မိုင်းဆတ်မြို့ ကုန်းကုလားကျေးရွာနှင့် ဝိန်းဝိုင်ကျေးရွာများ၌ ပြည်သူ့စကားဝိုင်းများ ကျင်းပ

မိုင်းဆတ်မြို့ ကုန်းကုလားကျေးရွာနှင့် ဝိန်းဝိုင်ကျေးရွာများ၌ ပြည်သူ့စကားဝိုင်းများ ကျင်းပ
ဇူလိုငျ 29, 2019
By Tachileik News Agency




စကားဝိုင်းများတွင် တက်ရောက်လာသူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က လွှတ်တော်၏ အခန်းကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးမှူး ဒေါက်တာစောထက်ဝင်းက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး၊ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် အာဖရိက၀က်အပြင်းဖျားရောဂါကာကွယ်ကုသရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမောင်မောင်သွင်က ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် စိမ့်စမ်းရေသွယ်ယူရေး၊ ဆိုလာမီးလင်းရေး၊ ကျေးရွာကုန်ထုတ်လမ်းများဖောက်လုပ်နေမှုများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးမောင်သိန်းက လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်းဆိုင်ရာဥပဒေများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက ပြောင်းလဲနေသောပညာရေး စနစ်သစ်နှင့်ကလေးပညာရေးအတွက် မိဘဆရာပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဖြားရယ်က လမ်း၊ တံတား၊ ရေ၊ မီးနှင့်စာသင်ကျောင်းများတည်ဆောက်နေမှုနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်ထားမှု၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသန့်ဇင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ရှင်းလင်းဆွေးနွေးကြသည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပနေသည့် ပြည်သူ့စကားဝိုင်း အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ ဝိန်းဝိုင်ကျေးရွာနှင့် ကုန်းကုလားကျေးရွာတို့တွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး"ပြည်သူ့စကားဝိုင်းများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့က ကျင်းပသည်။

စကားဝိုင်းများကို ကုန်းကုလားကျေးရွာတွင် နံနက် (၁၀)နာရီက ကျင်းပခဲ့ပြီး ဝိန်းဝိုင်ကျေးရွာတွင် နေ့လယ် (၂)နာရီက ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စကားဝိုင်းများတွင် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ပြည်သူ့စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

စကားဝိုင်းများတွင် တက်ရောက်လာသူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က လွှတ်တော်၏ အခန်းကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးမှူး ဒေါက်တာစောထက်ဝင်းက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး၊ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ကုသရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမောင်မောင်သွင်က ကျေးလက်နပြေည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် စိမ့်စမ်းရေသွယ်ယူရေး၊ ဆိုလာမီးလင်းရေး၊ ကျေးရွာကုန်ထုတ်လမ်းများဖောက်လုပ်နေမှုများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးမောင်သိန်းက လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်းဆိုင်ရာဥပဒေများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက ပြောင်းလဲနေသောပညာရေး စနစ်သစ်နှင့်ကလေးပညာရေးအတွက် မိဘဆရာပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဖြားရယ်က လမ်း၊ တံတား၊ ရေ၊ မီးနှင့်စာသင်ကျောင်းများတည်ဆောက်နေမှုနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်ထားမှု၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသန့်ဇင်က ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

စကားဝိုင်းသို့ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးရာတွင် ဝိန်းဝိုင်ကျေးရွာမှ ဦးစိန်မက ဆိုလာမီးမှာ ယူထားရှိအခြေအနေ၊ ဦးကျမူးက မယ်ဆတ်သွားလမ်းအား ကွန်ကရစ်သို့မဟုတ် ကတ္တရာခင်းပေးနိုင်ရေး၊ ဦးကျဘိုက ကျတီသွားလမ်းရှိ တံတားတည်ဆောက်ပေးနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net