လူအစုအၿပံဳလုိက္ေသဆံုးခဲ့ရသည့္ ေျမႏုကၽြန္းအျငင္းပြားမႈႏွင့္ပတ္သက္၍ မေကြးတိုင္းအစိုးရ၏ စံုစမ္းစစ္ေဆးေရးအဖြဲ႕က ၾသဂုတ္လ (၅)ရက္ေန႔တြင္ အစီရင္ခံစာတင္မည္

လူအစုအၿပံဳလုိက္ေသဆံုးခဲ့ရသည့္ ေျမႏုကၽြန္းအျငင္းပြားမႈႏွင့္ပတ္သက္၍ မေကြးတိုင္းအစိုးရ၏ စံုစမ္းစစ္ေဆးေရးအဖြဲ႕က ၾသဂုတ္လ (၅)ရက္ေန႔တြင္ အစီရင္ခံစာတင္မည္
ဇူလိုင် 27, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္အတြင္း ေျမႏုကၽြန္းပိုင္ဆုိင္မႈအျငင္းပြားမႈႏွင့္ပတ္သက္၍ လူအစုအၿပံဳလုိက္ ေသဆံုးမႈျဖစ္စဥ္အား စစ္ေဆးရန္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္၊ အလုပ္သမားေရးရာဝန္ႀကီးဦးေဆာင္သည့္ စံုစမ္းစစ္ေဆးေရးအဖြဲ႕ကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔က ဖြဲ႕စည္းတာဝန္ေပးလုိက္သည္။

လူ (၂၅)ဦးေသဆံုးၿပီး (၁၄)ဦးေပ်ာက္ဆံုးေနသည့္ အခင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အဆိုပါအဖြဲ႕အေနျဖင့္ အေသးစိတ္စံုစမ္းစစ္ေဆးၿပီး ေတြ႔ရိွခ်က္၊ သံုးသပ္ခ်က္၊ အႀကံျပဳခ်က္မ်ားႏွင့္အတူ ၾသဂုတ္လ (၅)ရက္ေန႔တြင္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ျပန္လည္တင္ျပရန္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ညႊန္ၾကားထားသည္။

ေရနံေခ်ာင္းၿမိဳ႕နယ္၊ မာန္ေျပေက်းရြာအုပ္စု၊ ဖရဲကၽြန္းႏွင့္ က်မ္းကိုင္ကၽြန္းေက်းရြာအုပ္စု၊ ကန္သာေက်းရြာတို႔အၾကား ဧရာဝတီျမစ္အတြင္း ေျမႏုကၽြန္း ပိုင္ဆုိင္ခြင့္ႏွင့္ပတ္သက္၍  ဇူလုိင္လ (၂၃)ရက္ေန႔ ညေနပိုင္းက ကန္သာေက်းရြာဘက္သို႔ သြားေရာက္သည့္ ဖရဲကၽြန္းေက်းရြာသားမ်ားႏွင့္ ကန္သာေက်းရြာသားတို႔ၾကား ရုန္းရင္းဆန္ခတ္ျဖစ္ပြားကာ ဖရဲကၽြန္းဘက္သို႔ျပန္ရန္ႀကိဳးစားသည့္ လူေပါင္း (၄၀)လိုက္ပါလာသည့္ စက္ေလွနစ္ျမုပ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တုိင္းေဒသႀကီးအစိုးရအဖြဲ႕က ဖြဲ႕စည္းတာဝန္ေပးအပ္လုိက္သည့္ စံုစမ္းစစ္ေဆးေရးအဖြဲ႕တြင္ အဖြဲ႕ေခါင္းေဆာင္အျဖစ္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ အလုပ္သမားေရးရာဝန္ႀကီး ဦးျမင့္ေဆြ၊ အဖြဲ႕ဝင္မ်ားအျဖစ္ တုိင္းစီမံကိန္းေရးဆြဲေရးဦးစီးဌာန တုိင္းဦးစီးမွဴး ဦးေအးကို၊ တုိင္းေဒသႀကီး မီးသတ္ဦးစီးဌာန တုိင္းဦးစီးမွဴး ဦးေအာင္ဝင္းစိန္၊ ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာန တုိင္းဦးစီးမွဴး ဦးျမင့္စိုး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန တုိင္းဦးစီးမွဴး ဦးဝင္းကိုကိုႏွင့္ အလုပ္ရံုႏွင့္အလုပ္သမား ဥပေဒစစ္ေဆးေရးဦးစီးဌာန တိုင္းဦးစီးမွဴး ဦးစန္းျမင့္တို႔ ပါဝင္ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း မြေနုကျွန်းပိုင်ဆိုင်မှုအငြင်းပွားမှုနှင့်ပတ်သက်၍ လူအစုအပြုံလိုက် သေဆုံးမှုဖြစ်စဉ်အား စစ်ဆေးရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ အလုပ်သမားရေးရာဝန်ကြီးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့က ဖွဲ့စည်းတာဝန်ပေးလိုက်သည်။

လူ (၂၅)ဦးသေဆုံးပြီး (၁၄)ဦးပျောက်ဆုံးနေသည့် အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါအဖွဲ့အနဖြေင့် အသေးစိတ်စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ သြဂုတ်လ (၅)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်တင်ပြရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ညွှန်ကြားထားသည်။

ရေနံချောင်းမြို့နယ်၊ မာန်ပြေကျေးရွာအုပ်စု၊ ဖရဲကျွန်းနှင့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကန်သာကျေးရွာတို့အကြား ဧရာဝတီမြစ်အတွင်း မြေနုကျွန်း ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ဇူလိုင်လ (၂၃)ရက်နေ့ ညနေပိုင်းက ကန်သာကျေးရွာဘက်သို့ သွားရောက်သည့် ဖရဲကျွန်းကျေးရွာသားများနှင့် ကန်သာကျေးရွာသားတို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ဖရဲကျွန်းဘက်သို့ပြန်ရန်ကြိုးစားသည့် လူပေါင်း (၄၀)လိုက်ပါလာသည့် စက်လှေနစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ အဖွဲ့ဝင်များအဖြစ် တိုင်းစီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးအေးကို၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကိုကိုနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစန်းမြင့်တို့ ပါဝင်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net