မိုင္းဆတ္ခရိုင္အတြင္း ၂၀၂၀ခုႏွစ္ေရြးေကာက္ပဲြအတြက္ ျပည့္စုံမွန္ကန္သည့္မဲစာရင္းျပဳစုႏိုင္ရန္ သင္တန္း ပို႔ခ်

မိုင္းဆတ္ခရိုင္အတြင္း ၂၀၂၀ခုႏွစ္ေရြးေကာက္ပဲြအတြက္ ျပည့္စုံမွန္ကန္သည့္မဲစာရင္းျပဳစုႏိုင္ရန္ သင္တန္း ပို႔ခ်
ဇူလိုင် 8, 2019
By Tachileik News Agency

၂၀၂၀ခုႏွစ္ေရြးေကာက္ပဲြအတြက္ ျပည့္စုံမွန္ကန္သည့္မဲစာရင္း ျပဳစုႏိုင္ေရးအတြက္ လူဦးေရစာရင္းအခ်က္အလက္မ်ား ေကာက္ယူျပဳစုျခင္း၊ အေျခခံမဲဆႏၵရွင္စာရင္းျပဳစုျခင္းဆိုင္ရာဆင့္ပြားသင္တန္းဖြင့္ပဲြအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၈)ရက္ေန႔ နံနက္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးရွိ အစည္းအေ၀းခန္းမ၌ ျပဳလုပ္ေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္တြင္ ရပ္ကြက္(၉)ရပ္ကြက္၊ ေက်းရြာအုပ္စု(၂၆)အုပ္စု၊ လူဦးေရ(၈၆၇၆၃)ဦးရိွေၾကာင္း၊ ၂၀၁၅ခုႏွစ္ေရြးေကာက္ပဲြတြင္ မဲဆႏၵရွင္(၄၀,၆၉၇)ဦးရိွၿပီး မဲ႐ုံ(၅၀)႐ုံျဖင့္ ေရြးေကာက္ပဲြက်င္းပေဆာင္ရြက္ခဲ့ေၾကာင္း၊ ယခုလာမည့္ ၂၀၂၀ခုႏွစ္ ေရြးေကာက္ပဲြတြင္ တိုးတက္လာသည့္ မဲဆႏၵရွင္ဦးေရႏွင့္ ရပ္ကြက္/ေက်းရြာအုပ္စု ျပင္ဆင္ဖဲြ႔စည္းမႈအရ မဲ႐ုံ(၅၃)႐ုံျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ေရြးေကာက္ပဲြတစ္ခုေအာင္ျမင္ေခ်ာေမြ႔စြာ က်င္းပႏိုင္ေရးအတြက္ အေရးႀကီးဆုံး(၂)ခ်က္မွာ မဲဆႏၵရွင္စာရင္းျပဳစုကပ္ထားေၾကညာျခင္းႏွင့္ ေရြးေကာက္ပဲြေန႔တြင္ ဥပေဒႏွင့္အညီ တာ၀န္ထမ္းေဆာင္ႏိုင္ျခင္းတို႔ျဖစ္ေၾကာင္းႏွင့္ မွန္ကန္သည့္လူဦးေရစာရင္းမ်ားကို ႀသဂုတ္လကုန္တြင္အၿပီး ေကာက္ယူေပးၾကရန္ အဆိုပါ သင္တန္းဖြင့္ပြဲတြင္ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က တိုက္တြန္းေျပာၾကားသြားသည္။

ဆက္လက္၍  ခ႐ိုင္ေရြးေကာက္ပဲြေကာ္မရွင္အဖဲြ႔ခဲြ ဥကၠဌ ဦးစိုင္းတူးက ၂၀၂၀ခုႏွစ္ေရြးေကာက္ပဲြအတြက္ ျပည့္စုံ မွန္ကန္သည့္ မဲစာရင္းရရိွေရးအတြက္ သင္တန္းပို႔ခ်ရျခင္းျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံး လုပ္ငန္းစီမံခ်က္ေရးဆဲြ၍ အပိုင္း(၄)ပိုင္း သတ္မွတ္ထားေၾကာင္း၊ (၁) လူဦးေရစာရင္းအခ်က္အလက္မ်ားေကာက္ယူျပဳစုျခင္းႏွင့္စိစစ္ျခင္း၊ (၂) အေျခခံမဲဆႏၵရွင္စာရင္းျပဳစုျခင္း၊ (၃) ေျပာင္းလဲေနေသာလူဦးေရစာရင္းႏွင့္အေျခခံမဲဆႏၵရွင္စာရင္းမ်ားကို လစဥ္ျပဳ စုျခင္း၊ ျပင္ဆင္ျခင္း၊ ထိန္းသိမ္းျခင္း၊ (၄) အေျခခံမဲဆႏၵရွင္စာရင္းကပ္ထားေၾကညာျခင္း စသျဖင့္ အဆင့္ဆင့္ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါ သင္တန္းဖြင့္ပဲြသို႔ မိုင္းဆတ္ခရိုင္အတြင္းရွိ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ေရြးေကာက္ပဲြေကာ္မရွင္အဖဲြ႔ခဲြ၀င္မ်ား၊ ရပ္ကြက္ႏွင့္ေက်းရြာအုပ္စုမ်ားမွ လူဦးေရစာရင္းေကာက္ယူေရးလုပ္ငန္းအဖဲြ႔၀င္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ၂၀၂၀ခုႏွစ္ေရြးေကာက္ပဲြအတြက္ ျပည့္စုံမွန္ကန္သည့္မဲစာရင္း ျပဳစုႏိုင္ေရး ႏွင့္ ပတ္သက္၍  လူဦးေရစာရင္းအခ်က္အလက္မ်ား ေကာက္ယူျပဳစုျခင္း ႏွင့္ အေျခခံမဲဆႏၵရွင္စာရင္းျပဳစုျခင္းလုပ္ငန္းမ်ားကို တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ(၈)ရက္ေန႔က စတင္၍ လုပ္ေဆာင္ေနၿပီး မိုင္းဆတ္ခရို္င္အတြင္း၌လည္း ယင္းသို႔ လုပ္ေဆာင္ရန္အတြက္ ယေန႔ ဇူလိုင္လ(၈)ရက္ေန႔တြင္ သင္တန္းေပးေနျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၂၀ခုနှစ်ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့်မဲစာရင်း ပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာဆင့်ပွားသင်တန်းဖွင့်ပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ နံနက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအေဝးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၆)အုပ်စု၊ လူဦးရေ(၈၆၇၆၃)ဦးရှိကြောင်း၊ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်(၄၀,၆၉၇)ဦးရှိပြီး မဲရုံ(၅၀)ရုံဖြင့် ရွေးကောက်ပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် တိုးတက်လာသည့် မဲဆန္ဒရှင်ဦးရေနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပြင်ဆင်ဖွဲ့စည်းမှုအရ မဲရုံ(၅၃)ရုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ခုအောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် အရေးကြီးဆုံး(၂)ချက်မှာ မဲဆန္ဒရှင်စာရင်းပြုစုကပ်ထားကြေညာခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ခြင်းတို့ဖြစ်ကြောင်းနှင့် မှန်ကန်သည့်လူဦးရေစာရင်းများကို သြဂုတ်လကုန်တွင်အပြီး ကောက်ယူပေးကြရန် အဆိုပါ သင်တန်းဖွင့်ပွဲတွင် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းတူးက ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန်သည့် မဲစာရင်းရရှိရေးအတွက် သင်တန်းပို့ချရခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လုပ်ငန်းစီမံချက်ရေးဆွဲ၍ အပိုင်း(၄)ပိုင်း သတ်မှတ်ထားကြောင်း၊ (၁) လူဦးရေစာရင်းအချက်အလက်များကောက်ယူပြုစုခြင်းနှင့်စိစစ်ခြင်း၊ (၂) အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ (၃) ပြောင်းလဲနေသောလူဦးရေစာရင်းနှင့်အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ်ပြု စုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ (၄) အခြေခံမဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်း စသဖြင့် အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မိုင်းဆတ်ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့်မဲစာရင်း ပြုစုနိုင်ရေး နှင့် ပတ်သက်၍ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း နှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများကို တာချီလိတ်မြို့တွင် ဇူလိုင်လ(၈)ရက်နေ့က စတင်၍ လုပ်ဆောင်နပြေီး မိုင်းဆတ်ခရို်င်အတွင်း၌လည်း ယင်းသို့ လုပ်ဆောင်ရန်အတွက် ယနေ့ ဇူလိုင်လ(၈)ရက်နေ့တွင် သင်တန်းပေးနခြေင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net