တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ ေမာတီြေခ်ာင္းကူးတံတား တည္ေဆာက္ေရးအတြက္ တာခ်ီလိတ္ၿမို႕မီးလင္းေရးေကာ္မတီမွ ထိုင္းဘတ္ေငြ (၅) သိန္းလွဴဒါန္း

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ ေမာတီြေခ်ာင္းကူးတံတား တည္ေဆာက္ေရးအတြက္ တာခ်ီလိတ္ၿမို႕မီးလင္းေရးေကာ္မတီမွ ထိုင္းဘတ္ေငြ (၅) သိန္းလွဴဒါန္း
ဇူလိုင် 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုင္းကိုးေက်းရြာအုပ္စု၊ ေမာတြီေခ်ာင္းကူး သံကူကြန္ကရိတံတားတည္ေဆာက္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ထိုင္းဘတ္ေငြ (၅) သိန္းကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၅) ရက္ေန႔တြင္ နဂါးႏွစ္ေကာင္ဆရာေတာ္ဘုးရားႀကီးထံ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

"ေမာတြီေခ်ာင္းေခၚတာေပါ့။ (၃၀) ရက္ (၁၂) လ ၂၀၁၇က တံတားေလးထိုးတယ္။ (၃၀) ရက္ (၃) လ ၂၀၁၈ မွာညဘက္ ထီးတင္တာေပါ့။ ရွမ္းျပည္နယ္မွာဆို ညဘက္ထီးတင္တဲ့ဘုရား (၅) ဆူပဲရိွတယ္။ နံပါတ္ (၅) အဆူေျမာက္ေပါ့။  ညပိုင္း (၁၁) နာရီခြဲေရာက္မွထီးတင္တာေပါ့။ ဘုရားအတြက္ ေ၀ယ်ာ၀စၥပစၥည္းသယ္ဖို႔ အတြက္ေပါ့။ ေတာ္ေတာ္ေ၀းတယ္။ (၅) ဖာလံုေလာက္ေ၀းတယ္။ လူေတြက ထမ္းၿပီးသြားရေတာ့ ကားလမ္းေဖာက္မွ ရမယ္ဆိုၿပီး နဂါးႏွစ္ေကာင္ဆရာေတာ္ႀကီးက မိန္႔လို႔ မီးလင္းေရးက ဘတ္ (၅) သိန္း၊ ကြ်န္ေတာ္က ဘတ္ (၃) သိန္းလွဴလိုက္တာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမာတြီေခ်ာင္းကူးတံတားကို မူလက ၀ါးတံတားအျဖစ္ တည္ေဆာက္ထားေသာ္လည္း လက္ရွိတြင္ ကားျဖတ္ကူးရန္ မျဖစ္သျဖင့္ အရွည္ (၆၆) ေပ၊ အက်ယ္ (၁၃) ေပ (၂) လက္မ၊ အျမင့္ (၁၆) ေပ (၆) လက္မရိွ သံကူကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္တည္ေနေၾကာင္း သိရသည္။

အဆိုပါ တံတားတည္ေဆာက္ရန္္အတြက္ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ ထိုင္းဘတ္ေငြ (၅) သိန္း၊ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က ထိုင္းဘတ္ေငြ (၃) သိန္း၊ စုစုေပါင္း ဘတ္ေငြ (၈) သိန္းလွဴဒါန္းခဲ့ၿပီး  ေဒသခံမ်ားမွ သဲ၊ ေက်ာက္ႏွင့္ ဘိလပ္ေျမမ်ား ထည့္၀င္လွဴဒါန္းကာ တည္ေဆာက္ေနလ်က္ရွိၿပီး မၾကာမီၿပီးစီးေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ 

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - KSL


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီချောင်းကူး သံကူကွန်ကရိတံတားတည်ဆောက်ရန်အတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ထိုင်းဘတ်ငွေ (၅) သိန်းကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် နဂါးနှစ်ကောင်ဆရာတော်ဘုးရားကြီးထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

"မောတွီချောင်းခေါ်တာပေါ့။ (၃၀) ရက် (၁၂) လ ၂၀၁၇က တံတားလေးထိုးတယ်။ (၃၀) ရက် (၃) လ ၂၀၁၈ မှာညဘက် ထီးတင်တာပေါ့။ ရှမ်းပြည်နယ်မှာဆို ညဘက်ထီးတင်တဲ့ဘုရား (၅) ဆူပဲရှိတယ်။ နံပါတ် (၅) အဆူမြောက်ပေါ့။ ညပိုင်း (၁၁) နာရီခွဲရောက်မှထီးတင်တာပေါ့။ ဘုရားအတွက်ေဝယျာဝစ္စပစ္စည်းသယ်ဖို့ အတွက်ပေါ့။ တော်တော်ဝးတယ်။ (၅) ဖာလုံလောကေ်ဝးတယ်။ လူတွေက ထမ်းပြီးသွားရတော့ ကားလမ်းဖောက်မှ ရမယ်ဆိုပြီး နဂါးနှစ်ကောင်ဆရာတော်ကြီးက မိန့်လို့ မီးလင်းရေးက ဘတ် (၅) သိန်း၊ ကျွန်တော်က ဘတ် (၃) သိန်းလှူလိုက်တာပေါ့"ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မောတွီချောင်းကူးတံတားကို မူလက ဝါးတံတားအဖြစ် တည်ဆောက်ထားသော်လည်း လက်ရှိတွင် ကားဖြတ်ကူးရန် မဖြစ်သဖြင့် အရှည် (၆၆) ပေ၊ အကျယ် (၁၃) ပေ (၂) လက်မ၊ အမြင့် (၁၆) ပေ (၆) လက်မရှိ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်တည်နေကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက်ရန်အတွက် တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ထိုင်းဘတ်ငွေ (၅) သိန်း၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က ထိုင်းဘတ်ငွေ (၃) သိန်း၊ စုစုပေါင်း ဘတ်ငွေ (၈) သိန်းလှူဒါန်းခဲ့ပြီး ဒေသခံများမှ သဲ၊ ကျောက်နှင့် ဘိလပ်မြေများ ထည့်ဝင်လှူဒါန်းကာ တည်ဆောက်နေလျက်ရှိပြီး မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KSL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net