မိုင္းျဖတ္ၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္တစ္လံုး ဆံုးရႈံး

မိုင္းျဖတ္ၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္တစ္လံုး ဆံုးရႈံး
ဇူလိုင် 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ မိုင္းဟဲေက်းရြာအုပ္စုအတြင္းရွိ ေရွခင္(၁)ေက်းရြာတြင္ မီးေလာင္မႈ ျဖစ္ပြား၍ ေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံးမႈ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၁)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းဟဲေက်းရြာအုပ္စု၊ ေရွခင္(၁)ေက်းရြာေန ဦးက်အူ၏ ေနအိမ္တြင္ အင္ဗာတာျဖင့္ ဘထၳရီအိုး အားသြင္းထားရာမွ အင္ဗာတာ အပူလြန္ကဲကာ မီးေလာင္မႈ ျဖစ္ပြားသည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း ႏွင့္ မီးေလာင္မႈ ျဖစ္ပြားရာသို႔ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ ႏွင့္ တာ၀န္ရွိသူမ်ား အပါအ၀င္ ေက်းရြာတြင္းေနသူမ်ား စုေပါင္း ၿငိႇမ္းသတ္ရာ နံနက္(၁၀း၃၀)၀န္းက်င္တြင္ မီးညႊန္႔က်ဳိးသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ဦးက်အူ ၏ ၀ါးၾကမ္းခင္၊ ၀ါးကပ္ကာ သြပ္မိုးေနအိမ္မွာ မီးေလာင္ဆံုးရႈံးခဲ့ရေသာ္လလည္း လူႏွင့္တိရစာၦန္မ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ အိမ္ရွင္ျဖစ္သူ ဦးက်အူ အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ - ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူ ထားရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မိုင္းျဖတ္ေထြအုပ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ရှေခင်(၁)ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား၍ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ရှေခင်(၁)ကျေးရွာနေ ဦးကျအူ၏ နေအိမ်တွင် အင်ဗာတာဖြင့် ဘထ္ထရီအိုး အားသွင်းထားရာမှ အင်ဗာတာ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း နှင့် မီးလောင်မှု ဖြစ်ပွားရာသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် တာဝန်ရှိသူများ အပါအဝင် ကျေးရွာတွင်းနေသူများ စုပေါင်း ငြှိမ်းသတ်ရာ နံနက်(၁၀း၃၀)ဝန်းကျင်တွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးကျအူ၏ ဝါးကြမ်းခင်၊ ဝါးကပ်ကာ သွပ်မိုးနေအိမ်မှာ မီးလောင်ဆုံးရှုံးခဲ့ရသော်လလည်း လူနှင့်တိရစာ္ဆန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးကျအူ အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net