (၂) နှစ်အရွယ် ကလေးငယ်တွင် အသွင်ပြောင်းပိုလီယို အကြောသေရောဂါပိုးတွေ့ရှိရသဖြင့် ဖာပွန်မြို့နယ်တွင် အသက် (၁၅) နှစ်အောက်နှင့် ကျန်မြို့နယ်များတွင် အသက် (၅)နှစ်အောက်ကလေးများ၊ စုစုပေါင်း ကလေး (၃)သိန်းခန့်အား ဇူလိုင်လ (၇) ရက်နေ့မှ (၁၁) ရက်နေ့အတွင်း ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသွင်ပြောင်းပိုလီယိုတွေ့ရသည့် ကလေးငယ်မှာ မေလ (၂၃)ရက်နေ့က ဖာပွန်၊ ကတိုင်တိတိုက်နယ်ဆေးရုံသို့ လတ်တလောပျော့ခွေ အကြောသေရောဂါလက္ခဏာဖြင့် လာရောက်ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏ ဝမ်းနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဒေသဆိုင်ရာရည်ညွန်းဓာတ်ခွဲခန်းကြီးဖြစ်သော Specialized Polio Lab တို့သို့ ပေးပို့စစ်ဆေးခဲ့ရာ ဇွန်လ (၂၃)ရက်နေ့က ဓာတ်ခွဲခန်းအဖြေအရ အသွင်ပြောင်းပိုလီယို အကြောသေရောဂါပိုး (Vaccine-derived Poliovirus Type 1) တွေ့ရသည်ဟု အတည်ပြုထားကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းအတည်ပြုချက်အရ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ကမာ္ဘ့ကျန်းမာရေးအဖွဲ့နှင့် Unicef တို့မှ တာဝန်ရှိသူများ ပါဝင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံ့မြို့၊ ဖာပွန်မြို့နယ် နှင့် ကတိုင်တိတိုက်နယ်ဆေးရုံသို့ ဇွန်လ (၂၄)ရက်နေ့ (၂၆)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ထားကြောင်း သိရသည်။

လတ်တလောတွင် ပြည်နယ်အတွင်း လတ်တလောပျော့ခွေအကြောသဖြေစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းနှင့် ပိုလီကာကွယ်ဆေး အမြန်ဆုံးတုံ့ပြန်တိုက်ကျွေးနိုင်ရေးလုပ်ငန်းများ နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ထားပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရောဂါဖြစ်ပွား စောင့်ကြပ်ကြည့်ရှုရေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net