Writen by
Tachileik News Agency
11:52:00 AM
-
0
Comments
Tachileik News Agency
Ref: Bangkok Post
မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍများအတွက် လုပ်သားလိုအပ်ချက် မြင့်မားနေရာ မြန်မာလုပ်သား အများစုကို ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးသည့် အရေအတွက်မှာလည်း မြင့်မားလာကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်ချက်များအတွင်း နယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံဘက်သို့ လူကုန်ကူးမှုများကို ဆက်တိုက်ဖမ်းဆီးရမိရာတွင် မြန်မာလုပ်သားများ အများစုဖမ်းမိပြီး ရိုဟင်ဂျာများကိုလည်း ရံဖန်ရံခါဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
လူမှောင်ခို ပို့ဆောင်သူများက မြန်မာလုပ်သားများအား နယ်စပ်မှနေ၍ မလေးရှားသို့ ပို့ဆောင်ပေးခအဖြစ် တစ်ဦးလျှင် ဘတ် (၂၀,ဝဝဝ)နှုန်းဖြင့် တောင်းခံကြပြီး ရိုဟင်ဂျာများကိုမူ တစ်ဦးလျှင် ဘတ် (၆၀,ဝဝဝ)အထိ တောင်းခံလေ့ရှိကြောင်း သိရသည်။
လူမှောင်ခိုပို့ဆောင်သူများ ဖမ်းဆီးရမိထားသည့်အနက် ထိုင်းနိုင်ငံသား အမျိုးသား၊ အမျိုးသမီးများလည်းပါဝင်ပြီး အချို့ပို့ဆောင်ပေးသူများက မြန်မာနယ်စပ်မှနေ၍ မလေးရှားနယ်စပ်သို့ ကားမောင်း၍ ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် (၁,၁၀၀)ခန့်ဖြင့် ပို့ဆောင်ပေးသူများလည်း ပါဝင်ကြောင်း သိရသည်။

No comments
Post a Comment
Note: Only a member of this blog may post a comment.