မိုင်းတုံတွင် ခင်ပွန်းဖြစ်သူကို ခေါင်းဖြတ်သတ်မှုဖြင့် သံသယရှိသူ ဇနီးဖြစ်သူအား ဖမ်းထားပြီး ထွက်ပြေးနေသည့် အတူနေ အမျိုးသားအား ဆက်လက်ရှာဖွေနေ

မိုင်းတုံတွင် ခင်ပွန်းဖြစ်သူကို ခေါင်းဖြတ်သတ်မှုဖြင့် သံသယရှိသူ ဇနီးဖြစ်သူအား ဖမ်းထားပြီး ထွက်ပြေးနေသည့် အတူနေ အမျိုးသားအား ဆက်လက်ရှာဖွေနေ
ဇူလိုငျ 10, 2019
By Tachileik News Agency


နောင်ပါရင်ရပ်ကွက်၊ အိမ်အမှတ်(၆၅)မှ ဦးအိုက်တူးသည် ၎င်း၏နေအိမ်မှ (၁)မိုင်ကျော်ခန့်အကွာရှိ တောင်ယာစိုက်ခင်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့က ပေါင်းမြက်များရှင်းလင်းနေရင်း ခေါင်းဖြတ်သတ်ခံထားရကြောင်း ၎င်း၏ ဇနီးဖြစ်သူက နံနက် (၁၀)နာရီဝန်းကျင်တွင် ပတ်ဝန်းကျင်နေထိုင်သူများသို့ ပြောခဲ့ရာမှ ရဲတပ်ဖွဲ့က သတင်းအရသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဦးအိုက်တူးမှာ ဘေးစောင်းအနေအထားဖြင့် ဦးခေါင်းဖြတ်အသတ်ခံထားရပြီး ဦးခေါင်းကို အခင်းဖြစ်နေရာ၏ တောင်ဘက် ပေ(၂၅၀)ခန့်အကွာ မြက်ရိုင်းပင်များကြားတွင် စစ်စောင်ကြားအစိမ်းရောင်ဖြင့်ထုပ်လျက်တွေ့ရှိခဲ့ရသည့်အပြင် ဦးထုပ်တစ်လုံး၊ သွေးစွန်းနေသောအင်္ကျီတစ်ထည်နှင့် လူသတ်ရာတွင် အသုံးပြုသောအရှည် တစ်ပေခွဲခန့်ရှိ ဓားမတစ်ချောင်းတို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က သံသယရှိသူများအနက် အသက် (၅၂)နှစ်အရွယ် ဒေါ်နာမွေကို လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေပြီး ကျော်ရွှေဘမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် အသက် (၆၂)နှစ်အရွယ် အမျိုးသားတစ်ဦး တောင်ယာစိုက်ခင်း၌ ခေါင်းဖြတ်သတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူနှစ်ဦးအနက် ဇနီးဖြစ်သူကို ဖမ်းဆီးရမိထားပြီး တစ်အိမ်တည်းနေ အမျိုးသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

နောင်ပါရင်ရပ်ကွက်၊ အိမ်အမှတ်(၆၅)မှ ဦးအိုက်တူးသည်၎င်း၏နေအိမ်မှ (၁)မိုင်ကျော်ခန့်အကွာရှိ တောင်ယာစိုက်ခင်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့က ပေါင်းမြက်များရှင်းလင်းနေရင်း ခေါင်းဖြတ်သတ်ခံထားရကြောင်း၎င်း၏ ဇနီးဖြစ်သူက နံနက် (၁၀)နာရီဝန်းကျင်တွင် ပတ်ဝန်းကျင်နေထို်င်သူများသို့ ပြောခဲ့ရာမှ ရဲတပ်ဖွဲ့က သတင်းအရသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအိုက်တူးသည် နံနက်ပိုင်းတွင် ဇနီးဖြစ်သူ ဒေါ်နာမွေနှင့်စကားများကာ တောင်ယာသို့ ထွက်သွားခဲ့ခြင်းဖြစ်ပြီး နံနက် (၁၀) နာရီဝန်းကျင်တွင် ဒေါ်နာမွေက တစ်အိမ်တည်းအတူနေ ကျော်ရွှေဘနှင့်အတူ တောင်ယာသို့ ထမင်းသွားပို့စဉ် ခင်ပွန်းဖြစ်သူ ဦးအိုက်တူးမှာ ဦးခေါင်းပြတ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဒေါ်နာမွေကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဦးအိုက်တူးမှာ ဘေးစောင်းအနေအထားဖြင့် ဦးခေါင်းဖြတ်အသတ်ခံထားရပြီး ဦးခေါင်းကို အခင်းဖြစ်နေရာ၏ တောင်ဘက် ပေ(၂၅၀)ခန့်အကွာ မြက်ရိုင်းပင်များကြားတွင် စစ်စောင်ကြားအစိ်မ်းရောင်ဖြင့်ထုပ်လျက်တွေ့ရှိခဲ့ရသည့်အပြင် ဦးထုပ်တစ်လုံး၊ သွေးစွန်းနေသောအင်္ကျီတစ်ထည်နှင့် လူသတ်ရာတွင် အသုံးပြုသောအရှည် တစ်ပေခွဲခန့်ရှိ ဓားမတစ်ချောင်းတို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက ဒေါ်နာမွေအား စစ်ဆေးမေးမြန်းရန်၎င်း၏နေအိမ်သို့သွားရောက်ရာ နေအိမ်သော့ခတ်ပြီး တိမ်းရှောင်နေသည့် ဒေါ်နာမွေအား အခင်းဖြစ်နေရာအနီးရှိ နေအိမ်တစ်လုံး၏ အိမ်သာထဲတွင် ရွှေဆွဲကြိုး(၃)ကုံး၊ လက်စွပ်(၂)ကွင်း၊ ကျပ်ငွေ(၁၃)သိန်းကျော်၊ ထိုင်းဘတ်ငွေ (၅၉,ဝဝဝ)၊ အဝတ်အစားအိတ်တို့နှင့်အတူ တွေ့ရှိခဲ့ရကြောင်း သိရသည်။

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က သံသယရှိသူများအနက် အသက် (၅၂)နှစ်အရွယ် ဒေါ်နာမွေကို လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနပြေီး ကျော်ရွှေဘမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net