ပိန္ေဆးေၾကာင့္ ထုိင္းႏုိင္ငံတြင္ ကေလးမိခင္တစ္ဦး ေသဆံုးသြားၿပီးေနာက္ တရားမဝင္ ပိန္ေဆးထုတ္ေနသည့္ အႀကီးဆံုးစက္ရံုကို ဝင္ေရာက္ဖမ္းဆီး

ပိန္ေဆးေၾကာင့္ ထုိင္းႏုိင္ငံတြင္ ကေလးမိခင္တစ္ဦး ေသဆံုးသြားၿပီးေနာက္ တရားမဝင္ ပိန္ေဆးထုတ္ေနသည့္ အႀကီးဆံုးစက္ရံုကို ဝင္ေရာက္ဖမ္းဆီး
ဇူလိုင် 8, 2019
By Tachileik News Agency

ထုိင္းနုိင္ငံတြင္ တရားမဝင္ ပိန္ေဆးထုတ္လုပ္သည့္ အႀကီးဆံုးစက္ရံုအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရမိထားၿပီး အဆိုပါစက္ရံုထုတ္ ပိန္ေဆးေၾကာင့္ အသက္ငါးလသားအရြယ္ကေလး၏ မိခင္တစ္ဦး လြန္ခဲ့သည့္တစ္ပတ္က ေသဆံုးခဲ့ရေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရိွ ႏိုမိုခရိုင္အတြင္း ပိန္ေဆးထုတ္လုပ္သည့္ အႀကီးဆံုးစက္ရံုကို ဝင္ေရာက္စစ္ေဆးရာ တရားမဝင္ထုတ္လုပ္ေနသည့္စက္ရံုျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရၿပီး အဆိုပါလုပ္ငန္းႏွင့္ ဆက္စပ္သူ (၇) ဦးကို ဖမ္းဆီးထားေၾကာင္း သိရသည္။

စက္ရံုပိုင္ရွင္ျဖစ္သူ အသက္ (၅၂)ႏွစ္အရြယ္ အမ်ိဳးသားႏွင့္ ေဆးဝါးတရားမဝင္ထုတ္လုပ္မႈဆုိင္ရာျပစ္မႈေၾကာင့္ ေဆးဝါးပညာရွင္လက္မွတ္မရခဲ့သည့္ ၎၏သမီးျဖစ္သူ၊ အြန္လိုင္းမွ ေရာင္းခ်ေပးသူ (၄)ဦးႏွင့္ အြန္လိုင္းမွေရာင္းခ်မႈအတြက္ ဘဏ္ေငြစာရင္းဖြင့္ထားၿပီး လြန္ခဲ့သည့္ႏွစ္က စုစုေပါင္း ဘတ္ေငြ (၃၄)သန္းလက္ခံထားသူ (၁)ဦးတုိ႔ကို ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္ရံုအား DD Cosmed Co အေနျဖင့္ လုပ္ငန္းေဆာင္ရြက္ေနျခင္းျဖစ္ၿပီး Obe Care အမည္ျဖင့္ ေဖ့စ္ဘုတ္ေပ့ခ်္မွလည္း လူေပါင္း (၅၆၁၉)ဦးကို ပိန္ေဆးမ်ားေရာင္းခ်ထားေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ အသက္ (၃၀)အရြယ္အမ်ိဳးသမီးမွာ အဆိုပါစက္ရံုထုတ္ ပိန္ေဆးမ်ားကို ေသာက္သံုးၿပီး ဇူလုိင္လ (၃)ရက္ေန႔က ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပိန္ေဆးအတုမ်ားေၾကာင့္ ေက်ာက္ကပ္ပ်က္စီး ေသဆံုးႏုိင္သည္အထိ ျဖစ္ပြားႏုိင္သည္ကုိ စစ္ေဆးေတြ႔ရိွထားၿပီး Magic Skin Co. အတြက္ Lyn အဆီက်ပိန္ေဆးကိုပါ ထုတ္လုပ္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရရိွမႈႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Tachileik News Agency
Ref; Bangkok Post
Photo: Thairath


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် တရားမဝင် ပိန်ဆေးထုတ်လုပ်သည့် အကြီးဆုံးစက်ရုံအား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရမိထားပြီး အဆိုပါစက်ရုံထုတ် ပိန်ဆေးကြောင့် အသက်ငါးလသားအရွယ်ကလေး၏ မိခင်တစ်ဦး လွန်ခဲ့သည့်တစ်ပတ်က သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နိုမိုခရိုင်အတွင်း ပိန်ဆေးထုတ်လုပ်သည့် အကြီးဆုံးစက်ရုံကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်ထုတ်လုပ်နေသည့်စက်ရုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အဆိုပါလုပ်ငန်းနှင့် ဆက်စပ်သူ (၇) ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

စက်ရုံပိုင်ရှင်ဖြစ်သူ အသက် (၅၂)နှစ်အရွယ် အမျိုးသားနှင့် ဆေးဝါးတရားမဝင်ထုတ်လုပ်မှုဆိုင်ရာပြစ်မှုကြောင့် ဆေးဝါးပညာရှင်လက်မှတ်မရခဲ့သည့်၎င်း၏သမီးဖြစ်သူ၊ အွန်လိုင်းမှ ရောင်းချပေးသူ (၄)ဦးနှင့် အွန်လိုင်းမှရောင်းချမှုအတွက် ဘဏ်ငွေစာရင်းဖွင့်ထားပြီး လွန်ခဲ့သည့်နှစ်က စုစုပေါင်း ဘတ်ငွေ (၃၄)သန်းလက်ခံထားသူ (၁)ဦးတို့ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံအား DD Cosmed Co အနဖြေင့် လုပ်ငန်းဆောင်ရွက်နခြေင်းဖြစ်ပြီး Obe Care အမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ်မှလည်း လူပေါင်း (၅၆၁၉)ဦးကို ပိန်ဆေးများရောင်းချထားကြောင်း သိရသည်။

သေဆုံးသွားသည့် အသက် (၃၀)အရွယ်အမျိုးသမီးမှာ အဆိုပါစက်ရုံထုတ် ပိန်ဆေးများကို သောက်သုံးပြီး ဇူလိုင်လ (၃)ရက်နေ့က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိန်ဆေးအတုများကြောင့် ကျောက်ကပ်ပျက်စီး သေဆုံးနိုင်သည်အထိ ဖြစ်ပွားနိုင်သည်ကို စစ်ဆေးတွေ့ရှိထားပြီး Magic Skin Co. အတွက် Lyn အဆီကျပိန်ဆေးကိုပါ ထုတ်လုပ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
Ref; Bangkok Post
Photo: Thairath

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net