တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းစက် (၇) လုံးကို မြို့မီးလင်းရေးကော်မတီက ဇူလိုင် (၁၃) ရက်နေ့တွင်လှူဒါန်းမည်

တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းစက် (၇) လုံးကို မြို့မီးလင်းရေးကော်မတီက ဇူလိုင် (၁၃) ရက်နေ့တွင်လှူဒါန်းမည်
ဇူလိုငျ 11, 2019
By Tachileik News Agency




တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နေပြီး တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ(၁) ရက်နေ့မှာ ဇူလိုင်လ (၇) ရက်နေ့ထိ (၁၃၂) ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းစက် (၇) လုံးကို တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ စနေနေ့တွင် ပြုလုပ်မည့် စုပေါင်းအမှိုက်ကောက်ပွဲ၌ ပေးအပ်ရန်စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲကို တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအတွက် ခြင်ဆေးဖြန်းစက် (၅) လုံး၊ ကြက်ခြေနီတပ်ဖွဲ့သို့ ခြင်ဆေးဖြန်းစက် (၂) လုံးပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

"ခြင်ဆေးဖျန်းစက်တွေက မနက်ဖြန်(ဇူလိုင်လ(၁၂)ရက်) ရောက်မယ်။ စနေမနက် နဂါးနှစ်ကောင်ကျောင်းထဲမှာ စုပေါင်းသန့်ရှင်းရေးလုပ်ရင်းနဲ့ ပေးအပ်ပွဲလုပ်မှာပေါ့။ စနေနေ့မနက်မှာ ဟောပြောပွဲလေးလုပ်ရင်းနဲ့ ပေးအပ်ပွဲလုပ်မှာပေါ့။ ဖုံး၊ သွန်၊ လဲ၊ စစ်လဲ လုပ်၊ သန့်ရှင်းရေးလည်းလုပ်ရင်းပေါ့"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နပြေီး တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နပြေီး အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနဖြေင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှာ ဇူလိုင်လ (၇) ရက်နေ့ထိ (၁၃၂) ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net