မိုင္းလင္းဆရာေတာ္၏ ေက်ာင္းတိုက္တြင္ မိုးရာသီစုေပါင္း သစ္ပင္စိုက္ပ်ဳိးပြဲအျဖစ္ သစ္ပင္အမ်ဳိးအစား (၁၁)မ်ဳိးပါ၀င္သည့္ အပင္ေပါင္း (၅၅၀)စုေပါင္း စိုက္ပ်ဳိး

မိုင္းလင္းဆရာေတာ္၏ ေက်ာင္းတိုက္တြင္ မိုးရာသီစုေပါင္း သစ္ပင္စိုက္ပ်ဳိးပြဲအျဖစ္ သစ္ပင္အမ်ဳိးအစား (၁၁)မ်ဳိးပါ၀င္သည့္ အပင္ေပါင္း (၅၅၀)စုေပါင္း စိုက္ပ်ဳိး
ဇူလိုင် 6, 2019
By Tachileik News Agency

မိုးရာသီ စုေပါင္းသစ္ပင္စိုက္ပ်ဳိးျခင္းအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕၊ မိုင္းလင္း(အေနာက္)ေက်းရြာအုပ္စုအတြင္းရွိ မိုင္းလင္းဆရာေတာ္၏ ေက်ာင္းတိုက္တြင္ သစ္ပင္အမ်ဳိးအစား (၁၁)မ်ဳိးပါ၀င္သည့္ အပင္ေပါင္း (၅၅၀)ကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၆)ရက္ေန႔ နံနက္က စိုက္ပ်ဳိးေၾကာင္း သိရသည္။

အဆိုပါ သစ္ပင္စိုက္ပ်ဳိးပြဲသို႔ မိုင္းလင္းဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱ ၀ိမလမွ ဦးေဆာင္ေတာ္မူကာ တာေလ သစ္ေတာနယ္မွ တာ၀န္ရွိသူမ်ား ႏွင့္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ ေက်းရြာေန ျပည္သူမ်ား ပါ၀င္ကာ စုေပါင္းစိုက္ပ်ဳိးၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

"လမ္းေတြေပၚလည္း အပါအ၀င္ စုစုေပါင္း အပင္ (၁၀၀၀)အထိ စိုက္ပ်ဳိးသြားမယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္၊ အခုလည္း ရြာသားေတြ တူးၿပီးစိုက္ေနတယ္"ဟု တာေလၿမိဳ႕ ရပ္ကြက္(၃)အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းသန္႔ဇင္လတ္က ေျပာသည္။

မိုင္းဆရာေတာ္ေက်ာင္းတိုက္တြင္ ကြ်န္း အပင္(၃၀၀)၊ ခေရ (၁၅)ပင္၊ ငုေရႊ၀ါ အပင္(၃၀)၊ မေဟာ္ဂနီ အပင္(၄၀)၊ စိန္ပန္းျပာ (၁၅)ပင္၊ ပိေတာက္ အပင္(၆၀)၊ ယင္းမွာ (၄၅)ပင္၊ ပ်ဥ္းကတိုး အပင္(၂၀)၊ တမလန္း (၁၀)ပင္၊ ပုန္းညႇက္ (၇)ပင္ ႏွင့္ မယ္ဇယ္ (၈)ပင္ စုစုေပါင္း အပင္ေပါင္း (၅၅၀)စိုက္ပ်ဳိးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ဦးေဆာင္မႈျဖင့္ ပတ္၀န္းက်င္ထိန္းသိမ္းေရးအေထာက္အကူျပဳ လူထုပူးေပါင္း ပါ၀င္သည့္ သစ္ပင္စိုက္ပြဲအျဖစ္ ယေန႔ ဇူလိုင္လ(၆)ရက္ေန႔တြင္ တာခ်ီလိတ္၊ တာေလ၊ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ ေနရာေပါင္း(၄)ေနရာ၌  အပင္ စုစုေပါင္း (၄၄၅၀)ကို တစ္ၿပိဳင္နက္တည္း စိုက္ပ်ဳိးၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -  Thant Zin Latt ၊ Nyein Thung


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအဖြစ် တာချီလိတ်မြို့နယ်၊ တာလမြေို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုအတွင်းရှိ မိုင်းလင်းဆရာတော်၏ ကျောင်းတိုက်တွင် သစ်ပင်အမျိုးအစား (၁၁)မျိုးပါဝင်သည့် အပင်ပေါင်း (၅၅၀)ကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ နံနက်က စိုက်ပျိုးကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မိုင်းလင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလမှ ဦးဆောင်တော်မူကာ တာလေ သစ်တောနယ်မှ တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျေးရွာနေ ပြည်သူများ ပါဝင်ကာ စုပေါင်းစိုက်ပျိုးကြခြင်း ဖြစ်ကြောင်း သိရသည်။

"လမ်းတွေပေါ်လည်း အပါအဝင် စုစုပေါင်း အပင် (၁၀၀၀)အထိ စိုက်ပျိုးသွားမယ်လို့ ဆရာတော်က မိန့်ပါတယ်၊ အခုလည်း ရွာသားတွေ တူးပြီးစိုက်နေတယ်"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

မိုင်းဆရာတော်ကျောင်းတိုက်တွင် ကျွန်း အပင်(၃၀၀)၊ ခရေ (၁၅)ပင်၊ ငုရွှေဝါ အပင်(၃၀)၊ မဟော်ဂနီ အပင်(၄၀)၊ စိန်ပန်းပြာ (၁၅)ပင်၊ ပိတောက် အပင်(၆၀)၊ ယင်းမှာ (၄၅)ပင်၊ ပျဉ်းကတိုး အပင်(၂၀)၊ တမလန်း (၁၀)ပင်၊ ပုန်းညှက် (၇)ပင် နှင့် မယ်ဇယ် (၈)ပင် စုစုပေါင်း အပင်ပေါင်း (၅၅၀)စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု လူထုပူးပေါင်း ပါဝင်သည့် သစ်ပင်စိုက်ပွဲအဖြစ် ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့တို့တွင် နေရာပေါင်း(၄)နေရာ၌ အပင် စုစုပေါင်း (၄၄၅၀)ကို တစ်ပြိုင်နက်တည်း စိုက်ပျိုးကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Thant Zin Latt၊ Nyein Thung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net