တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္မွ လြယ္ေတာ္ခမ္းသြားလမ္းရွိ မယ္ဆိုင္ေခ်ာင္းေဘး က်ဴးေက်ာ္ေနထုိင္သူမ်ားကို အေရးယူမည္

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္မွ လြယ္ေတာ္ခမ္းသြားလမ္းရွိ မယ္ဆိုင္ေခ်ာင္းေဘး က်ဴးေက်ာ္ေနထုိင္သူမ်ားကို အေရးယူမည္
ဇူလိုင် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္မွ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုသို႔ သြားရာလမ္းတစ္ေလွ်ာက္ရွိ မယ္ဆုိင္ေခ်ာင္းေဘးတြင္ က်ဴးေက်ာ္ေနထုိင္သူမ်ားအေနျဖင့္ လက္ရိွတြင္ ဆက္လက္က်ဴးေက်ာ္ျခင္းမျပဳရန္ တားျမစ္ထားၿပီး ဥပေဒအရ ဆက္လက္အေရးယူသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ျမစ္ကမ္းေခ်ာင္းေဘးက်ဴးေနတဲ့သူေတြကို ဥပေဒအရ အေရးယူမွာပါ။ ေခ်ာင္းကလည္း ပ်က္ေနၿပီ။ ဒီေလာက္ တားေနေျပာေနတဲ့ၾကားထဲက အေဆာက္အဦးေတြက ေခ်ာင္းထဲအထိခ်ေဆာက္နဲ႔လုပ္ၾကတာ။ အခုတားထားၿပီးေတာ့ ျမစ္ေခ်ာင္းၿဖိဳးဥပေဒနဲ႔ အေရးယူသြားဖို႔ လုပ္ေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအတြင္းရိွ မယ္ဆိုင္ေခ်ာင္းေဘးတြင္ က်ဴးေက်ာ္ေနထိုင္မႈမ်ားမွာ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၏ ညႊန္ၾကားခ်က္ျဖင့္ ၂၀၁၉ ခုႏွစ္၊  ဇူလုိင္လ (၂၃)ရက္ေန႔က  ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ပထမဆံုးအႀကိမ္အျဖစ္ ကြင္းဆင္းစစ္ေဆး သတိေပးတားျမစ္ခဲ့ျခင္းျဖစ္သည္။

"က်ဴးတဲ့ေနရာမွာ တစ္ခ်ိဳ႕ေတြက ေျမကိုက်ဴးၿပီးေတာ့ ေရာင္းစားေနတာ။ နားမလည္တဲ့ျပည္သူက ဝယ္မိသြားတယ္။ ျပသနာျဖစ္တဲ့အခ်ိန္မွာ တရားဥပေဒအရ ရွင္းတာပဲျဖစ္ျဖစ္ ေရာင္းတဲ့သူက လြတ္ေနတယ္။ ေရာင္းတဲ့သူကို အဓိကထားၿပီးေတာ့ အေရးယူေစခ်င္တာ"ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခ်ာင္းေဘးက်ဴးေက်ာ္ေနထုိင္မႈမ်ားမွာ အုပ္ခ်ဳပ္ေရးအပိုင္းမွ အေရးယူေဆာင္ရြက္မႈ အားနည္းျခင္းေၾကာင့္ ျဖစ္သည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုသည္။

"ေျပာရရင္ေတာ့ အုပ္ခ်ဳပ္ေရးအားနည္းတာေပါ့။ (လြယ္ေတာ္ခမ္း)အုပ္ခ်ဳပ္ေရးမွဴးရံုးဆိုရင္ သူကေနစလုပ္လာတာေလ။ ဂိတ္ေတြကလည္း ေခ်ာင္းထဲကေန စလုပ္လာတာ။ စနစ္တက် မေဆာင္ရြက္ဘဲနဲ႔ အလြယ္တကူ ေဆာင္ရြက္လာတဲ့အတြက္ ေနာက္ကေနၿပီးေတာ့မွ လူထုကလိုက္လုပ္လာတဲ့အေနအထား ျဖစ္လာတာေပါ့။ ေနာက္ ၂၀၁၅ ရဲ႕ေနာက္ပိုင္းမွာ ပိုမ်ားလာတာေပါ့။ ဘာေၾကာင့္မ်ားလာလဲဆိုေတာ့ အုပ္ခ်ဳပ္ေရးရဲ႕အေရးယူေဆာင္ရြက္မႈက အားနည္းလာတယ္။ ရတဲ့ေနရာမွာကုပ္ကပ္ၿပီး လုပ္တဲ့အေလ့အထ ပိုမ်ားလာတာေပါ့။ ဒါေတြကိုအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ႀကီးၾကပ္ၿပီး ေဆာင္ရြက္သင့္တာေပါ့။ ဥပကၡာျပဳထားသလိုျဖစ္တဲ့အတြက္ က်ဴးေတြက ပိုမ်ားလာတာေပါ့"ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

လြယ္ေတာ္ခမ္းေက်းရြာအတြင္းရိွ မယ္ဆုိင္ေခ်ာင္းေဘးတြင္ က်ဴးေက်ာ္ေဆာက္လုပ္မႈမ်ားမွာ ၂၀၁၅ ခုႏွစ္မွစတင္မ်ားျပားလာၿပီး ၂၀၁၉ ခုနွစ္တြင္ အိမ္ေျခ (၄၀) ေက်ာ္အထိ တိုးလာကာ ေခ်ာင္းအတြင္းထိပါ ေျမဖို႔၍ အေဆာက္အဦးမ်ား တိုးခ်ဲ႕ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မယ္ဆိုင္ေခ်ာင္းေဘးတစ္လွ်ာက္ က်ဴးေက်ာ္ေနထုိင္မႈမ်ားအျပင္ တာခ်ီလိတ္-မိုင္းဆတ္သြား ကားလမ္းမႀကီးေဘးရိွ အမွတ္ (၃၁၆) ေျချမန္တပ္ရင္းမွျပန္လည္စြန္႔လြတ္သည့္ ဧက (၆၀၀) ေပၚတြင္လည္း ေနအိမ္မ်ား က်ဴးေက်ာ္ေဆာက္လုပ္ေနသည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု -  ဟန္စိုးထုိက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ သွားရာလမ်းတစ်လျှောက်ရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်သူများအနဖြေင့် လက်ရှိတွင် ဆက်လက်ကျူးကျော်ခြင်းမပြုရန် တားမြစ်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“မြစ်ကမ်းချောင်းဘေးကျူးနေတဲ့သူတွေကို ဥပဒေအရ အရေးယူမှာပါ။ ချောင်းကလည်း ပျက်နပြေီ။ ဒီလောက် တားနေပြောနေတဲ့ကြားထဲက အဆောက်အဦးတွေက ချောင်းထဲအထိချဆောက်နဲ့လုပ်ကြတာ။ အခုတားထားပြီးတော့ မြစ်ချောင်းဖြိုးဥပဒေနဲ့ အရေးယူသွားဖို့ လုပ်နေပါတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၂၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်မှုများမှာ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ ညွှန်ကြားချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ကွင်းဆင်းစစ်ဆေး သတိပေးတားမြစ်ခဲ့ခြင်းဖြစ်သည်။

"ကျူးတဲ့နေရာမှာ တစ်ချို့တွေက မြေကိုကျူးပြီးတော့ ရောင်းစားနေတာ။ နားမလည်တဲ့ပြည်သူက ဝယ်မိသွားတယ်။ ပြသနာဖြစ်တဲ့အချိန်မှာ တရားဥပဒေအရ ရှင်းတာပဲဖြစ်ဖြစ် ရောင်းတဲ့သူက လွတ်နေတယ်။ ရောင်းတဲ့သူကို အဓိကထားပြီးတော့ အရေးယူစေချင်တာ"ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချောင်းဘေးကျူးကျော်နေထိုင်မှုများမှာ အုပ်ချုပ်ရေးအပိုင်းမှ အရေးယူဆောင်ရွက်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

"ပြောရရင်တော့ အုပ်ချုပ်ရေးအားနည်းတာပေါ့။ (လွယ်တော်ခမ်း)အုပ်ချုပ်ရေးမှူးရုံးဆိုရင် သူကနေစလုပ်လာတာလေ။ ဂိတ်တွေကလည်း ချောင်းထဲကနေ စလုပ်လာတာ။ စနစ်တကျ မဆောင်ရွက်ဘဲနဲ့ အလွယ်တကူ ဆောင်ရွက်လာတဲ့အတွက် နောက်ကနပြေီးတော့မှ လူထုကလိုက်လုပ်လာတဲ့အနေအထား ဖြစ်လာတာပေါ့။ နောက် ၂၀၁၅ ရဲ့နောက်ပိုင်းမှာ ပိုများလာတာပေါ့။ ဘာကြောင့်များလာလဲဆိုတော့ အုပ်ချုပ်ရေးရဲ့အရေးယူဆောင်ရွက်မှုက အားနည်းလာတယ်။ ရတဲ့နေရာမှာကုပ်ကပ်ပြီး လုပ်တဲ့အလေ့အထ ပိုများလာတာပေါ့။ ဒါတွေကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်ပြီး ဆောင်ရွက်သင့်တာပေါ့။ ဥပက္ခါပြုထားသလိုဖြစ်တဲ့အတွက် ကျူးတွေက ပိုများလာတာပေါ့"ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

လွယ်တော်ခမ်းကျေးရွာအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်ဆောက်လုပ်မှုများမှာ ၂၀၁၅ ခုနှစ်မှစတင်များပြားလာပြီး ၂၀၁၉ ခုနှစ်တွင် အိမ်ခြေ (၄၀) ကျော်အထိ တိုးလာကာ ချောင်းအတွင်းထိပါ မြေဖို့၍ အဆောက်အဦးများ တိုးချဲ့နကြခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းဘေးတစ်လျှာက် ကျူးကျော်နေထိုင်မှုများအပြင် တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမကြီးဘေးရှိ အမှတ် (၃၁၆) ခြမြေန်တပ်ရင်းမှပြန်လည်စွန့်လွတ်သည့် ဧက (၆၀၀) ပေါ်တွင်လည်း နေအိမ်များ ကျူးကျော်ဆောက်လုပ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net