မင္းတုန္းေခ်ာင္းကူး စက္ေလွ တိမ္းေမွာက္ရာ ေက်ာင္းသူ(၄)ဦး ေရနစ္ေပ်ာက္ဆံုးေနရာမွ (၁)ဦး၏ အေလာင္းသာ ရွာေဖြေတြ႔ရွိေသး

မင္းတုန္းေခ်ာင္းကူး စက္ေလွ တိမ္းေမွာက္ရာ ေက်ာင္းသူ(၄)ဦး ေရနစ္ေပ်ာက္ဆံုးေနရာမွ (၁)ဦး၏ အေလာင္းသာ ရွာေဖြေတြ႔ရွိေသး
ဇူလိုင် 13, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မင္းတုန္းျမိဳ႕ႏွင့္ ေပါက္ကိုင္းေက်းရြာသို႔ေျပးဆြဲေနေသာ မင္းတုန္းေခ်ာင္းကူး စက္ေလွ တိမ္းေမွာက္မႈျဖစ္ပြား၍ ေရနစ္ေပ်ာက္ဆံုးေနသည့္ ေက်ာင္းသူ(၄)ဦးအနက္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ(၁၃)ရက္ ေန႔ နံနက္ပိုင္းက (၁)ဦး၏ အေလာင္းကို ရွာေဖြေတြ႔ရိွခဲ့ၿပီး က်န္(၃)ဦးကို ဆက္လက္ရွာေဖြလွ်က္ရိွေၾကာင္း သိရသည္။

“ဒီေန႔မနက္ (၉)နာရီေက်ာ္ေက်ာ္ေလာက္မွာ (၉)တန္းေက်ာင္းသူေလး မဂ်ဴးဂ်ဴးဟန္ရဲ႕ ရုပ္အေလာင္းကို ေတြ႔ရိွခဲ့တာပါ။ မေန႔ကလည္း ျဖစ္ၿပီးကတည္းက ရွာေဖြခဲ့ၾကတယ္။ ဒီေန႔လည္း မနက္(၈)နာရီေလာက္ကစၿပီး ကၽြန္ေတာ္နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရယ္၊ ရဲတပ္ဖဲြ႔ဝင္ေတြရယ္၊ မီးသတ္တပ္ဖဲြ႔ေတြရယ္၊ လူမႈေရး အဖဲြ႔အစည္းေတြရယ္ ပူးေပါင္းရွာေဖြေနၾကတာပါ။ က်န္တဲ့ ကေလး(၃)ေယာက္ကိုလည္း ဆက္လက္ရွာေဖြ ေနၾကတုန္းပါ”ဟု မင္းတုန္းမဲဆႏၵနယ္အမွတ္(၂)၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးလိႈင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇူလိုင္လ(၁၂)ရက္ ေန႔လယ္ပိုင္းက ေက်ာင္းသူေက်ာင္းသား(၁၂)ဦး၊ ခရီးသည္(၆)ဦးႏွင့္ ဆိုင္ကယ္(၁)စီးကို တင္ေဆာင္၍ မင္းတုန္းျမိဳ႕မွ ေပါက္ကိုင္းေက်းရြာသို႔ ထြက္ခြာလာသည့္ မင္းတုန္းေခ်ာင္းကူး စက္ေလွမွာ ရုတ္တရက္တိမ္းေမွာက္၍ စက္ေလွေပၚလိုက္ပါသူ ေက်ာင္းသူ(၄)ဦး ေရနစ္ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မိုးတြင္းကာလဆိုေပမဲ့ ထူးထူးျခားျခားေခ်ာင္းေရက်တဲ့အေျခအေနမ်ိဳးမဟုတ္ဘဲ ပံုမွန္ေရစီးရိွတဲ့အေျခ အေနမွာ တိမ္းေမွာက္ရတာပါ။ စက္ေလွေပၚမွာက ဆိုင္ကယ္ကို ရပ္လွ်က္တင္ထားတယ္။ စက္ေလွေမာင္း ကလည္း ကၽြမ္းက်င္မႈမရိွဘဲ ေရစီးကိုတည့္တည့္ႀကီးျဖတ္သလိုျဖစ္သြားေတာ့ ဆိုင္ကယ္ဝိတ္နဲ႔ ေမွာက္တာ ျဖစ္မယ္လို႔ သံုးသပ္ၾကပါတယ္။ ေခ်ာင္းက ေပ(၁၅၀၀)ေလာက္အက်ယ္ရိွေတာ့ တံတားထိုးေပးႏိုင္တဲ့အ ေျခအေန မရိွေသးပါဘူး။ စက္ေလွယာဥ္ေမာင္း ဇာနည္ေအာင္ကို မင္းတုန္းၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးအေရး ယူထားပါတယ္”ဟု ဦးေအးလိႈင္ဦးက ေျပာသည္။

က်န္ရိွေနသည့္ ေရနစ္ေပ်ာက္ဆံုးေနသူ(၃)ဦးကို တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင္႔အဖဲြ႔၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးႏွင့္ ရဲတပ္ဖဲြ႔ဝင္မ်ား၊ မီးသတ္တပ္ဖဲြ႔ႏွင့္ လူမႈေရးအဖဲြ႔အစည္းမ်ားက ဆက္လက္ရွာေဖြလွ်က္ရိွေၾကာင္း သိရသည္။

သတင္း- ဖီးနစ္ 
ဓာတ္ပံု- ေအးလိႈင္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နှင့် ပေါက်ကိုင်းကျေးရွာသို့ပြေးဆွဲနေသော မင်းတုန်းချောင်းကူး စက်လှေ တိမ်းမှောက်မှုဖြစ်ပွား၍ ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသူ(၄)ဦးအနက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက် နေ့ နံနက်ပိုင်းက (၁)ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်(၃)ဦးကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

“ဒီနေ့မနက် (၉)နာရီကျော်ကျော်လောက်မှာ (၉)တန်းကျောင်းသူလေး မဂျူးဂျူးဟန်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။ မနေ့ကလည်း ဖြစ်ပြီးကတည်းက ရှာဖွေခဲ့ကြတယ်။ ဒီနေ့လည်း မနက်(၈)နာရီလောက်ကစပြီး ကျွန်တော်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ မီးသတ်တပ်ဖွဲ့တွေရယ်၊ လူမှုရေး အဖွဲ့အစည်းတွေရယ် ပူးပေါင်းရှာဖွေနကြေတာပါ။ ကျန်တဲ့ ကလေး(၃)ယောက်ကိုလည်း ဆက်လက်ရှာဖွေ နကြေတုန်းပါ”ဟု မင်းတုန်းမဲဆန္ဒနယ်အမှတ်(၂)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းက ကျောင်းသူကျောင်းသား(၁၂)ဦး၊ ခရီးသည်(၆)ဦးနှင့် ဆိုင်ကယ်(၁)စီးကို တင်ဆောင်၍ မင်းတုန်းမြို့မှ ပေါက်ကိုင်းကျေးရွာသို့ ထွက်ခွာလာသည့် မင်းတုန်းချောင်းကူး စက်လှေမှာ ရုတ်တရက်တိမ်းမှောက်၍ စက်လှေပေါ်လိုက်ပါသူ ကျောင်းသူ(၄)ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးတွင်းကာလဆိုပေမဲ့ ထူးထူးခြားခြားချောင်းရေကျတဲ့အခြေအနေမျိုးမဟုတ်ဘဲ ပုံမှန်ရေစီးရှိတဲ့အခြေ အနေမှာ တိမ်းမှောက်ရတာပါ။ စက်လှေပေါ်မှာက ဆိုင်ကယ်ကို ရပ်လျှက်တင်ထားတယ်။ စက်လှေမောင်း ကလည်း ကျွမ်းကျင်မှုမရှိဘဲ ရေစီးကိုတည့်တည့်ကြီးဖြတ်သလိုဖြစ်သွားတော့ ဆိုင်ကယ်ဝိတ်နဲ့ မှောက်တာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ ချောင်းက ပေ(၁၅၀၀)လောက်အကျယ်ရှိတော့ တံတားထိုးပေးနိုင်တဲ့အ ခြေအနေ မရှိသေးပါဘူး။ စက်လှေယာဉ်မောင်း ဇာနည်အောင်ကို မင်းတုန်းမြို့မရဲစခန်းမှာ ဖမ်းဆီးအရေး ယူထားပါတယ်”ဟု ဦးအေးလှိုင်ဦးက ပြောသည်။

ကျန်ရှိနေသည့် ရေနစ်ပျောက်ဆုံးနေသူ(၃)ဦးကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများက ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

သတင်း- ဖီးနစ်
ဓာတ်ပုံ- အေးလှိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net