နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈ လုပ္ေဆာင္

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈ လုပ္ေဆာင္
ဇူလိုင် 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ တရားမ၀င္ မူးယစ္ေဆး၀ါး သယ္ေဆာင္သြားလာမႈမရွိေစေရး ႏွင့္ လက္နက္သယ္ေဆာင္သြားလာမႈ မရွိေစေရးအျပင္ တိမ္းေရွာင္တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ ေရွာင္တခင္ စစ္ေဆးမႈအျဖစ္ ၂၀၁၉ခုနွစ္ ဇူလိုင္လ(၁၂)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အပိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေပၚ၊ ပါဆတ္ကားေလးကြင္းအနီး တ၀ိုက္တြင္ ပိတ္ဆို႔စစ္ေဆးမႈ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္  ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ ၿမိဳ႕မစခန္းမွဴးဒုရဲမွဴးသန္းထြန္းေအာင္တို႔ အနီးကပ္ႀကီးၾကပ္ကာ ၿမိဳ႕တြင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာတြင္ တာခ်ီလိတ္တပ္နယ္မွ တာ၀န္ရွိသူမ်ား၊  ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ ဦးစီးသည့္အဖြဲ႔၊  ခရိုင္(မႈ/ႏွိမ္)မွ တပ္ၾကပ္ႀကီးလွျမင့္ ႏွင့္အဖြဲ႔၊  ျပည္နယ္(မႈ/ကူ)မွ ရဲတပ္ၾကပ္ ထြန္း၀င္းေဇာ္ႏွင့္တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား  ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္  အဆိုပါ လမ္းတြင္ ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ေဆာင္ရြက္ခဲ့ၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္တြင္ ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္   ပူးေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ စစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနရာ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း၌ ဖမ္း၀ရမ္းထုတ္ထားသည့္ တရားခံတစ္ဦး အပါအ၀င္ လူငယ္(၃)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိၿပီး ယင္းေန႔ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈတြင္လည္း   အမ်ဳိးသားတစ္ဦးအား လက္နက္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်သွားလာမှုမရှိစေရေး နှင့် လက်နက်သယ်ဆောင်သွားလာမှု မရှိစေရေးအပြင် တိမ်းရှောင်တရားခံများ ဖမ်းဆီးရမိရေးအတွက် ရှောင်တခင် စစ်ဆေးမှုအဖြစ် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်၊ ပါဆတ်ကားလေးကွင်းအနီး တဝိုက်တွင် ပိတ်ဆို့စစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဒုစရိုက်မှုလျော့ပါးရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် မြို့မစခန်းမှူးဒုရဲမှူးသန်းထွန်းအောင်တို့ အနီးကပ်ကြီးကြပ်ကာ မြို့တွင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိရာတွင် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် ဦးစီးသည့်အဖွဲ့၊ ခရိုင်(မှု/နှိမ်)မှ တပ်ကြပ်ကြီးလှမြင့် နှင့်အဖွဲ့၊ ပြည်နယ်(မှု/ကူ)မှ ရဲတပ်ကြပ် ထွန်းဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အဆိုပါ လမ်းတွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်တွင် ဒုစရိုက်မှုလျော့ပါးရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးမှုများကို လုပ်ဆောင်နေရာ ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ ဖမ်းဝရမ်းထုတ်ထားသည့် တရားခံတစ်ဦး အပါအဝင် လူငယ်(၃)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိပြီး ယင်းနေ့ ညပိုင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုတွင်လည်း အမျိုးသားတစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net